နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲရစ်ခ် တန်ဟက်ဂ်ကို ရာထူးကနေ မထုတ်ပယ်ရခြင်း အကြောင်း ဖွင့်ဟလာတဲ့ ရက်ကလစ်ဖ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် ဖြစ်သူ ဆာဂျင်မ် ရက်ကလစ်ဖ် ကတော့ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ရာထူးကနေ မထုတ်ပယ်ရခြင်း အကြောင်းကို ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

လက်ရှိ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် မှာ အသင်းကို အဆင့် ၈ နေရာသာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ၂၀၂၁/၂၂ ဘောလုံး ရာသီမှာ ဂိုးကွာခြားချက် ၀ နဲ့ ရာသီသိမ်းနိုင်ခဲ့ပေမယ့် ဒီရာသီ မှာတော့ ပိုပြီး ဆိုရွားတဲ့ စံချိန် တစ်ခု ထပ်တင်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီက တစ်ပွဲ ပျမ်းမျှ ပေးဂိုး ၁.၅ ဂိုးနှုန်း ရှိခဲ့ပြီး ရဂိုး ကလည်း ၁.၅ ဂိုးနှုန်း ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ၄ ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးတွေ အပြင် တစ်ရာသီလုံး ရှုံးပွဲ ၁၄ ပွဲ အထိ ရှိခဲ့တဲ့ မှတ်တမ်းဆိုးတွေလည်း ပိုင်ဆိုင်ခဲ့ရပါသေးတယ်။

ဒါပေမယ့်လည်း တန်ဟက်ဂ်ရဲ့ အသင်းက ရာသီကုန်ချိန်မှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့သလို၊ ရာသီပိတ် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကို အနိုင်ရရှိကာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ယူနိုက်တက်က ဥရောပ ပြိုင်ပွဲ ဝင်ခွင့် တစ်နေရာ အဖြစ် ယူရိုပါလိဂ် ကစားခွင့် ကိုလည်း အခိုင်အမာ ဆုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေက အဲရစ်ခ် တန်ဟက်ဂ်ကို ရာထူး ကနေ ထုတ်ပယ်ဖို့ စဉ်းစားခဲ့သလို၊ တခြား နည်းပြ များစွာနဲ့လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်ဆုံး မှာတော့ ယူနိုက်တက်က သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး တန်ဟက်ဂ်ကို နည်းပြ အဖြစ် ဆက်လက်ထားရှိခဲ့သလို စာချုပ်သက်တမ်းလည်း တိုးမြှင့်ခဲ့ပါတယ်။

 
ဒါပေမယ့်လည်း တန်ဟက်ဂ်ရဲ့ အသင်းက ရာသီကုန်ချိန်မှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့သလို၊ ရာသီပိတ် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာလည်း ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးကို အနိုင်ရရှိကာ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
တန်ဟက်ဂ်က အလုပ်ကြိုးစားသူ ဖြစ်ကြောင်း ပြောလာတဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်

ဒီလို တန်ဟက်ဂ်ကို စာချုပ်သက်တမ်း တိုးမြှင့်ဖြစ်ခဲ့ခြင်းနဲ့ ပတ်သတ်လို့ ဆာဂျင်မ် ရက်ကလစ်ဖ်က အခုလိုပဲ ဖြေရှင်းသွားခဲ့တာ ဖြစ်ပါတယ်။ ရက်ကလစ်ဖ်က “အဲရစ်ခ် တန်ဟက်ဂ်က အသင်း အတွက် အရမ်းကို ကြိုးစားပေးနေတဲ့သူ တစ်ယောက်ပါ။ ဒါပေမဲ့ အောက်ခြေ ကနေ အမြင့်ဆုံးတွေ အထိ အကုန် ပြောင်းလဲချင်ပါတယ်။ ကျွန်တော် တို့က ဒါကို သဘောမကျပေမယ့် နောက်ဆုံး မှာတော့ သဘောတူညီမှု ရရှိခဲ့ပါတယ်” လို့ ဖွင့်ဟသွားခဲ့ပါတယ်။

တန်ဟက်ဂ်ဟာ ယူနိုက်တက်ကို ရောက်ရောက်ချင်း ရာသီမှာ ခရာဘောင်ဖလား ရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ချန်ပီယံလိဂ်မှာ အုပ်စု အောက်ဆုံး ကနေ လှည့်ပြန်ခဲ့ရသလို ပရီးမီးယားလိဂ် မှာလည်း အဆင့် ၈ နေရာမှာ ရပ်တည်နိုင်အောင်သာ စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်တလော မှာ‌တော့ မန်ချက်စတာယူနိုက်တက်ဟာ မြို့ခံ ပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ် ကစားထားပြီး သာမန် ပွဲကစားချိန် အတွင်း တစ်ဂိုးစီး သရေကျခဲ့ပေမယ့် ပင်နယ်တီမှာတော့ မန်စီးတီးကို အရှုံးပေးခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ကွန်မြူနတီဒိုင်း ပြိုင်ပွဲမှာ ဒီတစ်ကြိမ်နဲ့ ဆိုရင်တော့ ၃ ကြိမ်မြောက် တွေ့ဆုံခဲ့တာ ဖြစ်ပြီး ပထမဦးဆုံး အနေနဲ့ မန်စီးတီးကို ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်