ဘန်လေ – တော့တင်ဟမ်ဟော့စပါး
လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညမှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၃)ရဲ့ ပွဲကျန် အဖြစ် ဘန်လေနဲ့ တော့တင်ဟမ်ဟော့စပါးတို့ တက်ဖ်မောကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဘန်လေဟာ အိမ်ကွင်း မာကျောတဲ့ အသင်းဖြစ်လို့ စပါး အတွက်တော့ ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။
ဘန်လေ ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တိုက်စစ် ခြေစွမ်းပြမှုနဲ့ အတူ ဘရိုက်တန်ကို ၃ ဂိုးပြတ် အနိုင်ရခဲ့လို့ ရုပ်ပိုင်းဆိုင်ရာ အရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ အရပါ ပြန်လည် မြင့်တက်နေပါလိမ့်မယ်။ ဒီရာသီ အတွက် ဒုတိယမြောက် ပရီးမီးယားလိဂ် နိုင်ပွဲ ရရှိထားခဲ့တဲ့ ဘန်လေတို့ ပွဲစဉ် ၂၂ အပြီးမှာ ၁၁ ပွဲအထိ သရေကျထားပြီး ရှုံးပွဲ ကတော့ ၉ ပွဲ ရှိထားပါတယ်။ ဘရိုက်တန် ပြီးရင် ဒီရာသီရဲ့ သရေပွဲ အများဆုံး အသင်း ဖြစ်နေတဲ့ ဘန်လေတို့ အိမ်ကွင်း ရှုံးပွဲ ၃ ပွဲသာ ရှိထားပြီး နိုင်ပွဲ ၁ ပွဲ၊ သရေ ၆ ပွဲအထိ ရှိထားပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင် ဘန်လေတို့ ခံစစ်ပိုင်း သာမက တိုက်စစ် ကစားပုံပါ တိုးတက်လာလို့ ပြိုင်ဘက်တိုင်း အတွက် အဆိပ် ရှိတဲ့ အသင်း အဖြစ် သတ်မှတ်လို့ ရပါတယ်။ ဒါ့အပြင် ရှောင်ဒိုက်ချ်ရဲ့ အသင်းက ရာသီ အကုန်မှာ တန်းမဆင်းရရေး အပြည့်အဝ အားစိုက်နေပြီ ဖြစ်လို့ စပါး အနေနဲ့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ လက်တလော အသင်းမှာ ဂတ်မန်ဆန်၊ တာကောစကီး၊ တေလာ၊ ဝက်စ်ဝုဒ်တို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး ဝက်ဂ်ဟော့စ်၊ ဂျေး ရိုဒရီဂတ်ဇ်၊ ကောနတ်၊ ဘရောင်းဟေးလ်၊ ကော့ခ်၊ မက်နေးလ်၊ ပိုက်တားစ်၊ ဘမ်မီး၊ ကောလင်းစ်၊ ရောဘတ်စ်၊ နစ်ခ်ပုပ် တို့ကိုတော့ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။
တော့တင်ဟမ်ဟော့စပါး တို့ အိမ်ကွင်း ၂ ပွဲဆက် ရှုံးနိမ့်အပြီး မှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးကို အီတီဟတ်မှာ အံ့အားသင့်စရာ ခြေစွမ်းနဲ့ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ကိန်းဆွန် အတွဲအဖက် ပြန်မိနေမှုနဲ့ အတူ ကူလူဆက်ဗ်စကီးလည်း သွင်းဂိုးတွေ စတင် ရရှိခဲ့ပြီ ဖြစ်လို့ အန်တိုနီယို ကွန်တီရဲ့ အသင်းက အခုပွဲမှာ အကောင်းဆုံး ပုံစံ တစ်ခုကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ လက်တလော ပရီးမီးယားလိဂ် ၂၃ အပြီးမှာ ရမှတ် ၃၉ မှတ် ရရှိထားတဲ့ စပါးတို့ အဆင့် ၄ နေရာက ယူနိုက်တက်နဲ့ ၇ မှတ် ကွာဟနေပေမယ့် ၃ ပွဲလျော့ ကစားထားတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အပြည့်အဝ ရှိနေဆဲ ဖြစ်ပါတယ်။ လက်တလော စပါး အသင်းမှာ ရက်ဂီလောင်း တစ်ဦးတည်း ဒဏ်ရာပြသနာ ရှိနေပြီး ပွဲထွက်လူစာရင်း မှာတော့ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီး၊ ဆက်ဆနွန်၊ ဟွိုက်ဘက်ဂျ်၊ ဘန်တန်ကာ၊ အီမာဆင် ရွိုင်ရယ်၊ ဘန်ဒေးဗီးစ်၊ ဒိုင်ယာ၊ ခရစ္စတီယန် ရိုမဲယို၊ ဟူဂိုလိုရစ် တို့ ပါဝင်လာဖို့ ရှိနေပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၅ ကြိမ်မှာ ဘန်လေတို့ ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး စပါးတို့ ၁၀ ကြိမ် အထိ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲမှာလည်း စပါးတို့ ၄ ပွဲနိုင်၊ ၁ ပွဲသရေ ကစားထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလက နောက်ဆုံး တွေ့ဆုံထားခဲ့ပြီး ခရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးတို့ လူးကပ်စ် မော်ရာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
ဘန်လေ – တော့တင်ဟမ်ဟော့စပါး | အချိန်ပြည့် @ ၁.၇၅ ဆ | |
ဖေဖော်ဝါရီလ ၂၄ ရက်၊ မနက် ၂:၀၀ နာရီ (GMT+ ၆:၃၀) |
SBOTOP 1X2 မှာ ဘန်လေ အတွက် ၄.၆၀ ဆ၊ တော့တင်ဟမ်ဟော့စပါး အတွက် ၁.၇၅ ဆ၊ သရေ အတွက် ၃.၈၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ အစဉ်အလာအရ စပါးတို့ အပြတ်အသတ် အသာရခဲ့ပေမယ့် လက်ရှိ ခြေစွမ်းအရ ဆိုရင်တော့ ဘန်လေတို့ စပါးကို ကောင်းကောင်း ဒုက္ခပေးနိုင်စွမ်း ရှိနေပါလိမ့်မယ်။ အဓိက ကတော့ ဘန်လေရဲ့ အိမ်ကွင်း မာကျောမှု ဖြစ်ပြီး စပါးတိုက်စစ်က ကိန်း၊ ဆွန်၊ ကူလူဆက်ဗ်စကီးတို့ ရုန်းကန်ရနိုင်ပါတယ်။ ဘန်လေရဲ့ မြန်ဆန်တဲ့ တန်ပြန် တိုက်စစ်ကို စပါးကြောင့် အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပေမယ့် နှစ်သင်းပေါင်း သွင်းဂိုး အများကို သိပ်တော့ သဘော မတွေ့မိပါဘူး။ စပါးတို့ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရသွားဖို့ များနေပါတယ်။
ခန့်မှန်းရလဒ် (၀-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.