နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သရေ ရလဒ်နဲ့ စွန့်စားကြည့်ရအောင်ပါ | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

အက်စတွန်ဗီလာ – လိဒ်စ်ယူနိုက်တက်

အခုတစ်ပတ် နားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားကြဖို့ ရှိပြီး အက်စတွန်ဗီလာ ကတော့ လိဒ်စ်ယူနိုက်တက်ကို ဗီလာပါ့ခ်မှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ လက်ရှိ အဆင့် ရပ်တည်မှုနဲ့ ရမှတ် ကွာဟချက် အပြင် ခြေစွမ်းပိုင်း ကလည်း သိပ်ပြီး မကွာတဲ့ အသင်းတွေ ကစားမယ့် ပွဲဖြစ်တာကြောင့်တော့ အကြိတ်အနယ် ရှိလာဦးမှာ သေချာပါတယ်။

အက်စတွန်ဗီလာ ကတော့ နည်းပြသစ် အူနိုင်း အမ်မရီရဲ့ ပွဲဦးထွက် နိုင်ပွဲနဲ့ အတူ ဟုတ်မလိုလို ရှိခဲ့ပေမယ့် နောက်ပိုင်း ပွဲတွေမှာ နိုင်လိုက် ရှုံးလိုက်နဲ့ အခုချိန်ထိ ခြေစွမ်းပိုင်း မတည်ငြိမ်သေးပါဘူး။ ဗီလာရဲ့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ ရလဒ် ကတော့ မဆိုးဘူးလို့ ပြောလို့ ရပြီး ယူနိုက်တက်၊ ဘရိုက်တန်နဲ့ စပါး တို့ကို အနိုင်ရခဲ့ပြီး ဝုဗ်နဲ့ သရေ၊ လစ်ဗာပူးလ် ကိုတော့ ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိမှာ ဗီလာရဲ့ ကွင်းလယ်က ဂျွန် မက်ဂင်းန်နဲ့ နောက်ခံလူ ဒီယေဂို ကားလို့စ်တို့ ဒဏ်ရာက မသက်သာသေးလို့ ဆက်လက် လွဲချော်ဦးမှာ ဖြစ်ပေမယ့် ကျန်အဓိက ကစားသမား တော်တော်များများတော့ ပါဝင်လာဖို့ ရှိနေပါတယ်။

ဂျက်ဆီ မက်ရှ်ရဲ့ လိဒ်စ် ကတော့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဒါးလက်စ်၊ ဘမ်းဖို့ဒ်၊ ဆင်နီစတာရာ၊ ဖော်ရှော တို့ ဒဏ်ရာရရှိနေခြင်းနဲ့ အတူ ပုံမှန် ခြေစွမ်းရဖို့ ရုန်းကန်နေရပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ပွဲ ကစားပြီးချိန်အထိ လိဒ်စ်တို့ ၁၇ မှတ်သာ စုဆောင်းထားနိုင်သေးသလို တန်းဆင်းဇုန်နဲ့လည်း ၂ မှတ် အကွာမှာ ရှိနေပါတယ်။ ပြောရမယ် ဆိုရင် ကမ္ဘာ့ဖလား အပြီး လိဂ်ပွဲတွေ ပြန်စချိန် ကတည်းက လိဒ်စ်တို့ နိုင်ပွဲနဲ့ ဝေးနေပါတယ်။ ဒါပေမယ့် မန်စီးတီးကို ၁-၃ နဲ့ ရှုံးခဲ့တာက လွဲရင် နယူးကာဆယ်နဲ့ ဝက်စ်ဟမ်း တို့လို အသင်းတွေကို သရေကစားထားနိုင်တာ ကတော့ မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ ပေးဂိုးများနေတဲ့ ခံစစ်ကို ဖာထေးဖို့ အတွက် ဆဲလ်ဘာ့ဂ် ဗဟိုခံစစ်မှူး ဝိုဘာကို ခေါ်ယူထားခဲ့ပြီး ဒီပွဲမှာတော့ ချက်ချင်း ပါဝင်လာဦးမှာတော့ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ပွဲ ကစားပြီးချိန်အထိ လိဒ်စ်တို့ ၁၇ မှတ်သာ စုဆောင်းထားနိုင်သေးသလို တန်းဆင်းဇုန်နဲ့လည်း ၂ မှတ် အကွာမှာ ရှိနေပါတယ်။
တန်းဆင်းဇုန်နဲ့ ၂ မှတ် အကွာ အဆင့် ၁၄ နေရာမှာ ရှိနေတဲ့ လိဒ်စ်ယူနိုက်တက်

