နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကိုယ့်ကံကြမ္မာ ကိုယ်ရေးခွင့်နဲ့ နောက်ဆုံး အချိန်ထိ စောင့်ကြည့်ရဦးမယ့် ပရီးမီးယားလိဂ်

countdown banner

ဘရာဇီးလ် ပြိုင်ဘက် အာဆင်နယ်တို့ အက်စတွန်ဗီလာကို ဧပြီလလယ်မှာ ရှုံးနိမ့်ခဲ့ခြင်းက မန်စီးတီး အတွက် ပရီးမီးယားလိဂ်   ချန်ပီယံဆု ‘ကံကြမ္မာ’ကို ကိုယ်တိုင် ဖန်တီးခွင့် ရှိသွားတယ်လို့ ပပ်ဂွာဒီယိုလာက ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၄ ရာသီ ဆက်တိုက် ကိုင်မြှောက်နိုင်ဖို့ ရည်မှန်းထားတဲ့ မန်စီးတီးက လက်ရှိမှာ အာဆင်နယ်ထက် တစ်ပွဲလျော့ ကစားပြီး တစ်မှတ် အကွာနဲ့ အဆင့် ၂ နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။ မန်စီးတီးဟာ အာဆင်နယ်နဲ့ ဂိုးမရှိ သရေကျပြီး ကတည်းက ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲဆက် အနိုင်ရထားပါတယ်။ ပွဲအများစုကို ဂိုးပြတ် အနိုင်ယူထားပြီး ချန်ပီယံဆု အတွက် အမှားအယွင်း မရှိ ရှေ့ဆက်နေတာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “ဂိုးကွာခြားချက်က အဓိက မကျဘူးလို့ ကျနော် ထင်ပါတယ်။ အကယ်၍ ကျနော်တို့ သရေကျသွားရင်တောင် သူတို့ အနိုင်ရသွားမှာပါ။ ကျနော်တို့ ဂိုးကွာခြားချက်က ၃ ဂိုး၊ ၄ ဂိုးလောက်ပဲ ရှိပါတယ်။ ဒါပေမယ့် ဒါနဲ့ မသက်ဆိုင်ပါဘူး။ သူတို့ အက်စတွန်ဗီလာကို ရှုံးပြီးကတည်းက ကံကြမ္မာက ကျွန်တော်တို့ လက်ထဲမှာ ရှိသွားပါတယ်။ အဲဒါက ကျွန်တော်တို့ လိုချင်တဲ့အရာပဲ။

“ကျနော်တို့ အတွက် ခက်ခဲတဲ့ ပွဲတွေ ဖြတ်သန်းခဲ့ရပါတယ်။ နော့တင်ဟမ်ဖောရက်စ်၊ ဖူလ်ဟမ် တို့လို အသင်းတွေနဲ့ ကစားခဲ့ရပါတယ်။ အခုလည်း ကျွန်တော် ပရီးမီးယားလိဂ် မှာ တစ်ခါမှ အနိုင်မရခဲ့တဲ့ စပါးကို သူတို့ ကွင်းမှာ သွားကစားရမှာ ဖြစ်ပါတယ်။ လိဂ်က ခက်ခဲလိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ အဲဒါအတွက် အဆင်သင့်ပါပဲ။”

နှစ်ပေါင်း ၁၃၀ အတွင်း ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း နိုင်ပွဲ ၂၇ ပွဲအထိ စံချိန်တင် ရှာဖွေထားနိုင်ပြီး မီခဲလ် အာတေးတားရဲ့ အသင်းက သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူထားနိုင်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေတဲ့ တော့တင်ဟမ်ဟော့စပါး

တစ်ဖက်မှာ အာဆင်နယ် ကလည်း ဗီလာနဲ့ ပွဲမှာ ခြေချော်ခဲ့ပေမယ့် နောက်ဆုံး ၅ ပွဲဆက် အနိုင်ရထားတာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၃၀ အတွင်း   ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း နိုင်ပွဲ ၂၇ ပွဲအထိ စံချိန်တင် ရှာဖွေထားနိုင်ပြီး မီခဲလ် အာတေးတားရဲ့ အသင်းက သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူထားနိုင်ပါတယ်။ ပရီးမီးယားလိဂ်  ချန်ပီယံဆု အတွက် အဆုံးအဖြတ် ဖြစ်လာမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာလည်း ပါးပါးနပ်နပ်နဲ့ ကစားပြီး နိုင်ပွဲ ရယူနိုင်ခဲ့သလို လက်ကျန် အဲဗာတန်နဲ့ ပွဲကိုလည်း အမှားအယွင်းမရှိ အနိုင်ယူဖို့ စိတ်အားထက်သန်နေပါမယ်။ ပြောရရင် အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်  ချန်ပီယံဆု အိမ်မက်က မန်စီးတီးရဲ့ လက်ကျန် ပွဲစဉ် ၂ ပွဲ အပေါ်မှာ မူတည်နေပြီး အဓိက ကတော့ စပါး-မန်စီးတီး ပွဲရလဒ် ဖြစ်ပါတယ်။ 

အကယ်၍ မန်စီးတီးသာ စပါးနဲ့ သရေ သို့မဟုတ် ရှုံးနိမ့်ခဲ့မယ် ဆိုရင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်  ချန်ပီယံ ဖြစ်ဖို့ အလေးသာသွားမှာ ဖြစ်ပါတယ်။ နှစ်သင်းစလုံး လက်ကျန် ပွဲစဉ်တွေကို အနိုင်ရမယ် ဆိုရင်တော့ မန်စီးတီးတို့ ၄ နှစ်ဆက် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မှာ ဖြစ်ပါတယ်။  တစ်ခု ရှိတာက မန်စီးတီးဟာ ၂၀၁၈ ခုနှစ် နောက်ပိုင်း တော့တင်ဟမ်ဟော့စပါးကွင်းမှာ ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ဒါကလည်း အက်ဖ်အေဖလား မှာ ဖြစ်ပါတယ်။ မန်စီးတီးတို့ သေချာ အာရုံစိုက်ပြီး ညှစ် ကစားရင်တော့ လက်ရှိ စပါးရဲ့ မတည်ငြိမ်တဲ့ ခြေစွမ်းအရ နိုင်ပွဲ ရအောင် ယူသွားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အာဆင်နယ် ကတော့ သူတို့ အတွက် အခက်ခဲဆုံး ဖြစ်တဲ့ အိုးထရက်ဖို့ဒ် ပွဲစဉ်ကို အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ပြီး ကိုယ့်ကံကြမ္မာ ကိုယ်ရေး ပြီးပါပြီ။ မန်စီးတီး ကိုယ့်ကံကြမ္မာ ကိုယ်ရေးဖို့ပဲ ကျန်ပါတော့တယ်။ 

မည်သို့ပင် ဆိုစေကာမူ နောက်ဆုံး အချိန်ထိ အမြဲတမ်းလိုလို စိတ်ဝင်စားစရာတွေ အပြည့် ပေးစွမ်းနိုင်ခဲ့တဲ့ပရီးမီးယားလိဂ် ကိုတော့ ဘောလုံး ပရိသတ်တွေ ကျေးဇူးတင်ရဦးမှာ သေချာပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်