နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရိုက်တန်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် ဝင်ခွင့် အိမ်မက်ကို ဆက်လက် အသက်သွင်းနိုင်ခဲ့တဲ့ စပါး (ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်)

ဘရိုက်တန် ၀-၂ တော့တင်ဟမ်ဟော့စပါး

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ အဓိက မြို့ခံပြိုင်ဘက် အာဆင်နယ်တို့ တစ်ဖက်က ပွဲကြပ်နေချိန်မှာ စပါး ကတော့ ဘရိုက်တန်ကို အဝေးကွင်းမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ရဲ့ ပွဲကျန် အဖြစ် ယှဉ်ပြိုင် ကစားခဲ့တာ ဖြစ်ပြီး စပါးတို့ ဘရိုက်တန်ကို အပြန်အလှန် ကစားခဲ့ရပေမယ့် ရိုမဲယိုနဲ့ ကိန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် အဖိုးတန် ၃ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဂရေဟမ်ပေါ်တာရဲ့ အသင်းက ထုံးစံ အတိုင်း ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထွက်ခဲ့ပြီး တိုက်စစ်မှာ မူပေး တစ်ဦးတည်းကို အထောင်ထားခဲ့ပါတယ်။ နောက်မှာ ထရော့ဆက်ဒ်၊ အယ်လစ်စတာ၊ မက်ချ်တို့ရဲ့ ပံ့ပိုးစေခဲ့ပြီး ကွင်းလယ်၊ ခံစစ်နဲ့ ဂိုးမှာတော့ ဘစ်ဆူးမား၊ ဂရော့စ်၊ ကူကာရယ်လာ၊ ဒန့်ခ်၊ ဒက်ဖီ၊ ဗဲ့လ်မန်း၊ ဆန်းချက်ဇ် တို့ ပါဝင်ခဲ့ပါတယ်။ စပါး ကလည်း ပုံမှန် သုံးနေကျ ၃-၄-၂-၁ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ကိန်း၊ ဆွန်၊ ကူလူဆက်ဗ်စကီး၊ ကွင်းလယ်မှာ ဟွိုက်ဘယက်ဂျ်၊ ဘန်တန်ကာ၊ ရက်ဂီလောင်း၊ ဒိုဟာတီ၊ ခံစစ်မှာ ဒေးဗီးစ်၊ ဒိုင်ယာ၊ ရိုမဲယို၊ ဂိုးမှာတော့ လိုရစ်ပဲ ပွဲထွက်ခဲ့ပါတယ်။

စပါးတို့ ပွဲစကတည်း ဘရိုက်တန် ခံစစ်ကို အစီအစဉ်တကျ ထိုးဖောက်နိုင်ခဲ့ပြီး ကြိုတင် ရည်ရွယ်ထားတဲ့ အတိုင်း ဟွိုက်ဘယက်ဂျ်၊ ဘန်တန်ကာ တို့ရဲ့ ဖန်တီးပေးမှု ကနေ ဆွန်၊ ကူလူဆက်ဗ်စကီးနဲ့ ကိန်းတို့ အတွဲအဖက် မိမိ ကစားသွားနိုင်ခဲ့ပါတယ်။ ဆန်းချက်ဇ်ရဲ့ အမှားကနေ ကိန်း ဦးဆောင်ဂိုး သွင်းနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးတိုင်ဘေးက အနည်းငယ် ကပ်ထွက်သွားခဲ့လို့ ဘရိုက်တန်တို့ ကံကောင်းခဲ့ရပေမယ့် ပွဲချိန် ၃၇ မိနစ် မှာတော့ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ စပါးတို့ အမှတ်မထင် ကံကောင်းလို့ ရသွားခဲ့တာ ဖြစ်ပြီး ကူလူဆက်ဗ်စကီးရဲ့ ကန်ချက် ဧရိယာထဲမှာ မတ်တပ်ရပ်နေတဲ့ ရိုမဲယိုနဲ့ ထိကာ လမ်းကြောင်းပြောင်းပြီး ဂိုးထဲ ဝင်သွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် စပါးတို့ တောင်ပံတွေ ကနေ ဂိုးဧရိယာထဲ တိုက်ရိုက်ပေးပို့ပြီး ဘရိုက်တန် ဂိုးပေါက်ကို ခြိမ်းခြောက်ခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့လို့ ပထမပိုင်း အပြီးမှာ ၀-၁ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် ၆ ပွဲဆက် အရှုံးနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပေမယ့် ဒီပုံ အတိုင်း ဆိုရင်တော့ လာမယ့် ပွဲတွေ အပြီးမှာ အဆင့် ထပ်ကျနိုင်ချေ ရှိလာခဲ့ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ဘရိုက်တန်

