ဆောက်သမ်တန် – အဲဗာတန်
ဆောက်သမ်တန်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းတွေနဲ့ ဆက်တိုက် ရင်ဆိုင် အပြီး မှာတော့ အဲဗာတန်လို အသင်းကောင်း တစ်သင်းနဲ့ ထပ်မံ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဆောက်သမ်တန်ဟာ လက်တလော အဘက်ဘက်က တက်ရိပ်ပြနေတဲ့ အသင်း ဖြစ်ပြီး အဲဗာတန် ကတော့ အပြောင်းအလဲတွေ အောက်မှာ ရလဒ်ပိုင်း တည်ငြိမ်ဖို့ ကြိုးစားနေရဆဲ ဖြစ်လို့ မဖြစ်မနေ စောင့်
ည့်ရမယ့် ပွဲလို့ ဆိုရင်လည်း မမှားပါဘူး။
ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ဝုဗ် တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားတဲ့ ဆောက်သမ်တန်တို့ လက်ရှိမှာ အဘက်ဘက်က တက်ရိပ်ပြနေတဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ ရာသီအစမှာ ရုန်းကန်ခဲ့ရသလောက် နည်းဗျူဟာပိုင်း ကျွမ်းကျင်တဲ့ နည်းပြ ရက်ဖ် ဟတ်ဆန်ဟတ်တဲလ်ရဲ့ လက်အောက်မှာ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းပိုင်း တိုးတက်လာမှုနဲ့ အတူ ရလဒ်ပိုင်းပါ သိသိသာသာ တက်လာတဲ့ ဆောက်သမ်တန်တို့ လက်တလော အဆင့် ၁၀ နေရာကို ပြန်လည် ရောက်ရှိနေခဲ့တာ တွေ့ရပါတယ်။ ၄-၄-၂ နဲ့ ၄-၂-၂-၂ ကစားကွက် နှစ်ခုလုံးနဲ့ အဆင်ပြေနေတာ တွေ့ရပြီး မန်ချက်စတာမြို့ခံ နှစ်သင်းကို သရေ၊ စပါးကို ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ဝက်စ်ဟမ်းကို အနိုင်ရထားတဲ့ ဆောက်သမ်တန်ဟာ ပြိုင်ဘက်တိုင်းကို ခြေရည်တူ ယှဉ်ကစားနိုင်တဲ့ အသင်း ဆိုတာ အားလုံးလည်း တွေ့မြင်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် လက်တလော ဆောက်သမ်တန်မှာ အဓိက ကစားသမား အားလုံးနီးပါး ပွဲထွက် ကစားနိုင်ဖို့ ရှိနေတယ်လို့ သိရပြီး အခုပွဲမှာလည်း ဟတ်ဆန်ဟတ်တဲလ်ရဲ့ အသင်းကို အတောင့်တင်းဆုံး လူစာရင်းနဲ့ မြင်တွေ့ရဖို့ များနေပါတယ်။
အဲဗာတန် ကတော့ ဖရန့်ခ် လမ်းပတ် စတင်ကိုင်တွယ်ချိန်က စလို့ ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲ ကစားထားရာမှာ ၂ ပွဲနိုင်၊ ၁ ပွဲရှုံး ရလဒ် ရရှိထားခဲ့ပါတယ်။ အက်ဖ်အေဖလားမှာ ဘရန့်ဖို့ဒ်ကို ၄-၁ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် နောက်ပွဲ မှာတော့ နယူးကာဆယ်ကို ဂိုးပြတ် ရှုံးခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ပွဲမှာ လိဒ်စ်ယူနိုက်တက်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ယူပြခဲ့လို့ ဖရန့်ခ်လမ်းပတ် အနေနဲ့ ဝေဖန်သံတွေကို အတိုင်းအတာ တစ်ခု အထိ လျှော့ချထားနိုင်ခဲ့ပါတယ်။ တစ်ချက်ရှိတာက အဲဗာတန်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည် ဖြစ်ပြီး အိမ်ကွင်း ၁၁ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားသလို ၃ ပွဲသရေ၊ ၇ ပွဲ ရှုံးထားတဲ့ အထိ စိတ်ပျက်စရာ ကောင်းနေခဲ့ပါတယ်။ လမ်းပတ် အနေနဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေရဲ့ ခြေစွမ်းကို စောင့်ကြည့်ချင်သေးပုံရပြီး ပွဲချိန်ပြည့် မသုံးသေးတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း လိဒ်စ်နဲ့ ပွဲတုန်းက ခြေစွမ်းပြခဲ့တဲ့ ဒွန်နီ ဗန်ဒီဘိခ်ကို ကွင်းလယ်မှာ ဆက်သုံးပြီး ရစ်ချာလီဆင်၊ ဒေါမနစ် ကလဲဗက်လီဝင်း၊ ဂေါဒွန်၊ အဲလန်၊ အီဝိုဘီ၊ ကိန်း၊ ကန်နီ၊ ဟိုးလ်ဂိတ်၊ ကိုးလ်မန်း၊ ပစ်ခ်ဖို့ဒ် တို့ကိုလည်း ပွဲထွက်ကစားစေဖို့ များနေပါတယ်။ ဒိုကိုရေး၊ ဒမ်မာရီ ဂရေး တို့ကတော့ ဒဏ်ရာက ပြန်လည် သက်သာလာပြီ ဖြစ်ပေမယ့် အရန်ခုံမှာပဲ ထိုင်ရဖို့ များနေပါတယ်။ မီနာ၊ ဂေါ့ဖရေး၊ ဒက်ဖ်၊ တွမ်ဒေးဗီးစ်၊ ဆီဂတ်ဆန် တို့ကတော့ ဒီပွဲကို ကျိန်းသေပေါက် လွဲချော်ကြမှာ ဖြစ်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု အကြိမ် ၂၀ မှာ ဆောက်သမ်တန်က ၇ ကြိမ်နိုင်၊ အဲဗာတန်က ၉ ကြိမ်နိုင်ပြီး ၄ ကြိမ် ကတော့ သရေလဒ်နဲ့ ပြီးဆုံးထားခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အစဉ်အလာအရ တစ်သင်းနဲ့ တစ်သင်း အသာရမှု သိပ်မရှိခဲ့ဘူးလို့ ပြောလို့ ရပါတယ်။ နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာတော့ ဆောက်သမ်တန်က ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး အဲဗာတန်က ၃ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျထားခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့ ဂူဒီဆင်ပါ့ခ် တွေ့ဆုံမှု မှာလည်း အဲဗာတန်တို့ ၃-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
ဆောက်သမ်တန် – အဲဗာတန် | 1X2 ဆောက်သမ်တန် @ ၂.၁၂ ဆ | |
ဖေဖော်ဝါရီလ ၁၉ ရက်၊ ည ၉:၃၀ နာရီ (GMT+ ၆:၃၀) |
SBOTOP 1×2 မှာတော့ အိမ်ရှင် ဆောက်သမ်တန် အတွက် ၂.၁၂ဆ၊ သရေ အတွက် ၃.၄၀ဆ၊ အဲဗာတန် အတွက် ၃.၃၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ နှစ်သင်းလုံး ထက်မြတ်တဲ့ တိုက်စစ် ကိုယ်စီ ပိုင်ဆိုင်ထားတဲ့ အသင်းတွေ ဖြစ်လို့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရဖို့ များနေပြီး အဆုံးသတ် သေချာတဲ့ အသင်းက ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရသွားမယ့် ပွဲလို့ပဲ ထင်ပါတယ်။ ရွေးချယ်မှု တစ်ခု အရ ဆိုရင်တော့ အသင်းကြီးတွေ ကိုတောင် ကောင်းကောင်း ပညာပြလာတဲ့ ဟတ်ဆန်ဟတ်တဲလ်ရဲ့ စိန့်ကိုပဲ ရွေးချယ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ် (၂-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.