နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ် အဆုံးသတ် လိုအပ်ချက်တွေ ရှိနေကြောင်း ဝန်ခံလာတဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြကြီး အဲရစ်ခ် တန်ဟက်ဂ် ကတော့ သူ့ရဲ့ အသင်းဟာ တိုက်စစ်ပိုင်း အဆုံးသတ် လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်ကြောင်း ဝန်ခံလာခဲ့ပါတယ်။ ယူနိုက်တက်ဟာ ၂၀၂၄/၂၅ ပရီးမီးယားလိဂ် ရာသီရဲ့ အဖွင့်ပွဲစဉ်မှာ ဖူလ်ဟမ်နဲ့ ရင်ဆိုင်ခဲ့ရပြီး တိုက်စစ်မှူးသစ် ဂျော်ရွှာ ဇီယက်ခ်ဇီးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီပရီးမီးယားလိဂ် ပွဲမှာ ယူနိုက်တက်က ဖူလ်ဟမ် ဘက်ကို ဂိုးပေါက် ကန်ချက် ၁၄ ကြိမ် အထိ ပြုလုပ်ခဲ့ပြီး ဂိုးပေါက် တည့်မှု ၅ ကြိမ် အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အပိုင်အခွင့်အရေးတွေကို အကြိမ်ကြိမ် ဖြုန်းတီးခဲ့တာကြောင့် ပွဲချိန် ၈၇ မိနစ်မှ ဂိုးရခဲ့ပြီး လူစားဝင် တိုက်စစ်မှူးသစ် ဇီယက်ခ်ဇီးက ပါးပါးနပ်နပ် ကန်သွင်းခဲ့လို့ တန်ဟက်ဂ်တို့ အသက်ရှူချောင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ်က သူတို့ အသင်း အနေနဲ့ အဆုံးသတ်ပိုင်းတွေ အားကောင်းဖို လိုအပ်နေသေးတယ် ဆိုပြီး သတိပေး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နည်းပြ တန်ဟက်ဂ်က “ဖူလ်ဟမ်လို အသင်းမျိုးနဲ့ ကစားရတာက အမြဲတမ်းလိုလို ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တိုက ခံစစ် ကစားပုံလည်း ကောင်းမွန်ခဲ့သလို သူတို့ အသင်းကို ဖိအားပေး ကစားရာမှာလည်း ကောင်းမွန်ခဲ့တယ်။ ပထမပိုင်း ၁၀ မိနစ်လောက် ကစားပြီးချိန် မှာတော့ ကျွန်တော် တို့ရဲ့ ကစားဟန်ကို ရှာတွေ့ခဲ့ပြီး သူတို့ အသင်း ကိုလည်း ဖိအားတွေ အောက်မှာ ကစားရအောင် လုပ်နိုင်ခဲ့ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

 
ခံစစ်ပိုင်း ကောင်းပေမယ့် တိုက်စစ်ပိုင်း အားနည်းနေသေးတဲ့ ယူနိုက်တက်

ဆက်လက်ပြီး တန်ဟက်ဂ်က“ကျွန်တော်တို့ အသင်းက အခွင့်အရေးတွေ အမြောက်အများကို ဖန်တီးနိုင်ခဲ့တယ်။ နောက်ပြီး ကျွန်တော် တို့က ပွဲရဲ့ အစပိုင်းလောက်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့သင့်တာပါ။ ကျွန်တော်တို့ အသင်းနဲ့ ပတ်သက်ပြီး တစ်ခုတည်းသော ဝေဖန် ထောက်ပြစရာ ကတော့ ဂိုးဧရိယာထဲမှာ အဆုံးသတ်ပိုင်း အားနည်းနေတာပဲ ဖြစ်ပါတယ်။”ဆိုပြီး ဝန်ခံ ပြောကြားသွားခဲ့ပါသေးတယ်။

ဒီပွဲစဉ်မှာ ယူနိုက်တက်ဟာ ခံစစ်ပိုင်းမှာတော့ ကစားပုံက အရင်နှစ်တွေ ကထက် ပိုမို ကျစ်လစ် တောင့်တင်းလာတာ တွေ့ရသလို အသင်းရဲ့ ကစားဟန် ကလည်း မနှစ်ကထက် ပိုပြီး တိုးတက်ကောင်းမွန်လာတာ တွေ့ရပါတယ်။ ဒါပေမယ့် တိုက်စစ်ပိုင်း အဆုံးသတ်တွေ မှာတော့ အားနည်းနေခဲ့ပြီး အဆုံးသတ်သာ ကောင်းခဲ့မယ် ဆိုရင် ပထမပိုင်းမှာ ကတည်းက ပွဲကို ဂိုးပြတ် ဦးဆောင်ထားနိုင်တဲ့ အခြေအနေအထိ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ရဲ့ ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ မေဆန်မောင့် တို့ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးကောင်းတွေကို ဖြူန်းတီးပစ်ခဲ့သလို ဂါနာချို ကလည်း ပွဲပြီးခါနီး အပိုင်ကန်သွင်းခွင့်ရခဲ့ပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင် လွဲချော်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါက်တာလေး မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ဂိုးကန်သွင်းခွင့်တောင် မရရှိခဲ့တဲ့ အထိ လိုအပ်ချက်တွေ များပြားခဲ့တာ တွေ့ရပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ ၃ မှတ် အပြည့်ရခဲ့ပေမယ့် ပွဲစဉ် ၂ မှာတော့ ခြေစွာနေတဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒါ့အပြင် ပွဲစဉ် ၃ မှာတော့ အစဉ်အလာ ပြိုင်ဘက် လစ်ဗာပူးလ်ကို အိုးထရက်ဖို့ဒ်မှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်