ဖြစ်နိုင်ဖွယ် လူစာရင်း

အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ယန်း၊ ကွန်ဆာ၊ မင်းဂ်န်၊ ဒစ်ဂ်နီး၊ ကတ်ရှ်၊ ကာမာရာ၊ လူးဝစ်ဇ်၊ ဘူအန်ဒီရာ၊ ဝက်ကင်န်စ်၊ ဘိုင်လီ

လိဒ်စ်ယူနိုက်တက် – မက်စ်လိုင်ယာ၊ အေးလင်း၊ ကို့ချ်၊ ကူပါး၊ စတျောက်ခ်၊ ရိုကာ၊ အဒမ်၊ ဂနွန်တို၊ ဆမ်းမားဗီးလ်၊ ရိုဒရီဂို

ပရီးမီးယား လိဂ်
ဘရိုက်တန်
လီဗာပူးလ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ကြိမ် တွေ့ဆုံမှုမှာ ဗီလာက ၄ ကြိမ်နိုင်၊ လိဒ်စ်က ၃ ကြိမ် နိုင်ပြီး ၅ ကြိမ် ကတော့ သရေကျထားခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ထားရာမှာတော့ လိဒ်စ်တို့ ၁ ကြိမ်သာ အနိုင်ရထားပြီး ဗီလာက ၂ ကြိမ်နိုင်ကာ ၂ ကြိမ် ကတော့ သရေရလဒ် ထွက်ထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

1X2 မှာ ဗီလာ နိုင်ရင် ၂ ဆ နီးပါး ရဖို့ ရှိပြီး လိဒ်စ် နိုင်ရင်တော့ ၃.၇၅ ဆ အထိ ရရှိမှာ ဖြစ်ပါတယ်။ သရေ ဆိုရင်လည်း ၃ ဆခွဲနီးနီး ရမှာ ဖြစ်ပါတယ်။ အာရှဟမ်းဒီးကပ် မှာလည်း ဗီလာကို အနည်းငယ် အကျောပေးထားတာ တွေ့ရပြီး ဒီနှစ်သင်း တွေ့ဆုံချိန် တော်တော်များများမှာ ဂိုးပေါ်တတ်လို့ ၂.၇၅ လောက်က စပြီး ကြေးဖွင့်ထားပါတယ်။ နှစ်သင်းစလုံးမှာ ကစားသမားကောင်းတွေ ရှိနေပေမယ့် ခြေစွမ်း တည်ငြိမ်မှု မရှိခြင်းက တစ်ဖက်ဖက်မှာ ရဲရဲထိုင်လိုက်ဖို့ ဆိုတာ ခက်ခဲလွန်းပါတယ်။ ကျနော် ကတော့ အပြန်အလှန် သွင်းဂိုးတွေ မြင်ရဦးမယ်လို့ ထင်ပြီး လိဒ်စ်တို့ ဗီလာပါ့ခ်မှာ မရှုံးလောက်ဘူးလို့တော့ ထင်နေတယ်။ ဂိုးပေါ်နဲ့ သရေ ရလဒ်ကို စွန့်စားကြည့်ရအောင်ပါ။


ခန့်မှန်းရလဒ်

အက်စတွန်ဗီလာ ၂-၂ လိဒ်စ်ယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်