နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမ်းမရိတ်စ်မှာ အကြိတ်အနယ် ကစားရဦးမယ့် အာဆင်နယ်နဲ့ ဘရိုက်တန် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အာဆင်နယ် – ဘရိုက်တန်

ပရီးမီးယားလိဂ် ပွဲစဉ် (၃)ရဲ့ အစောဆုံး ပွဲစဉ် တစ်ပွဲ အဖြစ် အာဆင်နယ်နဲ့ ဘရိုက်တန်တို့ မြန်မာစံတော်ချိန် ညနေ ၆ နာရီ အမ်းမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ အဖွင့် ၂ ပွဲဆက် နိုင်ပွဲ ကိုယ်စီ ရရှိထားကြတဲ့ နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်တာနဲ့ အညီ အကြိတ်အနယ် ရှိပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ အဖြစ် မြင်တွေ့ရဖို့ ရှိနေပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ဝုဗ်ကို အိမ်ကွင်းမှာ ၂-၀ ရလဒ်နဲ့ အနိုင်ရထားခဲ့ပြီးတော့ ပွဲစဉ် ၂ မှာလည်း အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၀-၂ ရလဒ်နဲ့ပဲ အနိုင်ရထားခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရှိနေတဲ့ အာဆင်နယ်က တိုက်စစ်ပိုင်း အားနည်းချက် အနည်းငယ် ရှိနေသေးပေမယ့် လိုအပ်နေတဲ့ ဂိုးတွေ ကိုတော့ ရှာဖွေနိုင်ဆဲ ဖြစ်သလို ခံစစ် ကလည်း ပေးဂိုး မရှိအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ဒီနွေရာသီမှာ အာဆင်နယ်က ကာလာဖီအိုရီနဲ့ အခုနောက်ဆုံး မီခဲလ် မာရင်နို တို့ကို ခေါ်ယူ အားဖြည့်ထားပေမယ့် အာတေးတား အနေနဲ့ ချက်ချင်း ပွဲထုတ် အသုံးပြုခြင်း မရှိသေးပဲ ပရီးမီးယားလိဂ်နဲ့ အသားကျစေဖို့ အရန် အဖြစ်နဲ့ပဲ အသုံးပြုနေတာ တွေ့ရပါတယ်။ အာဆင်နယ်ဟာ ဘောလုံးကို စနစ်တကျ စည်းကမ်းနဲ့ ကစားတတ်လာပြီး တစ်နှစ်ထက် တစ်နှစ် ပိုတည်ငြိမ်တဲ့ ခြေစွမ်းမျိုးနဲ့ မြင်တွေ့လာရပါတယ်။

ဘရိုက်တန် ကလည်း ဒီရာသီ ပရီးမီးယားလိဂ်မှာ ထူးထူးခြားခြား ခြေစွမ်းပြနေပြီးတော့ ၂ ပွဲကစားပြီး ၂ ပွဲနိုင်ထားပါတယ်။ အဖွင့်ပွဲမှာ အဲဗာတန်ကို ဂူဒီဆင့်ပါ့ခ်မှာ ၃ ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီးတော့ ပွဲစဉ် ၂ မှာတော့ ယူနိုက်တက်ကို နောက်ကျ အသဲခွဲဂိုးနဲ့ အနိုင်ရခဲ့ကာ လက်ရှိ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ ဘရိုက်တန်ဟာ ရော်ဘတ်တို ဒီဇာဘီနဲ့ လမ်းခွဲပြီးနောက် အသက် ၃၀ ကျော် အရွယ်သာ ရှိသေးတဲ့ လူငယ် နည်းပြ ဖေဘီယန် ဟာဇီလာ လက်အောက်မှာလည်း တည်ငြိမ်တဲ့ ခြေစွမ်းမျိုးနဲ့ မြင်တွေ့နေရဆဲပါ။ ပြိုင်ဘက်တိုင်း အတွက် ခက်ခဲတဲ့ အသင်းပုံစံမျိုး ရှိနေပြီး အာဆင်နယ်တို့ ပေါ့ဆလို့ မရပါဘူး။ ဘရိုက်တန်ဟာ ကြားရက်မှာ ကစားခဲ့တဲ့ ခရာဘောင်ဖလား ဒုတိယအဆင့် ပွဲစဉ် မှာလည်း ခရော်လီကို ၄-၀ ရလဒ်နဲ့ အနိုင်ရထားပါသေးတယ်။

