ဆောက်သမ်တန် – အာဆင်နယ်
ပရီးမီးယားလိဂ် နှစ်ပွဲဆက် ရှုံးနိမ့်ထားတဲ့ အာဆင်နယ်တို့ ဒီတစ်ပတ် မှာတော့ ရလဒ်တွေ တောက်လျောက် ဆိုးရွားနေတဲ့ ဆောက်သမ်တန်ကို စိန့်မေရီမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အာဆင်နယ်တို့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် အမှားခံလို့ မရချိန်မှာ ဆောက်သမ်တန် ဆီက ၃ မှတ် အပြည့် ရအောင်နိုင်မလား ဆိုတာ စောင့်ကြည့်ရဦးမှာလည်း ဖြစ်ပါတယ်။
ရက်ဖ်ဟတ်ဆန်ဟတ်တဲလ်ရဲ့ ဆောက်သမ်တန် အသင်းက ပြိုင်ပွဲစုံ ၆ ပွဲမှာ ၁ ပွဲသရေ၊ ၅ ပွဲ ရှုံးထားတဲ့ အထိ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ စုတ်ပြတ်သတ်နေခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးကို အိမ်ကွင်း စိန့်မေရီမှာ ၆ ဂိုးပြတ် အရေးနိမ့်ထားပြီး လက်တလော အမှတ်ပေးဇယား အဆင့် ၁၄ နေရာကို ရောက်ရှိနေခဲ့ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းနဲ့ စုဖွဲ့မှု အရ ဆိုရင် ဆောက်သမ်တန်မှာ ကစားသမား ကောင်းတွေ တပုံကြီး ရှိနေပေမယ့် နေရာစုံမှာ အားနည်းနေပြီး ရှုံးပွဲတွေ ဆက်နေတာကြောင့်လည်း ယုံကြည်မှုတွေ ပျောက်ဆုံးနေပုံ ရပါတယ်။ ဆောက်သမ်တန်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ် ဆိုရင် ၅ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၄ ပွဲ ရှုံးထားလို့ မဆိုးဘူးလို့ ပြောလို့ ရပေမယ့် စိန့်မေရီမှာ ကစားထားတဲ့ နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ထားပါတယ်။ လက်တလော အသင်းမှာ ရှိန်းလောင်း၊ မက်ကာသီ တို့ နှစ်ဦးတည်း ဒဏ်ရာပြသနာရှိနေပြီး ကျန်အဓိက ကစားသမား အားလုံး ပွဲထွက်နိုင်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – ဖော်စတာ၊ ဘက်ဒ်နာရက်ခ်၊ ဆယ်လီဆူ၊ လစ်ဗရာမန်တို၊ ဝေါလ်ကာ ပီတာ၊ အဲလ်ယွန်နူဆီ၊ အမ်းစတောင်း၊ ရိုမီယူ၊ ဝက်ဒ်ပရောက်စ်၊ အဒမ်၊ ဘရိုဟာ
အာဆင်နယ် ကတော့ အရေးကြီးတဲ့ အချိန်မှ အဓိက ကစားသမားတွေ ဒဏ်ရာရရှိသွားလို့ ချန်ပီယံလိဂ် ဝင်ခွင့်တောင် မသေချာ ဖြစ်နေခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၂ ပွဲဆက် ရှုံးနိမ့်ထားပြီး အဆင့် ၄ နေရာက စပါးနဲ့ ၃ မှတ် ကွာဟနေခဲ့ပေမယ့် ၁ ပွဲလျော့ ကစားထားတာကြောင့် မျှော်လင့်ချက်တော့ ရှိနေဆဲ ဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ် အနေအထားအရ မီခယ်အာတေးတားရဲ့ အသင်း အနေနဲ့ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ ဝက်စ်ဟမ်း၊ စပါး တို့နဲ့ ကစားဖို့ ကျန်နေသေးလို့ အခုလို ပွဲမျိုး ကနေ တတ်နိုင်သမျှ အမှတ်ပြည့်ယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ အဝေးကွင်း ရှုံးပွဲ ၆ ပွဲ ရှိထားတဲ့ အချက်က အားရစရာ အခြေအနေတော့ မဟုတ်ပါဘူး။ လက်တလော အသင်းမှာ သောမက်စ်ပါတေး၊ ကီရင် တီယာနေးနဲ့ တိုမီယာဆုတို့ ဒဏ်ရာ ပြသနာ ရှိနေဆဲ ဖြစ်လို့ ကျိန်းသေပေါက် လွဲချော်ဦးမှာ ဖြစ်ပြီး တာဗာရက်စ်၊ လိုကွန်ညာ တို့ကိုပဲ မတတ်သာတဲ့ အဆုံး ပွဲထွက်ခွင့်ပေးရဦးမယ့် သဘော ရှိပါတယ်။
ဖြစ်နိုင်ဖွယ်လူစာရင်း – ရမ်းစ်ဒေးလ်၊ ဂါဘရီရယ်၊ ဝှိုက်၊ စီဒရစ်၊ တာဗာရက်စ်၊ ချာကာ၊ အိုဒီဂတ်၊ စမစ်ရိုးဝ်၊ ဆာကာ၊ မာတင်နယ်လီ၊ လာကာဇက်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပြိုင်ပွဲစုံ အရပ်ရပ် နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂၃ ကြိမ်မှာ ဆောက်သမ်တန်က ၆ ကြိမ်နိုင်ပြီး အာဆင်နယ် ကတော့ ၁၁ ကြိမ် အနိုင်ရထားပါတယ်။ ၆ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ်စလုံး ပြတ်သားတဲ့ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ တွေ့ဆုံမှု မှာတော့ အာဆင်နယ်တို့ လာကာဇက်၊ အိုဒီဂတ်၊ ဂါဘရီရယ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOPရဲ့ 1X2 မှာ ဆောက်သမ်တန် အတွက် ၃.၇၀ ဆ၊ အာဆင်နယ် အတွက် ၁.၉၇ ဆ၊ သရေ အတွက် ၃.၅၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ အာဆင်နယ်မှာ အဓိက ကစားသမားတွေ လွဲချော်ဦးမှာ ဖြစ်ပေမယ့် တပ်ပျက်နေတဲ့ ဆောက်သမ်တန် ဆီကနေတော့ အမှတ်ပြည့်ယူနိုင်စွမ်း ရှိမယ်လို့ ယုံကြည်ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ပိုင်း တွေ့ဆုံခဲ့တဲ့ ၃ ပွဲမှာ ၂ ပွဲက နှစ်သင်းပေါင်း သွင်းဂိုး ၃ ဂိုးနဲ့ ၃ ဂိုး အထက် ရှိခဲ့ပါတယ်။ ဂိုးပေါ်ကို ကြိုက်ပေမယ့် ကြေးဖွင့်မှုအရ ၁.၉၇ ဆ ရနိုင်မယ့် အာဆင်နယ် တစ်ခုတည်းကို ရွေးချယ်ထားတာက ပိုပြီး စိတ်ချရနိုင်လို့ ဂန်းနားတွေ ဘက်မှာပဲ ခြေစုံပစ် ရပ်တည်ထားချင်ပါတယ်။
ခန့်မှန်းရလဒ် (၁-၃)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.