နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်အသင်း ချန်ပီယံဖြစ်မလဲ ဆိုတာ တွက်ချက်ပေးလိုက်ပြန်တဲ့ စူပါကွန်ပြူတာ | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလည်း ရာသီကုန်ခါနီးလေ စိတ်ဝင်စားဖို့ ကောင်းလေ ဖြစ်ပြီး ပွဲစဉ် (၃၅) အပြီးမှာတော့ အာဆင်နယ်နဲ့ မန်စီးတီး နှစ်သင်းသာ ချန်ပီယံဆု အတွက် အဓိကထား ယှဉ်ပြိုင်နေရပြီ ဖြစ်ပါတယ်။

ယာဂင် ကလော့ပ်ရဲ့ လစ်ဗာပူးလ်ဟာ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းမှာ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ချန်ပီယံ ပြေးလမ်း ကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ တကယ်တမ်းက လစ်ဗာပူးလ်ဟာ အာဆင်နယ်၊ မန်ချက်စတာစီးတီး တို့ထက် ပွဲပိုချောင်ခဲ့ပြီး ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးသွားခဲ့တာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ယူရိုပါလိဂ် ပထမအကျော့ အန်ဖီးလ်မှာ အတ္တလန္တာကို မထင်မှတ်ပဲ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီးနောက် Form ပျက်သွားခဲ့တာ ဖြစ်ပြီး ခရစ္စတယ်ပဲ့လေ့စ်ကို ဆက်ရှုံးခဲ့ပါတယ်။ အတ္တလန္တာကို ဒုတိယအကျော့မှာ နိုင်ခဲ့ပေမယ့် ၁ ဂိုးတည်းနဲ့ အနိုင်ရခဲ့တာ ဖြစ်လို့ နှစ်ကျော့ပေါင်း ၃-၁ ရလဒ်နဲ့ ပြိုင်ပွဲ ကနေ လက်ပြခဲ့ရပါတယ်။ ဒီပွဲအပြီးမှာ ဖူလ်ဟမ်ကို အဝေးကွင်းမှာ နိုင်ခဲ့ပေမယ့် အဲဗာတန်ကို ၂-၀ နဲ့ ရှုံးကာ ဝက်စ်ဟမ်းနဲ့ ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် လစ်ဗာပူးလ်က လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေပေမယ့် အာဆင်နယ်ကို ပွဲအရည်အတွက်တူနဲ့ ၅ မှတ် ပြတ်သွားသလို၊ မန်စီးတီး ထက်လည်း တစ်ပွဲ ပိုကစားပြီး ၄ မှတ် ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ကျန် ၃ ပွဲသာ ကျန်ရှိတော့ချိန်မှာ ပြိုင်ဘက်တွေရဲ့ ခြေစွမ်းအရ လစ်ဗာပူးလ်တို့ ဘယ်လိုမှ လိုက်မှီဖို့ မဖြစ်နိုင်တော့တာပါ။ ဒါ့အပြင် လက်ကျန် ပွဲစဉ် ၃ ပွဲမှာ ကလော့ပ်ရဲ့ အသင်းက စပါးနဲ့ ဗီလာလို အသင်းကြီးတွေနဲ့ ရင်ဆိုင်ရဦးမှာ ဖြစ်သလို ဝုဗ်လို့ ဒုက္ခပေးတတ်တဲ့ အသင်းကိုလည်း ကျော်ဖြတ်ရဦးမှာ ဖြစ်ပါတယ်။ သေချာတာ ကတော့ လစ်ဗာပူးလ်တို့ အဆင့် ၃ နေရာနဲ့ပဲ ရာသီသိမ်းရဖို့ များသွားပြီ ဖြစ်ပါတယ်။ စိတ်မကောင်းစရာက ဖလား ၄ လုံး ချန်ပီယံ အဖြစ်နဲ့ ရာသီသိမ်းပြီး အနိုင်ပိုင်းချင်တဲ့ ကလော့ပ် အတွက်တော့ ကျွဲစိမ်းနဲ့ပဲ ပွဲသိမ်းရဖို့ များသွားပြီ ဖြစ်ပါတယ်။

မန်စီးတီး ကတော့ ရာသီကုန်ခါနီးချိန်တိုင်း တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသပြီး ဆုဖလားတွေ သိမ်းတတ်တဲ့ အသင်း ဖြစ်သလို လက်ရှိမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံးပါပဲ။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေတဲ့ ချဲလ်ဆီး

