နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခံစစ်ပိုင်း အတွက် စိတ်ညစ်ရဦးမယ့် တန်ဟက်ဂ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်းမှာ ဒဏ်ရာရ ကစားသမား များပြားနေခြင်းနဲ့ အတူ ခံစစ်ပိုင်း ကလည်း သိသိသာသာ အားနည်းနေခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ် ကတော့ လာမယ့် ဘရန့်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝါရင့် ဗဟိုနောက်ခံလူ ဂျွန်နီ အီဗန့်စ်ကို ဘယ်ခြမ်းခံစစ် နေရာမှာ ပြောင်းလဲ အသုံးပြုသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းမှာ ဘယ် နောက်ခံလူတွေ အဖြစ် လုခ်ရှော၊ တိုင်ရဲလ် မာလာစီယာ၊ ဗဟို ခံစစ်မှူးတွေ အဖြစ် လီနီ ယိုရိုနဲ့ ဟယ်ရီ မက်ဂွိုင်းယားတို့ ဒဏ်ရာ အသီးသီး ရရှိနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ နောက်ထပ် ညာနောက်ခံလူ တစ်ဦး ဖြစ်တဲ့ မက်ဇရာရီ ကပါ နှလုံးပြဿနာကြောင့် အနားယူရမှာ ဖြစ်လို့ တန်ဟက်ဂ် အတွက်တော့ တော်တော်လေး ခေါင်းကိုက်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အကယ်၍ ယူနိုက်တက် အတွက် မက်ဇရာရီသာ ကစားပေးနိုင်ခြင်း မရှိဘူး ဆိုရင်တော့ လက်ရှိ ရာသီမှာ အမြဲတမ်းလိုလို ဘယ်ခြမ်း ခံစစ်မှာပဲ အသုံးပြုနေရတဲ့ ဒီယိုဂို ဒါးလော့တ်ကို သူရဲ့ ပုံမှန် နေရာ ဖြစ်တဲ့ ညာခြမ်း ခံစစ်မှာ ပြန်လည် အသုံးပြုရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တန်ဟက်ဂ် အနေနဲ့ ဘယ်ခြမ်း ခံစစ် နေရာ အတွက် တခြားသော ကစားသမား တစ်ဦးကို မဖြစ်မနေ အသုံးပြုသွားရတော့မှာလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၇ ပွဲ ကစားပြီးချိန် အထိ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးနိမ့်ထားပြီး ရမှတ် ကတော့ ၈ မှတ်သာ ရရှိထားပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၁၄ နေရာမှာ ရပ်တည်နေတဲ့ ယူနိုက်တက်

အဲရစ်ခ် တန်ဟက်ဂ် ကတော့ လီဆန်ဒရို မာတီနက်ဇ် ကို ဘယ်ခြမ်း ခံစစ်မှာ ထားပြီး သုံးခဲ့ဖူးပေမယ့်လည်း အမှန်တကယ် ကစားချိန်မှာတော့ အလုပ် မဖြစ်တာကြောင့် အခြားသော ခံစစ်မှူး တစ်ဦးကို ထားပြီး ကစားစေဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ သုံးသပ်ချက်တွေအရ ဆိုရင်တော့ လင်ဒီလော့ဖ်နဲ့ ဂျွန်နီ အီဗန့်စ် တို့ထဲက တစ်ဦးဦးကို ဘယ်ခြမ်း ခံစစ်မှာ အသုံးပြုရဖို့ ရှိနိုင်ပြီး နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ The Mirror ရဲ့ ဖော်ပြချက် မှာတော့ တန်ဟက်ဂ်က အီဗန့်စ် ကိုပဲ ဘယ်ခြမ်းမှာ အသုံးပြုလာလိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိထားပါတယ်။

လက်ရှိမှာ အသက် (၃၆) နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဗဟိုခံစစ် ကစားသမား ဂျွန်နီ အီဗန့်စ် ကတော့ ပြီးခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ယူနိုက်တက် တို့ ပွဲစဉ်မှာ ပါဝင်ခဲ့ပြီး ခံစစ် စွမ်းဆောင်ရည် ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အီဗန့်စ်က ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၇ ပွဲ ကစားပြီးချိန် အထိ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးနိမ့်ထားပြီး ရမှတ် ကတော့ ၈ မှတ်သာ ရရှိထားပါတယ်။ ဒါကြောင့် ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပြီးတော့ ရဂိုး ကလည်း ၅ ဂိုးသာ ရှိထားပြီး ပေးဂိုး ကတော့ ၈ ဂိုး အထိ ရှိထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်