Opta ရဲ့ စူပါကွန်ပျူတာ ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ကနေ မန်ချက်စတာယူနိုက်တက် တန်းမဆင်းရနိုင်ပေမယ့် အဆင့် ၁၄ နေရာနဲ့သာ ရာသီသိမ်းလိမ့်မယ်လို့ ခန့်မှန်းလာခဲ့ပါတယ်။ အချက်အလက်တွေ အပေါ်မှာ အခြေခံ တွက်ချက်တဲ့ Opta ရဲ့ စူပါကွန်ပျူတာဟာ နှစ်စဉ် နှစ်တိုင်း အနီးစပ်ဆုံး မှန်ကန်အောင် ခန့်မှန်းနိုင်လေ့ ရှိတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ မန်ချက်စတာယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး လက်ရှိ အဆင့်ထက် တစ်ဆင့်သာ မြင့်တက်နိုင်ဖို့ ရှိကြောင်း စူပါကွန်ပျူတာက ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ Opta ရဲ့ တွက်ချက်မှုအရ ယူနိုက်တက် အနေနဲ့ အဆင့် ၁၄ မှာ ရပ်တည်နိုင်ချေက ၁၉ ရာခိုင်နှုန်း အထိ အမြင့်ဆုံးမှာ ရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ရဲ့ အဆင့် ၁၃ ရနိုင်ခြေက ၁၇.၃ ရာခိုင်နှုန်း၊ အဆင့် ၁၅ ရနိုင်ခြေက ၁၇.၉ ရာခိုင်နှုန်း အထိရှိနေပြီး တန်းဆင်းရမယ့် အဆင့် ၁၈ နေရာ အတွက် ကတော့ ၀.၁ ရာခိုင်နှုန်း၊ အဆင့် ၁၉နဲ့ အဆင့် ၂၀ နေရာတွေ အတွက် ကတော့ ၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အဆင့် ရပ်တည်မှု အမြင့်ဆုံး အဖြစ် အဆင့် ၆ ရနိုင်ခြေ ကတော့ ၀.၁ ရာခိုင်နှုန်းသာ ရှိပြီးတော့ ထိပ်ဆုံး ၅ သင်း စာရင်းဝင်နိုင်ခြေ ကတော့ ၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အဖြစ် အဆင့် ၈ နေရာ မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ ရာသီမှာလည်း အခုထက် အခြေအနေ ပိုဆိုးဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လစ်ဗာပူးလ် ရရှိမှာ ဖြစ်ပြီး အာဆင်နယ်က ဒုတိယ၊ မန်စီးတီက တတိယနဲ့ နော့တင်ဟမ်ဖောရက်စ်က စတုတ္ထ နေရာတွေ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီနောက် ချဲလ်ဆီး ကတော့ ပဉ္စမနေရာ၊ ဘုန်းမောက်က ဆဌမ၊ နယူးကာဆယ်က သတ္တမ နေရာတို့ အသီးသီး ရရှိလိမ့်မယ်လို့ ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ အဆင့် ၁၅ အထိ ရောက်ရှိသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရူဘင် အမော်ရင်ရဲ့ အသင်းက တန်းဆင်းဇုန်က အစ်ပ်ဆွစ်ချ်တောင်းနဲ့ပါ ၁၂ မှတ်သာ ကွာဟသွားခဲ့ရသလို တန်းဆင်းဇုန် အန္တရာယ်နဲ့ တဖြည်းဖြည်း နီးကပ်လာပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ ၈ ပွဲ အထိ ရှိလာခဲ့ပြီးတော့ ရမှတ် ၂၉ မှတ်သာ ရရှိထားပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၁ နှစ်တာ ကာလ အတွင်း အဆိုးရွှားဆုံး အခြေအနေ တစ်ခုဆီ ရောက်ရှိနေခဲ့တာ ဖြစ်ပြီး လက်ရှိ အသင်း မှာလည်း ဒဏ်ရာရ ကစားသမား အရေအတွက်က များပြားနေတာကြောင့် အသင်း အတွက် ထိုးနှက်ချက် ဖြစ်နေပါတယ်။
Opta ရဲ့ တွက်ချက်မှုအရ ဒီရာသီ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ်က အကြိမ် ၂ဝ မြောက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ၈၅.၈% ရှိနေကြောင်း စူပါကွန်ပျူတာက ခန့်မှန်းထားပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ဝင်ခွင့် ကိုတော့ လစ်ဗာပူးလ်၊ အာဆင်နယ်၊ မန်စီးတီးနဲ့ နော့တင်ဟမ်ဖောရက်စ် တို့က ရရှိမယ်လို့ တွက်ချက်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.