အာဆင်နယ် ကတော့ ချန်ပီယံလိဂ် ကနေ ထွက်ခွာလာရသလို ဗီလာကိုလည်း အိမ်ကွင်းမှာ မထင်မှတ်ပဲ အရေးနိမ့်ခဲ့ပေမယ့် ဝုဗ်ကို ၀-၂၊ ချဲလ်ဆီးကို ၅-၀၊ စပါးကို ၂-၃ ရလဒ်တွေနဲ့ အနိုင်ရလိုက်တာကြောင့် ပရီးမီးယားလိဂ် ပြေးလမ်းပေါ်မှာ အကောင်းဆုံး ရပ်တည်ထားနိုင်ဆဲ ဖြစ်ပါတယ်။ မန်စီးတီး ထက် တစ်ပွဲ ပိုကစားထားလို့ ချန်ပီယံ ဖြစ်ဖို့ ရာခိုင်နှုန်း နည်းနေပေမယ့် မီခဲလ် အာတေးတားရဲ့ အသင်းက သူတို့ လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်နေပြီး ပပ်ရဲ့ အသင်း ခြေချော်မှာကိုပဲ စောင့်နေပုံရပါတယ်။ အာဆင်နယ်ဟာ လက်ကျန် ၃ ပွဲမှာတော့ ဘုန်းမောက်၊ ယူနိုက်တက်၊ အဲဗာတန် တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဒီ ၃ ပွဲထဲ မှာမှ ယူနိုက်တက်နဲ့ ပွဲဟာ အာဆင်နယ် အတွက် အခက်ခဲဆုံး ဖြစ်လာဖို့ ရှိနေပါတယ်။

မန်စီးတီး ကတော့ ရာသီကုန်ခါနီးချိန်တိုင်း တည်ငြိမ်တဲ့‌ ခြေစွမ်းကို ပြသပြီး ဆုဖလားတွေ သိမ်းတတ်တဲ့ အသင်း ဖြစ်သလို လက်ရှိမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံးပါပဲ။ မန်စီးတီးဟာ လက်ကျန် ၄ ပွဲ ကစားဖို့ ရှိနေသလို သူတို့ အတွက် စိုးရိမ်ရမယ့် အသင်း ဆိုလို့ စပါး တစ်သင်းသာ ကျန်ရှိပါတယ်။

လက်တလော စူပါကွန်ပြူတာရဲ့ တွက်ချက်မှုမှာ အာဆင်နယ်ဟာ ပွဲစဉ် (၃၅) မတိုင်ခင် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ချေ ၂၆.၆ ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။ စပါးကို အနိုင်ရပြီးချိန်မှာတော့ အာဆင်နယ်ရဲ့ ချန်ပီယံ ဖြစ်နိုင်ချေက ၃၂.၅ ရာခိုင်နှုန်း ရှိလာခဲ့ပါတယ်။ မန်စီးတီး ကတော့ ၇၁.၇ ရာခိုင်နှုန်း အထိ ရှိခဲ့ရာကနေ ၆၇.၄ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ၁.၇ ရာခိုင်နှုန်း ကနေ ၀-၁ ရာခိုင်နှုန်း အထိ ထိုးဆင်းသွားခဲ့ပြီး မဖြစ်နိုင်သလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကတော့ လက်ကျန် ပွဲစဉ် အခြေအနေတွေ မူတည်ပြီး စူပါကွန်ပြူတာက တွက်ချက်ခဲ့တာ ဖြစ်ပေမယ့် တကယ့် လက်တွေ့မှာရော အာဆင်နယ်နဲ့ မန်စီးတီး ဘယ်အသင်း ခြေချော်မလဲ၊ ဒါမှမဟုတ် နှစ်သင်းစလုံး ကပဲ အမှားအနည်းဆုံးနဲ့ ကစားပြီး ရာနှုန်းပြည့် နိုင်ပွဲတွေ ရသွားမလား ဆိုတာ ကတော့ ထုံးစံ အတိုင်း စောင့်ကြည့်မှပဲ သိရမှာပါ။ စာရေးသူ အတွက် ကတော့ အာဆင်နယ်ကို ဒုက္ခပေးနိုင်တာက ယူနိုက်တက် ဖြစ်ပြီး မန်စီးတီးကို အခက်တွေ့စေမှာက စပါးလို့ပဲ မြင်ပါတယ်။ ဒီနှစ်ပွဲကပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဘယ်အသင်း ကိုင်မြှောက်သွားနိုင်မလဲ ဆိုတာ အဖြေထုတ်ပေးသွားမယ်လို့ ယူဆရင်း…။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်