ဒီတစ်ခါ မှာတော့ ဇွန်လ ၂၆ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ပြောင်မြောက်တဲ့ အပြောင်းအရွှေ့ပါလို့ ဆိုလိုက်တဲ့ တိုနာလီရဲ့ အေးဂျင့်
နယူးကာဆယ် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အတွက် အလုံးစုံ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တဲ့ အေစီမီလန် ကွင်းလယ်လူ တိုနာလီရဲ့ အေးဂျင့် ဖြစ်သူ ဂူဆက်ပီရီဆိုက ဒီအပြောင်းအရွှေ့ဟာ ထူးခြားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆန်ဒရို တိုနာလီကို ပရီးမီးယားလိဂ် ကလပ်က ယူရိုသန်း ၇၀ နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ရီဆိုက “ ဒါက ထူးခြားပြောင်မြောက်တဲ့ အရာ တစ်ခုပါ၊ နယူးကာဆယ်က တိုနာလီ အတွက် ပြီးပြည့်စုံတဲ့ ပရော့ဂျက် ရှိပါတယ်၊ သူ့ကို အဓိက ခေါ်ယူမှု အဖြစ်နဲ့လည်း သတ်မှတ်ခဲ့တပါ၊ သူက ဒီအသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်လာတော့မှာပါ”
“ ပြီးတော့ ဒီစာချုပ်က အေစီမီလန် အတွက်ရော၊ ဘရက်စီယာ အတွက်ပါ ဘဏ္ဍာရေးအရ အများကြီး အကျိုးရှိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ တိုနာလီက အီတလီရဲ့ အနာဂတ် ကွင်းလယ် ကြယ်ပွင့်လို့ သတ်မှတ်ခံထားရကာ ပီယာလို လက်သစ်လို့လည်း ချီးကျူးခံထားရပါတယ်။




မောင့် အတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ထပ်ငြင်းတဲ့ ချဲလ်ဆီး
မေဆန်မောင့် အတွက် မန်ချက်စတာယူနိုက်တက်က ၃ ကြိမ် မြောက် ကမ်းလှမ်းခဲ့မှုကို ချဲလ်ဆီးက ထပ်မံ ငြင်းဆန်လိုက်ပါတယ်။ ကစားသမား အတွက် ချဲလ်ဆီးက လိုချင်တဲ့ ပြောင်းရွှေ့ကြေးမျိုးကို မပေးတာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။
ချဲလ်ဆီးက ပြောင်းရွှေ့ကြေး ပေါင် ၅၈ သန်း နဲ့ အပိုဆုကြေး ပေါင် ၇ သန်းအထိ အလိုရှိနေခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက်က အများဆုံးမှ ပေါင်သန်း ၅၀ သာ ပေးချေမယ်လို့ ဆုံးဖြတ်ထားတာဖြစ်လို့ ညှိနှိုင်းရခက်နေတာလည်း ဖြစ်ပါတယ်။

ကစားသမား ကတော့ အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုချင်ပဲ ပရီးမီးယားလိဂ် ပြိုင်ဘက်ဆီ ပြောင်းရွှေ့ဖို့က ဦးစားပေး ဖြစ်နေပါတယ်။ ဒါကြောင့် ယူနိုက်တက်က ထပ်မံ ကမ်းလှမ်းမလား ဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ကာ ယူနိုက်တက် ပရိသတ်တွေ ကတော့ ဒေါသထွက်နေပြီ ဖြစ်ပါတယ်။
ကလွိုင်ဗတ်ကို ခေါ်ယူနိုင်ခဲ့တဲ့ ဘုန်းမောက်
ပရီးမီးယားလိဂ် ကလပ် ဘုန်းမောက်ဟာ ရိုးမား တိုက်စစ်မှူး ဂျက်စတင် ကလွိုင်ဗတ်ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဟော်လန် တိုက်စစ်မှူးဟာ ဗလင်စီယာမှာ အငှားနဲ့ သွားရောက် ကစားနေခဲ့ရပြီး အခုတော့ ဘုန်းမောက်ကို အပြီးသတ် ပြောင်းရွှေ့ခဲ့တာပါ။
သူ့အတွက် ပြောင်းရွှေ့ကြေး အဖြစ် ပေါင် ၉.၅ သန်း ပေးချေရပြီး အပိုဆုကြေးက ပေါင် ၈ သိန်းခွဲ ရှိကာ ၅ နှစ် စာချုပ်ချုပ်ဆိုမှာပါ။ နာမည်ကျော် တိုက်စစ်မှူးဟောင်းကြီး ပက်ထရစ် ကလွိုင်ဗတ်ရဲ့ သား ဖြစ်ပြီး အလားအလာရှိသူ အဖြစ် ဂျက်စတင်ကို သတ်မှတ်ထားခဲ့ကြဖူးပါတယ်။
ဒါပေမယ့် ရိုးမားကို ရောက်ရှိပြီးနောက် ပုံမှန်ကစားခွင့် မရခဲ့ဘဲ အငှားထွက် ကစားနေခဲ့ရကာ သူ့ရဲ့ ခြေစွမ်းလည်း ကျဆင်းခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရာသီက ဗလင်စီယာ အတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး ဘုန်းမောက်က မျက်စိကျကာ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.