နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူသွားဖို့ ရှိနေတဲ့ တော့ဒ် ဘိုလေရဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး အသင်း ကတော့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ဆက်လက် ခေါ်ယူသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ချဲလ်ဆီးရဲ့ လူစာရင်းမှာ အရံ ကစားသမားတွေ အပါအဝင် စုစုပေါင်း အယောက် ၅၀ နီးပါး ရှိနေပေမယ့် တော့ဒ် ဘိုလေ ကတော့ သူ့ရဲ့ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ ချဲလ်ဆီးဟာ ဗီလာရီးရဲလ် အသင်းရဲ့ ဒိန်းမတ် ဂိုးသမား ဖီးလစ် ဂျော်ဂျန်ဆန်ကို ပြောင်းရွှေ့ကြေး ယူရို ၂၄.၅ သန်းနဲ့ တရားဝင် ခေါ်ယူလိုက်ပြီလို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ ဒီဂိုးသမားကို ၆ နှစ် သက်တမ်းရှိတဲ့ ကာလရှည် စာချုပ် ချုပ်ဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးရဲ့ ဂိုးသမား စာရင်းမှာ ကစားသမား ၇ ဦး အထိ ရှိလာခဲ့ပြီး အဓိက ဂိုးသမားတွေ အနေနဲ့ ကတော့ ကီပါ အရစ်ဇာဘလာဂါ၊ ရောဘတ် ဆန်းချက်ဇ်နဲ့ ပီထရိုဗစ် တို့ ရှိနေပြီး ဖြစ်ပါတယ်။
ဂျော်ဂျန်ဆန်ဟာ အမေရိကန်မှာပဲ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ချဲလ်ဆီး အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနေပြီး လာမယ့် ခြေစမ်းပွဲတွေ မှာတောင် ပါဝင်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီးက ကစားသမား အဝင် အဖြစ် တိုဆင် အဒါရာဘိုင်အိုယို၊ အက်စတီဗို၊ ကယ်လီမန်း၊ မာ့ခ် ဂူအီ၊ ဗိုင်ဂါ၊ ဝိုင်လီ၊ ဂျော်ဂျန်ဆန် တို့ ရှိနေပြီး အထွက် စာရင်းမှာတော့ သီယာဂို ဆေးလ်ဗား၊ လိုဝီ၊ ဇီယက်ချ်၊ မတ်ဆန်၊ ကမ်းမင်း၊ လီဝစ် ဟောလ်၊ ဝီလီယမ်စ်၊ မာလန်းဂ် ဆားတို့ ရှိနေပါတယ်။

ချဲလ်ဆီး အနေနဲ့ ပရီးမီးယားလိဂ် ရာသီ အဖွင့် ပွဲစဉ် အဖြစ်တော့ လက်ရှိ ချန်ပီယံ မန်စီးတီးကို စတန်းဖို့ဒ်ဘရစ်ချ် မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူပေးဦးမယ့် တော့ဒ် ဘိုလေ

ပြီးခဲ့တဲ့ရာသီက လက်စတာစီးတီး အသင်းနဲ့ အတူ ချန်ပီယံရှစ် ချန်ပီယံ ဖြစ်ခဲ့တဲ့ လက်ရှိ ချဲလ်ဆီး နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက်မှာ ချဲလ်ဆီးက ကစားသမား ၇ ဦး အထိ ခေါ်ယူထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ထိပ်သီး ကလပ်က နောက်ထပ် ကစားသမားတွေ ထပ်မံ ခေါ်ယူဖို့ ရှိနေသေးကြောင်း သတင်းတွေ ထွက်နေတာပါ။

ဒါ့အပြင် ချဲလ်ဆီးက ဘိုကာဂျူနီယာ နောက်ခံလူ အာရွန် အန်ဆဲလ်မီနို ကို မကြာခင်မှာ ထပ်မံ ခေါ်ယူသွားဦးမှာ ဖြစ်ပြီး လန်ဒန်မှာ ဆေးစစ်မှု ခံယူပြီးရင်တော့ တရားဝင် ကြေညာသွားတော့မှာ ဖြစ်ပါတယ်။ ဒီကစားသမားလေး အတွက် ကိုတော့ ချဲလ်ဆီးက ပေါင် ၁၅.၆ သန်းခန့် ကုန်ကျမှာ ဖြစ်ပြီး ချက်ချင်းပဲ ဘိုကာဂျူနီယာ ကို အငှား ပြန်ချသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ချဲလ်ဆီးက ရာသီကြို ခြေစမ်းပွဲတွေ ကစားနေပြီး နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက်မှာ ၂ ပွဲ ကစားပြီး တစ်ပွဲ သရေ၊ တစ်ပွဲ ရှုံးကာ နိုင်ပွဲလုံးဝ မရသေးပါဘူး။ ချဲလ်ဆီးဟာ ပထမပွဲမှာ လိဂ်ဝမ်း တန်းတက်ကလပ် Deadpool မင်းသား ရိုင်ယန် ရေးနိုးလ်ရဲ့ အသင်း ရက်စ်ဟမ်းနဲ့ နှစ်ဂိုးစီ သရေကျခဲ့ပြီး ဒုတိယပွဲမှာတော့ စကော့တလန် ထိပ်သီး ဆဲလ်တစ်ကို ၁-၄ ရလဒ်နဲ့ ဂိုးပြတ အရေးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ချဲလ်ဆီးဟာ ဆဲလ်တစ်နဲ့ ပွဲမှာ အဓိက ကစားသမား အများအပြားကို အသုံးပြုခဲ့ပေမယ့် ခြေစွမ်းပိုင်းမှာ မယှဉ်နိုင်ပဲ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ မနက်ဖြန် မနက်မှာ ကလပ် အမေရိကနဲ့ ခြေစမ်းပွဲ ဆက်လက် ကစားဖို့ ရှိပါတယ်။ အဲဒီပွဲ ပြီးရင်တော့ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန် တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။ ချဲလ်ဆီး အနေနဲ့ ပရီးမီးယားလိဂ် ရာသီ အဖွင့် ပွဲစဉ် အဖြစ်တော့ လက်ရှိ ချန်ပီယံ မန်စီးတီးကို စတန်းဖို့ဒ်ဘရစ်ချ် မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်