 

နှစ်ဖက်အသင်း သတင်းများ

ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် တွေ့ဆုံမှု ၂ ကြိမ်စလုံး အာဆင်နယ်တို့ ဘရိုက်တန်ကို ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် နိုင်ထားတဲ့ ဘရိုက်တန်

အခုပွဲကိုတော့ အာဆင်နယ် ဘက်က ဂျေဇုစ်၊ တီယာနေးနဲ့ တိုမီယာဆု တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။ ဘရိုက်တန် ဘက်မှာတော့ ဂရူဒါ၊ ဝိုင်ယာ၊ အိုရိုင်လီ၊ မက်ချ်တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

အာဆင်နယ် – ရာယာ၊ ဂါဘရီရယ်၊ ဆလီဘာ၊ တင်ဘာ၊ ဝှိုက်၊ ပါတေး၊ ရိုက်စ်၊ အိုဒီဂတ်၊ ထရော့ဆက်ဒ်၊ ဆာကာ၊ ဟာဗက်ဇ်

ဘရိုက်တန် – စတီးလ်၊ ဗန်ဟက်ကီ၊ ဒန့်ခ်၊ ဟင်ရှဲလ်ဝုဒ်၊ ဗဲလ်မန်း၊ မီလ်နာ၊ ဂီးလ်မော၊ ပက်ဒရို၊ မီတိုမာ၊ မင်တာ့ရ်၊ ဝဲလ်ဘက်ခ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၁၇ ကြိမ် တွေ့ဆုံထားရာမှာ အာဆင်နယ်က ၈ ကြိမ်နိုင်၊ ဘရိုက်တန်က ၆ ကြိမ် နိုင်ပြီး ၃ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် တွေ့ဆုံမှု ၂ ကြိမ်စလုံး အာဆင်နယ်တို့ ဘရိုက်တန်ကို ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။ အမ်းမရိတ်စ် ကွင်း နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ် မှာတော့ အာဆင်နယ်က ၁ ပွဲသာ အနိုင်ရခဲ့ပြီး ဘရိုက်တန် ကတော့ ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ အာဆင်နယ် နိုင်ရင် ၁.၃၃ ဆ နီးပါး ရမှာ ဖြစ်ပြီး ဘရိုက်တန် နိုင်ရင်တော့ ၇.၁၀ ဆ နဲ့ သရေ ဆိုရင်တာ့ ၄.၇၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း အာဆင်နယ်က တစ်လုံး တစ်ဝက် ရှုံး၊ တစ်လုံး အရှုံး၊ နှစ်လုံး တစ်ဝက်စား ကြေးတွေ ဖွင့်ပေးထားပါတယ်။ ဂိုးပေါင်း ကတော့ အနိမ့်ဆုံး ၃ လုံး သွင်းမှ ပျော်ရွှင်ရမှာပါ။ လက်ရှိမှာ ခြေစွမ်းပိုင်း ထက်မြတ်နေတဲ့ နှစ်သင်း ကစားမယ့် ပွဲဖြစ်လို့ အနည်းငယ်တော့ မှန်းဆရခက်ပါ။ ဘရိုက်တန်က လုပ်ပြနေတယ် ဆိုပေမယ့် အာဆင်နယ်ကို နည်းစနစ်ပိုင်းအရတော့ ယှဉ်ဖို့ မလွယ်ပါဘူး။ အာဆင်နယ် အိမ်ကွင်းမှာ နိုင်ပွဲ ယူပါလိမ့်မယ်။

ခန့်မှန်းရလဒ်

အာဆင်နယ် ၂-၀ ဘရိုက်တန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်