နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်ကို စွန့်ခွာတော့မယ့် တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူး | ပရီးမီးယားလိဂ်

countdown banner

ပြင်သစ် နောက်ခံလူ ရာဖေးလ် ဗာရန်း ကတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်မှာ သုံးနှစ်ကြာ ကစားပြီးနောက် ရာသီကုန်မှာ ထွက်ခွာတော့မှာ ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။

အသက် ၃၁ နှစ် အရွယ် ဗဟိုခံစစ်မှူး ဗာရန်း အနေနဲ့ အခုရာသီကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို စွန့်ခွာသွားတော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဗာရန်းဟာ ဒဏ်ရာကြောင့် အနားယူနေရပြီး ယူနိုက်တက် ဘက်က စာချုပ်သက်တမ်း ဆက်တိုးမယ့် အလားအလာလည်း မရှိတော့သူ ဖြစ်ပါတယ်။
ဗာရန်းဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ရီးယဲလ်မက်ဒရစ် ကနေ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီး ပွဲပေါင်း ၉၃ ပွဲ ကစားပေးခဲ့ပြီး ၂ ဂိုး သွင်းယူခဲ့ပါတယ်။ ဗာရန်းက ၂၀၂၃ ခုနှစ်မှာ ယူနိုက်တက်တို့ ခရာဘောင်ဖလား ဆွတ်ခူးခဲ့ရာမှ အဓိက ပါဝင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အခုရာသီမှာ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေသလို သမိုင်းတစ်လျှောက် အဆိုးရွားဆုံး စံချိန် မှတ်တမ်းတွေလည်း ပိုင်ဆိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာကို ရောက်ရှိနေပြီး ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့်ရဖို့တောင် မသေချာတဲ့ အခြေအနေ ဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ် နှစ်ပွဲ အဖြစ် ယူနိုက်တက်က နယူးကာဆယ်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပြီး ဘရိုက်တန် ကိုတော့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ယူနိုက်တက် အနေနဲ့ လက်ကျန် ပွဲစဉ် နှစ်ပွဲစလုံးကို အနိုင်ရခဲ့ရင်တောင် နယူးကာဆယ်နဲ့ ချဲလ်ဆီးရဲ့ နောက်ဆုံး ပွဲ ရလဒ်ကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ အသက် ၃၁ နှစ် အရွယ် ကစားသမားက ကလပ် အတွက် ပိုမို တောက်ပတဲ့ အချိန်တွေ ရောက်ရှိလာမယ်လို့ ယုံကြည်နေခဲ့တာလည်း တွေ့ရပါတယ်။
ဗာရန်းက “ဒီလို ထူးခြားတဲ့ ကလပ် အတွက် သူတို့ရဲ့ ဂျာစီကို ဝတ်ပြီး နှစ်အနည်းငယ်ကြာ ကစားခဲ့ရတာ အံ့ဩစရာ ကောင်းခဲ့ပါတယ်။” လို့ သူ့ရဲ့ X အကောင့်မှာ ဗီဒီယိုနဲ့ တကွ တင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် ဗာရန်း ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး အသင်း တချို့ ကလည်း ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ယူနိုက်တက်မှာ ခရာဘောင်ဖလား တစ်လုံးသာ အောင်မြင်မှုရခဲ့တဲ့ ဗာရန်း

“ယူနိုက်တက် ကစားသမား တစ်ယောက် အဖြစ် အိုးလ်ထရက်ဖို့ဒ်ကို ပထမဆုံး အကြိမ် ရောက်ရှိလာတုန်းက ရူးသွပ်စရာကောင်းခဲ့ပါတယ်။ အငွေ့အသက်တွေ ကလည်း အံ့သြစရာ ကောင်းပါတယ်။ ကလပ် အသင်း ပရိသတ်တွေကို ကျွန်တော် ချစ်ပါတယ်။ အဲဒါက ဘာကို ကိုယ်စားပြုတယ် ဆိုတာ နားလည်ပြီး မန်ချက်စတာယူနိုက်တက်အတွက် ကစားခဲ့ပါတယ်။ ဒါဟာ ကျွန်တော့် ဘဝ အတွက် အထူးနေရာ တစ်ခု ဖြစ်လာမှာပါ။ ကျွန်တော်တို့မှာ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပေမယ့် အနာဂတ်က အရမ်းကောင်းနေပါတယ်။ ပိုင်ရှင် အသစ်တွေမှာ ရှင်းလင်းတဲ့ ဗျူဟာနဲ့ စီမံကိန်းတွေ ရှိနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ် လက်ရွေးစင် နောက်ခံလူ ရာဖေးလ် ဗာရန်းဟာ လန်းစ် အသင်းနဲ့ အတူ တောက်ပခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိခဲ့သူပါ။ ရီးရဲလ်မက်ဒရစ် အတွက် ၂၀၁၁ ကနေ ၂၀၂၁ ခုနှစ် အထိ ၁၀ နှစ်ကျော်ကြာ ဖြတ်သန်းခဲ့ပြီး အမြင့်ဆုံး အောင်မြင်မှုတွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ၂၀၂၁ ဩဂုတ်လ မှာတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့ပြီး ခရာဘောင်ဖလား အောင်မြင်မှုသာ ရရှိခဲ့ပြီးတော့ မကြာခဏ ဆိုသလို ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။
လက်ရှိ မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် ဗာရန်း ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး အသင်း တချို့ ကလည်း ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဗာရန်း အနေနဲ့ ဘယ်အသင်းကို ပြောင်းရွှေ့သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်