နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စိတ်ပျက်စရာ ခြေစွမ်းနဲ့ တက်ဖ်မောမှာ ရှုံးနိမ့်ခဲ့တဲ့ စပါး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘန်လေ ၁ – ၀ တော့တင်ဟမ်ဟော့စပါး

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန် ပွဲစဉ် တစ်ပွဲ မှာတော့ ဘန်လေတို့ ဘန်မီးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ တက်ဖ်မောမှာ တော့တင်ဟမ်ဟော့စပါးကို အနိုင်ရသွားခဲ့ပါတယ်။ စပါးတို့ ပထမပိုင်း တစ်ပိုင်းလုံး အကြိမ်ကြိမ် ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခြင်း မရှိခဲ့ပေမယ့် ဘန်လေ ကတော့ ဒုတိယပိုင်းမှာ အကောင်းဆုံး ခြေစွမ်းနဲ့ ပြန်လာနိုင်ခဲ့လို့ အခုလို ရလဒ် ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ အိမ်ရှင် ဘန်လေတို့ ၄-၄-၂ နဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဝတ်ဝက်ဂ်ဟော့စ်နဲ့ ဂျေး ရိုဒရီဂတ်ဇ်တို့ ဦးဆောင်လာတဲ့ တိုက်စစ်နဲ့ အတူ ဘရောင်းဟေးလ်၊ တာကောစကီး၊ ဘန်မီး၊ မက်နေးလ်၊ ကော့ခ် တို့ပါဝင်တဲ့ အစုအဖွဲ့နဲ့ စပါးကို ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ စပါး ကလည်း ပြီးခဲ့တဲ့ မန်စီးတီးကို အနိုင်ရတဲ့ ပွဲတုန်းက လူစာရင်း၊ ကစားကွက်တွေ ကိုပဲ အသုံးပြုသွားခဲ့ပြီး တိုက်စစ်မှာ ဟယ်ရီကိန်း တစ်ဦးတည်းကို အထောင်ထားကာ ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီး၊ ဘန်တန်ကာ၊ ဟွိုက်ဘယက်ဂျ်၊ ရိုမဲယို၊ ဒိုင်ယာတို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

ပထမပိုင်း တစ်ပိုင်းလုံး ကွန်တီရဲ့ အသင်းက အားရစရာ ခြေစွမ်းနဲ့ ဘန်လေ ဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် ဟယ်ရီကိန်းရဲ့ ခေါင်းတိုက်ချက် ဘားတန်း ထိခဲ့သလို အီမာဆင်၊ ဘန်ဒေးဗီးစ်နဲ့ ကူလူဆက်ဗ်စကီးတို့ ဂိုးရှေ့မှာ တောက်လျောက် လွဲနေခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဘန်လေ ကတော့ အခွင့်အရေး ရရင် ရသလို လျင်လျင်မြန်မြန်နဲ့ တန်ပြန် တိုက်စစ်ကို ပုံဖော်သွားခဲ့ပြီး တောင်ပံက ဖြတ်တင်ပေးပို့မှုတွေ ကတစ်ဆင့် ဂိုးရဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲ့နောက် ဘန်လေ တိုက်စစ်က ဂျေးရိုဒရီဂတ်ဇ်ရဲ့ အပိုင်ခေါင်းတိုက်ချက်ကို လိုရစ် ကာကွယ်သွားခဲ့ပြီး ကူလူဆက်ဗ်စကီးရဲ့ ကန်ချက် ကောင်းပေမယ့်လည်း ဂိုးတိုင်ဘေးက ကပ်ထွက်သွားခဲ့လို့ ပထမပိုင်း အပြီးမှာတော့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒီအခြေအနေ အတိုင်း ဆိုရင်တော့ စပါးတို့ ရာသီ အကုန်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း နေရာ ဝင်ရေး ကတော့ တော်တော်လေး စိုးရိမ်စရာ ရှိလာခဲ့ပြီလို့ ပြောလို့ ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေတဲ့ တော့တင်ဟမ်ဟော့စပါး

ဒုတိယပိုင်း မှာတော့ ကွန်တီ အနေနဲ့ ဘန်တန်ကာ အစား ဝင့်ခ်၊ အီမာဆင် အစား လူးကပ်စ် မော်ရာ တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့ အမျှ အချိတ်အဆက် ပိုမိလာခဲ့တာ ကတော့ ဘန်လေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲချိန် ၇၁ မိနစ်မှာ ဘရောင်းဟေးလ်ရဲ့ အလွတ် တည်ကန်ဘော ကနေ ဘန်မီးက ခေါင်းတိုက် သွင်းဂိုး ရယူနိုင်ခဲ့လို့ ဘန်လေတို့ စိတ်ဓာတ် တက်သွားပြီး လက်ကျန် ပွဲချိန်တွေမှာ စပါးတို့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ ဂျေးရိုဒရီဂတ်ဇ်ရဲ့ အပိုင်ကန်ချက် ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဘားတန်းပေါ်က သိသိသာသာ ကျော်သွားခဲ့လို့ စပါးတို့ ကံကောင်းခဲ့ရပြီး ၁-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

စပါးရဲ့ အခြေအနေက တစ်နေ့ရွှေ၊ တစ်နေ့ငွေ ဖြစ်နေပါတယ်။ တိုက်စစ်က ဟယ်ရီကိန်းသာ မလှုပ်နိုင်ရင် စပါးတို့ ဂိုးရဖို့ ခက်ခဲလေ့ ရှိတယ် ဆိုတာ မြင်သာခဲ့တဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲလည်း ဖြစ်ပါတယ်။ မန်စီးတီးကို အနိုင်ရခဲ့တဲ့ ပွဲက ခြေစွမ်းနဲ့ လုံးဝ မဆိုင်တဲ့ အထိ စပါးရဲ့ ဒုတိယပိုင်း ခြေစွမ်းက စုတ်ပြတ်သတ်ခဲ့ပါတယ်။ ဒီအခြေအနေ အတိုင်း ဆိုရင်တော့ စပါးတို့ ရာသီ အကုန်မှာ ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း နေရာ ဝင်ရေး ကတော့ တော်တော်လေး စိုးရိမ်စရာ ရှိလာခဲ့ပြီလို့ ပြောလို့ ရပါတယ်။ ဘန်လေ ကတော့ ပရီးမီးယားလိဂ် မှာ တင်ကျန်ရေး အကောင်းဆုံး ရုန်းကန်ပြနေပြီး အဆင့် ၁၄ နေရာက ဘရန့်ဖို့ဒ်နဲ့ ၄ မှတ်ပဲ ကွာဟတဲ့ အခြေအနေက တခြား တန်းဆင်းဇုန် ဖိအားရှိနေတဲ့ အသင်းတွေထက် စာရင် မျှော်လင့်ချက်တွေကို ပိုရှိနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘန်လေတို့ လာမယ့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ခရစ္စတယ်ပဲလေ့စ်ရဲ့ အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားဖို့ ရှိပြီး တော့တင်ဟမ်ဟော့စပါး ကတော့ ၂၆ ရက်နေ့မှာ လိဒ်စ်ယူနိုက်တက်ရဲ့ အိမ်ကွင်း အဲလန်ရုတ်ဒ်ကို သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်