ဆောက်သမ်တန် – ဘရန့်ဖို့ဒ
ဒဏ်ရာရကစားသမား များပြားမှုနဲ့အတူ ရလဒ်ကောင်းဖို့ ရုန်းကန်နေရတဲ့ ပရီးမီးယားလိဂ် အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် ရလဒ်ကောင်း ဆိုတာထက် ကစားပုံကောင်းမွန်နေတဲ့ အသင်းနှစ်သင်း အဖြစ် သတ်မှတ်ရမှာပါ။ တိုက်စစ်ခံစစ် အမျှတဆုံး ကစားနေတဲ့ အသင်းတွေပီပီ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့သေချာပါတယ်။
ဆောက်သမ်တန်ရဲ့ လက်ရှိအခြေအနေက ရလဒ်ကောင်းတွေ နဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်နေပြီလို့ပဲ ဆိုရမှာပါ။ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးဆိုတဲ့ အခြေအနေက လက်ခံနိုင်တဲ့ အနေအထားလို့ ပြောလို့ရပါတယ်။ အထူးသဖြင့် အာဆင်နယ်ကို အရေးနိမ့်ခဲ့ပြီး နောက်ပိုင်း ၄ ပွဲဆက် ရှုံးပွဲမရှိထားခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်စစ်က ၉ ဂိုးသွင်းပြီး ခံစစ်က ၁၀ ဂိုး ပြန်ပေးထားရတာ ကတော့ သတိပြုရမယ့် အခြေအနေ တစ်ခုပါ။ ဒါပေမယ့် အိမ်ကွင်းဆိုရင်တော့ ဆောက်သမ်တန်ရဲ့ အခြေအနေက ယုံကြည်ရလောက်တဲ့ အခြေအနေမှာရှိနေပါတယ်။ လက်ရှိမှာ အိမ်ကွင်း ၉ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပါတယ်။ ဒါပေမဲ့ ၂ ပွဲနိုင် ၆ ပွဲသရေ ဆိုတဲ့ အနေအထားကတော့ အကျိုးအမြတ် ရှာဖွေသူတွေ လက်ခံထားရမယ့် အခြေအနေပါ။ ဝေါ်ကာပီတာ ပွဲပယ်ရှိနေပြီး ဂျနီပို ကတော့ နိုင်ငံပွဲ သွားကစားနေလို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ရက်ဒ်မွန့်၊ ဘရော်ဂျာ၊ ရိုမီရို၊ ဝက်ပရောက်စ်၊ အမ်းစထရောင်း တို့ကို ပွဲထွက်အဖြစ် မြင်တွေ့ရဖို့ရှိနေပါတယ်။
ဘရန့်ဖိုဒ်အနေနဲ့ ဒီရာသီမှာ မထင်မှတ်ထားတွေ အလုပ်ပြနိုင်ဆုံး အသင်းလို့ ပြောလို့ရပါတယ်။ ပွဲစဉ် ၁၉ ပွဲ ကစား ပြီးချိန်မှာ နိုင်ပွဲ ၆ ပွဲ သရေ ၅ ပွဲ ရှုံးပွဲ ၈ ပွဲဆိုတဲ့ အနေအထားက တန်းတက် အသင်းတစ်သင်းရဲ့ စွမ်းဆောင်မှုကောင်း အဖြစ် သတ်မှတ်နိုင်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲရှုံး ၂ ပွဲနိုင် ရလဒ် ရရှိထားပြီး တိုက်စစ်က ၆ ဂိုး သွင်းပြီး ခံစစ်က ၇ ဂိုး ပြန်ပေးထားရပါတယ်။ ရှုံးပွဲတွေ့ထားတဲ့ ၃ ပွဲမှာ ဘရိုက်တန်ကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်က နစ်နာခဲ့တယ် ဆိုပေမယ့် မန်စီးတီး၊ ချဲလ်ဆီးတို့ကို အရေးနိမ့်ခဲ့တာကိုတော့ လက်ခံရမှာပါ။ ခံစစ်တိုက်စစ် အမျှတဆုံး ရှိနေသလို ပြိုင်ဘက်တိုင်းကို စိန်ခေါ်နိုင်တဲ့ ခြေစွမ်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါဆေးဗားလ်၊ ဂျော်ဂျင်ဆန်၊ ဟင်နရီ၊ ဂျင်ဗီယာတို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ရှိနေပါတယ်။ အဓိကတိုက်စစ်မှူး တိုနေး ပွဲထွက်လာနိုင်ပြီး အမ်ဘူရို၊ နော်ဂတ်ဒ်၊ ပစ်ခ်နော့၊ အာဂျာတို့ကို ပွဲထွက်အဖြစ် မြင်တွေ့ရနိုင်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ထိပ်တိုက်တွေ့ဆုံမှု ၈ ကြိမ်မှာ ဆောက်သမ်တန်က ၂ ကြိမ်နိုင် ဘရန့်ဖို့ဒ်က ၂ ကြိမ် ပြန်နိုင်ထားပြီး သရေ ၄ ကြိမ်ကျထားခဲ့ပါတယ်။ အစဉ်အလာအရ ကွာခြားမှု မရှိဘူးဆိုပေမယ့် ပရီးမီးယားလိဂ် ပထမအကျော့ ထိပ်တိုက်တွေ့ ဆုံမှုမှာတော့ ဘရန့်ဖို့ဒ်က ဝ-၂ ရလဒ်နဲ့ အနိုင်ရရှိထားခဲ့တာပါ။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
ဆောက်သမ်တန် – ဘရန့်ဖို့ဒ် | ချိန်ပြည့် 1X2 အိမ်ရှင် @ ၂.၀၀ ဆ | |
ဇန်နဝါရီလ ၁၂ ရက်၊ မနက် ၂:၁၅နာရီ (GMT+ ၆:၃၀) |
SBOTOP 1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၂.၀၀ ဆ၊ သရေအတွက် ၃.၃၀ ဆ၊ ဧည်သည့် အသင်းအတွက် ၃.၇၅ ဆ ကြေးဖွင့်ထားပါတယ်။ ဘရန့်ဖို့ဒ်ရဲ့ နောက်ပိုင်းခြေစွမ်းက တည်ငြိမ်ပါတယ်။ ဒါ့အပြင် အဝေးကွင်းခြေစွမ်းကလည်း လျှော့တွက်လို့ မရပါဘူး။ ဆောက်သမ်တန် ကတော့ အဓိက ကစားသမား အစုံအလင် ပါဝင်လာမှာဖြစ်လို့ အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ ရာခိုင်နှုန်း တော်တော်များပါတယ်။ အပြန်အလှန် သွင်းဂိုးအချို့ မြင်တွေ့ရနိုင်ပါတယ်။ သရေရလဒ် ထွက်ပေါ်ခဲ့မယ် ဆိုရင်လည်း နှစ်သင်းလုံး အတွက် အမျှတဆုံး အဖြေတစ်ခ ုဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ရွေးချယ်မှု အနေနဲ့ကတော့ အိမ်ရှင် ဆောက်သမ်တန်ဘက်မှာ ရပ်တည်တာပဲ အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ ဆောက်သမ်တန်အနိုင် သေချာပါတယ်။
ခန့်မှန်းရလဒ် (၂-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.