ဒုတိယပိုင်း ပွဲပြန်စပြီး ၁၀ မိနစ် ကျော် အကြာလောက်မှာ စပါးတို့ ဒုတိယဂိုး ထပ်ရခဲ့ပါတယ်။ ကွင်းလယ်က ဘန်တန်ကာ အကွက်မြင်မြင် ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ကိန်း တောက်လျောက် ဆွဲပြေးပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ကိန်း အနေနဲ့ ဒီဂိုးသွင်း အပြီးမှာ စံချိန်သစ် တစ်ခုကို ထပ်မံ ရေးထိုးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် အဝေးကွင်း သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့တာပါ။ ကိန်း အနေနဲ့ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ၁၃၉ ပွဲ ကစားပြီးချိန်မှာ ၉၅ ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ယူနိုက်တက် ကစားသမားဟောင်း ဝိန်းရူနီ တင်ထားတဲ့ ၉၄ ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ၂ ဂိုးပေးလိုက်ရပြီး နောက်မှာ ဘရိုက်တန်တို့ ချေပဂိုးရဖို့ လိုက်ကစားခဲ့ပေမယ့် စပါးတို့ ပွဲကို အနိုင်ရလဒ်ကို ထိန်းကစားသွားခဲ့လို့ ၀-၂ နဲ့ပဲ ပွဲပြီးသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

တစ်နေ့ရွှေ၊ တစ်နေ့ငွေ စပါး ကတော့ နိုင်ပွဲပြန်ရခဲ့ပြီး ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်း နေရာ ဝင်ရေး ပြိုင်ဘက်တွေကို မျက်ခြေ မပြတ် ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ခြေစွမ်းပိုင်းအရတော့ အထွေအထူး ပြောစရာ မရှိခဲ့ပဲ ဘရိုက်တန် ခံစစ်ရဲ့ အမှားများမှုနဲ့ Final Third အားနည်းမှုတွေကြောင့် စပါးတို့ Clean Sheet နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။ ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် ၆ ပွဲဆက် အရှုံးနဲ့ အတူ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပေမယ့် ဒီပုံ အတိုင်း ဆိုရင်တော့ လာမယ့် ပွဲတွေ အပြီးမှာ အဆင့် ထပ်ကျနိုင်ချေ ရှိလာခဲ့ပါတယ်။ အဲ့ဒီ ရှုံးပွဲ ၆ ပွဲမှာ ၁၃ ဂိုးအထိ ပေးခဲ့ရပေမယ့် ၁ ဂိုးသာ ပြန်ရခဲ့တဲ့ အချက်က ဘရိုက်တန်ရဲ့ တိုက်စစ် ညံ့ဖျင်းနေသလို ခံစစ်ပိုင်း ကလည်း ဘယ်လောက်အထိ ယို့ယွင်းနေသလဲ ဆိုတာ ထောက်ပြသလို ဖြစ်တာကြောင့် ဂရမ်ဟမ် ပေါ်တာ အနေနဲ့ အမြန်ဆုံး ပြင်ဆင်နိုင်ဖို့တော့ လိုအပ်နေပြီ လို့ပဲ ဆိုရပါမယ်။


လာမယ့်ပွဲစဉ်များ

တော့တင်ဟမ်ဟော့စပါးတို့ လာမယ့် မတ်လ ၂၀ ရက်နေ့မှာ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ကစားဖို့ ရှိပြီး ဘရိုက်တန် ကတော့ ဧပြီ ၂ ရက်နေ့မှ ပွဲစဉ် ၃၁ ကို ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်