အာရှ အကောင်းဆုံး ကစားသမားဆုကို ၆ ကြိမ်ဆက် ရခဲ့တဲ့ ဆွန်ဟောင်မင်၊ ယူနိုက်တက်ကို ဝယ်ယူဖို့ အမှန်တကယ် ကြိုးပမ်းနေတဲ့ ကာတာ လုပ်ငန်းစု စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အာရှ အကောင်းဆုံး ကစားသမားဆုကို ၆ ကြိမ်ဆက် ရခဲ့တဲ့ ဆွန်ဟောင်မင်
အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး အသင်းရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ အာရှ အကောင်းဆုံး ကစားသမားဆုကို ထပ်မံ ဆွတ်ခူးသွားခဲ့ပါတယ်။ တောင်ကိုရီးယား လက်ရွေးစင်ဟာ ဒီဆုကို ၆ ကြိမ် ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပြီး ဒီလို စွမ်းဆောင်နိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့သလို စပါး အတွက် ခြေစွမ်းပြခဲ့တဲ့ ဆွန်ဟောင်မင်က အာရှရဲ့ ခြွင်းချက်မရှိ အကောင်းဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယား အသင်းခေါင်းဆောင်လည်း ဖြစ်ပြီး ကမ္ဘာ့ဖလား ပွဲမှာ ဦးဆောင်ပေးခဲ့ကာ ပရိသတ်တွေရဲ့ အားပေးမှုကို အများအပြား ရရှိခဲ့ပါတယ်။
ဆွန်ရဲ့ ဒီအောင်မြင်မှု အတွက် ဂုဏ်ယူမိကြောင်း စပါး အသင်းက သတင်းထုတ်ပြန် ရေးသားကာ ဂုဏ်ပြုခဲ့ပါတယ်။ အသက် ၃၀ အရွယ် ဆွန်ဟောင်မင်ဟာ ဒီရာသီမှာလည်း အသင်းရဲ့ အဓိက ကစားသမား အဖြစ် ပါဝင် ကစားပေးနေပြီး ခြေစွမ်းပြနိုင်ဖို့တော့ အနည်းငယ် ရုန်းကန်နေရပါတယ်။
မန်စီးတီးက ဂွာဒီယိုလာ ထွက်ခွာရင် နည်းပြသစ် အဖြစ် ပိုချက်တီနို ရေပန်းစားနေ
ဘဏ္ဍာရေးပိုင်း ဆိုင်ရာ အရှုပ်အထွေးတွေကြောင့် ပြစ်ဒဏ် ချမှတ်ခံရဖွယ် ရှိနေတဲ့ မန်ချက်စတာစီးတီး အသင်း ကနေ နည်းပြ ပပ် ဂွာဒီယိုလာက ထွက်ခွာနိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။ ဂွာဒီယိုလာ ကိုယ်တိုင် ကလည်း အသင်းဘက်က သူ့ကို လိမ်လည်မှုတွေ လုပ်ထားခဲ့တယ် ဆိုရင် ချက်ချင်းပဲ ရာထူး ကနေ နုတ်ထွက်မှာ ဖြစ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
အခုအခါမှာ သူ ထွက်ခွာခဲ့မယ် ဆိုရင် နည်းပြသစ် အဖြစ် တေ့ာတင်ဟမ်ဟော့စပါးနဲ့ ပီအက်စ်ဂျီ နည်းပြဟောင်း မော်ရီစီယို ပိုချက်တီနိုက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဘွတ်ကီတွေရဲ့ အလေးပေးမှုမှာ ပိုချက်တီနိုက ၇လေး ၂လေးနဲ့ ထိပ်ဆုံးက ရှိနေကာ အင်္ဂလန် ချန်ပီယံရှစ် ကလပ် ဘန်လေ နည်းပြ ဗင်းဆင့် ကွန်ပနီက ၉ လေး ၂ လေးနဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
အဲဒီနောက်မှာ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းက ၆လေး ၁လေး၊ အာဆင်နယ် နည်းပြ အာတေတာက ၁၅လေး ၂လေး၊ ချဲလ်ဆီး နည်းပြဟောင်း တူချယ်လ်က ၉လေး ၁လေးနဲ့ အစဉ်လိုက် ရှိနေပါတယ်။ မန်စီးတီး ကတာ့ သူတို့မှာ အပြစ် မရှိဘူးလို့ တုံ့ပြန်ထားပေမယ့် ပရီးမီးယားလိဂ် အဖွဲ့ချုပ် ကတော့ အချက်အလက်တွေက အခိုင်အမာနဲ့ ဖော်ထုတ်ထားပါတယ်။
မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူဖို့ အမှန်တကယ် ကြိုးပမ်းနေတဲ့ ကာတာ လုပ်ငန်းစု
မန်ချက်စတာယူနိုက်တက် အသင်းကို ဝယ်ယူဖို့ အတွက် ကာတာနိုင်ငံရဲ့ ဥသျှောင်လို့ ဆိုရမယ့် ကာတာ စော်ဘွားနဲ့ နီးစပ်တဲ့ လုပ်ငန်းစုက ကြိုးပမ်းနေတာဟာ အမှန်တကယ် ဖြစ်တယ်လို့ ဆိုပါတယ်။ ကာတာ လုပ်ငန်းစု အပြင် တရုတ်နဲ့ အမေရိကန် လုပ်ငန်းစုတွေ ကလည်း ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ကို ဝယ်ယူဖို့ အပြိုင် ကြိုးစားနေတယ်လို့ သိရပါတယ်။
ဝယ်ယူဖို့ ကမ်းလှမ်းမယ့် သူတွေဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နောက်ဆုံးထား ကမ်းလှမ်းရမယ်လို့ သိရပြီး ကာတာ ဘက်ကတော့ အစစအရာရာ အသင့် ဖြစ်နေပြီး ပေါင် ၆ ဘီလျံလောက်နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ဂလေဇာ မိသားစု ကတော့ ယူနိုက်တက်ကို မရောင်းချချင်ပေမယ့်လည်း ကာတာ ဘက်က ပေးချေမယ့် ငွေကြေးက များပြားလွန်းလို့ ရောင်းချဖွယ်ရာ ရှိနေပါတယ်။
ကာတာ ဘက်က အသင်းရဲ့ အနာဂတ် အစီအစဉ်တွေ၊ ကစားသမားသစ်တွေ ခေါ်ယူမယ့် စီမံကိန်းတွေ ကိုပါ အသင့် ပြင်ဆင်ထားတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ အရ သိရပါတယ်။ ယူနိုက်တက် ပရိသတ်တွေ ကတော့ ကာတာ ပိုင်ရှင်တွေ လက်ထဲ အသင်းကို ရောက်ရှိစေလိုပြီး အင်အား ကြီးမားတဲ့ အသင်း အဖြစ် ပြန်လည် တည်ဆောက်စေချင်နေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.