နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ကျန် ပွဲတွေမှာ မာတီနက်ဇ်နဲ့ ဗာရန်း ပြန်ကစားနိုင်ဖို့ မျှော်လင့်နေတဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

ဒဏ်ရာပြဿနာတွေကြောင့် မတ်လ ကတည်းက အနားယူနေရတဲ့ ယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ဟာ နက်ဖြန် မနက် အစောပိုင်းမှာ ကစားမယ့် နယူးကာဆယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်လာဖွယ် ရှိတယ်လို့ သိရပါတယ်။

လီဆန်ဒရို မာတီနက်ဇ် အနေနဲ့ ယူနိုက်တက် အတွက် အရေးပါတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပွဲထွက်လူစာရင်းထဲ ပါဝင်လာဖို့ ရှိကြောင်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီပွဲကို သေချာပေါက် အနိုင်ရရှိဖို့ လိုအပ်ပြီး ယူရိုပါကွန့်ဖရင့်လိဂ် ဝင်ခွင့် အတွက်လည်း မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိမှာ ဒဏ်ရာရကစားသမားတွေ များပြားနေခြင်းနဲ့ အတူ ခံစစ်ပိုင်းမှာ ကစားသမား မရှိတာကြောင့် ကက်စ်မဲရိုးနဲ့ အသက်အရွယ်ရနေပြီ ဖြစ်တဲ့ ဂျွန်နီ အီဗန့်စ်ကို တွဲဖက် ပွဲထုတ်နေရတာ ဖြစ်ပါတယ်။ ဒီ အတွဲအဖက်က ပြီးခဲ့တဲ့ ပွဲတွေမှာ ယူနိုက်တက် အတွက် အားနည်းချက် များစွာ ဖြစ်စေခဲ့ပြီး ကက်စ်မဲရိုး ဆိုရင်လည်း သူ့ရဲ့ လေးပင်ပြီး အသားမကျတဲ့ ကစားဟန်ကြောင့် အကြီးအကျယ် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။

မကြာခဏ ဆိုသလို ဒဏ်ရာတွေ ရနေခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်ဟာ ဒီရာသီမှာ ၁၁ ပွဲသာ ပွဲထွက် ကစားပေးထားနိုင်ပြီး အာဂျင်တီးနားသားဟာ မတ်လ ၃၁ ရက်နေ့က ဘရန့်ဖို့ဒ်နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ခြေသလုံး ကြွက်သား ဒဏ်ရာရခဲ့ပြီး အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ မာတီနက်ဇ် ပြန်လည် ပါဝင်လာဖို့ ရှိကြောင်း အတည်ပြုထားခဲ့သလို ရာသီအကုန်မှာ အသင်း ကနေ ထွက်ခွာမယ်လို့ ပြောကြားထားတဲ့ ရာဖေးလ် ဗာရန်း ကိုလည်း ပြန်လည် ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကစားသမား ကလည်း သူ့ရဲ့ ယူနိုက်တက်နဲ့ နောက်ဆုံး အိမ်ကွင်းပွဲစဉ်မှာ ပါဝင်ကစားပေးချင်နေပြီး ကြံ့ခိုင်မှု ပြည့်ဝနေရင်တော့ လူစာရင်းမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။

တစ်ဖက်က ပြိုင်ဘက် နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ် ကလည်း ယူနိုက်တက်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် နယူးကာဆယ်နဲ့ ကစားရမယ့် ယူနိုက်တက်

တန်ဟက်ဂ်က မာတီနက်ဇ်ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး ပြောကြားခဲ့ရာ မှာတော့ “သူ (နယူးကာဆယ်) နဲ့ ပွဲမှာ ပြန်လာနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး ပြန်လာပါဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ဆုံးပွဲတွေ အတွက် ဗာရန်း ပြန်ကစားနိုင်ဖို့ ကျွန်တော်တို့ သေချာ စီစဉ်နေပါတယ်။ မနက်ဖြန်တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မေလ ၂၅ ရက်နေ့ FA Cup ဖိုင်နယ် မန်စီးတီးနဲ့ ကစားရမယ့် နောက်ဆုံးပွဲ အတွက် ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲ ကစားဖို့ ကျန်ရှိနေပေမယ့် အဆင့် ၆ နေရာက နယူးကာဆယ်၊ အဆင့် ၇ နေရာက ချဲလ်ဆီး တို့နဲ့ ၃ မှတ် ကွာဟနေပြီး ဂိုးကွာခြားချက် ကလည်း တော်တော်လေး မြင့်မားနေပါတယ်။

ဆက်လက် ပြီးတော့ တန်ဟက်ဂ်က သူ့အသင်းရဲ့ ဥရောပ ဝင်ခွင့် တစ်နေရာစာ မျှော်လင့်ချက်တွေ ဆက်လက် ရှင်သန်စေရေး အတွက် ရလဒ်ကောင်း တစ်ခု ရရှိဖို့ လိုအပ်ကြောင်း ဝန်ခံခဲ့ပြီး ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ရမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

တန်ဟက်ဂ်က “ဒါဟာ အရမ်းအရေးကြီးတဲ့ ပွဲတစ်ပွဲပါ။ နိုင်ပွဲ ရဖို့ အတွက် အရာအားလုံးကို လုပ်ရမှာ ဖြစ်ပြီး အဲဒီ အတွက်လည်း ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

တစ်ဖက်က ပြိုင်ဘက် နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ် ကလည်း ယူနိုက်တက်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။
“ဒါဟာ ပွဲကြီး ပွဲကောင်း တစ်ပွဲပါ။ ဒီဂိမ်းရဲ့ ပြင်းအားကို ကျွန်တော်တို့ သံသယ မဖြစ်မိပါဘူး။ ကျွန်တော်တို့ရဲ့ ကစားသမားတွေဟာ တကယ်ကို မြင့်မားတဲ့ စိတ်ဓာတ်၊ ယုံကြည်ချက် အပြည့် ရှိနေပြီး ယူနိုက်တက်ကို အနိုင်ယူဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့ နေရာမှာ ရှိနေတယ်လို့လည်း ယုံကြည်ပါတယ်။ လက်ကျန် နှစ်ပွဲကို အကောင်းဆုံး ပြီးမြောက်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ တွန်းအားက ဥရောပ ဝင်ခွင့် ရရှိဖို့ပါပဲ” လို့ ဆိုပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်