နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းရဲ့ စွမ်းဆောင်ရည်က စံနှုန်းအောက် ရောက်နေတယ်လို့ ဝန်ခံလိုက်တဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ မနေ့ညက ရာသီကြို ခြေစမ်းပွဲ အဖြစ် နော်ဝေ ကလပ် ရိုဆင်ဘော့ဂ်နဲ့ လာကန်ဒဲလ် ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ဒီပွဲဟာ ယူနိုက်တက် အတွက် ပထမဦးဆုံး ရာသီကြို ခြေစမ်းပွဲ ဖြစ်ခဲ့ပြီး ခြေစွမ်းပိုင်း ကလည်း အားရစရာ မရှိခဲ့သလို ရှုံးပွဲနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

ယူနိုက်တက် ဘက်မှာ အီဗန့်စ်၊ ဘစ်ဆာခါ၊ မောင့်၊ ကတ်စ်မဲရိုး၊ ရက်ရှ်ဖို့ဒ် တို့လို ကစားသမားကောင်းတွေ ပါဝင်ခဲ့သလို ဟာနီဘယ်၊ မာရေး၊ ဖစ်ရှ်၊ ဗစ်တက်ခ်၊ ဝီလီယမ်စ်၊ ဝှိလီ တို့လို့ လူငယ်တွေလည်း ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်ဟာ နော်ဝေ ကလပ်ကို ခြေစွမ်းပိုင်းအရ မယှဉ်နိုင်ခဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။ ဒါ့အပြင် ပြိုင်ဘက် အသင်းရဲ့ ပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် ယူနိုက်တက်ရဲ့ ရာသီကြို ခြေစမ်းပွဲ အဖွင့်က မလှပခဲ့ဘူးလို့ ပြောလို့ ရပါတယ်။

ပွဲအပြီးမှာ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က သူ့အသင်းနဲ့ ပတ်သတ်လို့ အားနည်းချက်တွေကို ဝန်ခံသွားခဲ့ပြီး နောက်ပွဲတွေမှာ အခုထက် ပိုကောင်းလာဖို့ မျှော်လင့်ကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။ တန်ဟက်ဂ်က “ရလဒ်က အဓိက မကျတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော်တို့ ရာသီကြို ခြေစမ်းပွဲတွေ ကစားနေရပေမယ့် မန်ချက်စတာယူနိုက်တက်ရဲ့ စံနှုန်းက နိုင်ပွဲတွေ ရဖို့ ဖြစ်ပါတယ်။ ရှုံးပွဲတွေ မလိုချင်တာတော့ သေချာပါတယ်။ မင်းမနိုင်ရင် မရှုံးအောင် ကစားရမှာပါ။ ပွဲကို မရှုံးချင်ပေမယ့် နောက်ဆုံး စက္ကန့်မှာ ကျွန်တော်တို့ ခွင့်ပြုပေးခဲ့ရပါတယ်။

“စွမ်းဆောင်ရည်က ပိုအရေးကြီးပေမယ့် ကျွန်တော် တို့ရဲ့ စွမ်းဆောင်ရည်က စံနှုန်းအောက် ရောက်နေတယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ ဆိုးနေတာ မှန်သမျှကို အကောင်းမြင်တဲ့ စကားတွေ ပြောလို့ ရပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲ့လို လူမျိုး မဟုတ်ပါဘူး။ အဲဒီလူမဟုတ်ဘူး။ ဒါက ထိပ်တန်း ဘောလုံး အတွက် စံနှုန်း မဟုတ်ဘူးလို့ ကျွန်တော် မြင်ပါတယ်။ ကျွန်တော်တို့မှာ ထိပ်တန်းအဆင့် တစ်ခု အတွက် မြင့်မားတဲ့ စံနှုန်းတွေ ရှိပါတယ်။ တစ်ဦးချင်း စွမ်းဆောင်ရည်တွေ ရှိပါတယ်။ နောက်ပြီး ကြံခိုင်မှု ရှိဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီအချိန်မှာ အံဝင်ခွင်ကျ မဖြစ်နိုင်သေးဘူး ဆိုတာ သိပါတယ်။ ကျွန်တော်တို့ဟာ အဆင့်သင့် ဖြစ်နေတဲ့ ကစားသမားတွေ ပါတဲ့ အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ သူတို့က ပိုပြီး ကြံ့ခိုင်မှု ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွပရီးမီးယားလိဂ်န်တော်တို့က မန်ချက်စတာယူနိုက်တက် ဖြစ်ပြီး ယူနိုက်တက် ကစားသမားတွေ ဆိုတာ အခုထက် ပိုပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်သင့်ပါတယ်။ 

ယူနိုက်တက်ဟာ နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ်နဲ့ ပြီးခဲ့တဲ့ ရာသီအကုန်လောက်မှာ လမ်းခွဲဖို့ အထိ ရှိခဲ့ပေမယ့် နောက်ဆုံး မှာတော့ စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ကစားသမား ခေါ်ယူ အားဖြည့်ဖို့ ပြင်ဆင်နေပြီးတော့ ပရီးမီးယားလိဂ် ရာသီသစ်မှာ အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်နေပါတယ်။ယူနိုက်တက်ဟာ လာမယ့် စနေနေ့ Murrayfield ကွင်းမှာ စကော့တလန် ထိပ်သီး ကလပ် ရိန်းဂျားစ် အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ ဒါပြီးရင်တော့ ဩဂုတ်လမှာ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မတိုင်ခင် အာဆင်နယ်၊ ရီးရဲလ်ဘက်တစ်၊ လစ်ဗာပူးလ် တို့နဲ့ ကစားရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်