နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိုက်ပ်ဇစ်မှာ ဆက်နေဖို့ပဲ ဆုံးဖြတ်ခဲ့တဲ့ ဆက်စ်ကို | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်တဲ့ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကို ကတော့ သူ့ရဲ့ လက်ရှိ ကလပ်မှာပဲ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။ ဆလိုဗေးနီးယား လူငယ် တိုက်စစ် ကြယ်ပွင့် ဆက်စ်ကို ဟာ အာဆင်နယ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက် တို့နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ လိုက်ပ်ဇစ် ဘက်က ဆက်စ်ကို ကို လုပ်ခလစာ တိုးမြှင့်ပေးပြီး စာချုပ်သစ် ချုပ်ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ် အသင်း ကတော့ လာမယ့်ရာသီ အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး အရည်အသွေးမြင့် ကစားသမားတွေလည်း‌ ခေါ်ယူဖို့ စတင်ကြိုးပမ်းနေတာ တွေ့ရပါတယ်။ သူတို့ အသင်း အတွက် အဓိက လိုအပ်နေတဲ့ အထောင်တိုက်စစ်မှူး နေရာ အတွက် ကစားသမား တော်တော်များများနဲ့ ချိတ်ဆက်ထားပြီး ဒီထဲမှာ ဗစ်တာ အိုဆင်မ်ဟန်၊ ဘင်ဂျာမင် ဆက်စ်ကို၊ အလက်ဇန္တား အိဆက်ခ်၊ ဇီးယက်ခ်ဇီး စတဲ့ ကစားသမားတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ လိုက်ပ်ဇစ် တိုက်စစ်မှူး ဘင်ဂျာမင် ဆက်ဆစ်ကိုနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှုတောင် ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ကတော့ စိတ်ဝင်စားတယ် ဆိုတာလောက်သာ ပြသခဲ့ပြီး ချဲလ်ဆီး ကလည်း ထုံးစံ အတိုင်း အာဆင်နယ်ဆီ မရောက်ခင် ဖြတ်ခုတ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီက အထောင်တိုက်စစ်မှူး စစ်စစ် မရှိပေမယ့် နေရာစုံက ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့ အတူ ပရီးမီးယားလိဂ် မှာ ၃၈ ပွဲ ကစားပြီး ၉၁ ဂိုး အထိ ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အာတေးတား ကတော့ ရာသီသစ် အတွက် တိုက်စစ်ပိုင်းကို အဓိက အင်အားဖြည့်တင်းလိုနေပြီး ဒါပြီးရင်တော့ ကွင်းလယ်လူ တစ်ဦး ထပ်မံ ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အာဆင်နယ် အနေနဲ့ ဆက်စ်ကို ကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တာကြောင့် အခြား တိုက်စစ်မှူးတွေ ဘက်ကို မျှားဦးလှည့်လာနိုင်ပြီး ဇီးယက်ခ်ဇီး၊ အိဆက်ခ်၊ အိုဆင်မ်ဟန် တို့ကို ဆက်လက် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။ အသက် ၂၅ နှစ် အရွယ် နိုင်ဂျီရီးယား လက်ရွေးစင် တိုက်စစ် မှူး ဗစ်တာ အိုဆင်မ်ဟန်က လက်ရှိ စီးရီးအေရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၅ ဦး ထဲမှာ ပါဝင်သလို ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦး ဖြစ်ကြောင်း အကြိမ်ကြိမ် သက်သေပြထားပြီး ဖြစ်ပါတယ်။ သူ့အနေနဲ့ နာပိုလီ အတွက် ပြိုင်ပွဲစုံမှာ ၁၃၃ ပွဲ ပါဝင် ကစားပေးထားရာမှာ ၇၆ ဂိုး သွင်းယူထား ပေးထားသလို ဂိုးဖန်တီးမှု ကလည်း ၁၈ ကြိမ် အထိ ရှိထားတာ ဖြစ်ပါတယ်။ နာပိုလီတို့ ဝေးကွာနေတဲ့ စီးရီးအေ ချန်ပီယံဆု ပြန်လည် ရရှိရာမှာလည်း အဓိက နေရာကနေ ပါဝင်ထားသူပါ။

အိုဆင်မ်ဟန်ဟာ ကြံ့ခိုင်မှုကောင်းပြီး အတိုးအလှုပ် ရုန်းအား ကောင်းကောင်းနဲ့ ကစားတတ်သူ ဖြစ်တာကြောင့် ပရီးမီးယားလိဂ် နဲ့ အလျင်အမြန် အံဝင်နိုင်တဲ့ ကစားသမား အဖြစ် သတ်မှတ်ထားပြပါတယ်။ ဂိုးသွင်းအား ကောင်းပြီး ကြံခိုင်မှုလည်း ကောင်းတဲ့ ဒီကစားသမား ကိုတော့ အာဆင်နယ်တို့ ရလိုက်ရင်တော့ အများကြီး အကျိုးရှိသွားနိုင်ပါတယ်။

ဒါပေမယ့်လည်း နာပိုလီ ဘက်က အိုဆင်မ်ဟန် အတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၁၂၀ ဝန်းကျင်လောက် အလို ရှိနေတာကြောင့် အာဆင်နယ်တို့ လက်တွန့်နေတာ ဖြစ်ပါတယ်။ တစ်ဖက် မှာလည်း နယူးကာဆယ်က သူတို့ရဲ့ တိုက်စစ်မှူး အိဆက်ခ်ကို လက်လွှတ်လိုခြင်း မရှိတာကြောင့် ပေါင်သန်း ၁၀၀ ကျော် ဈေးခေါ်ထားပါတယ်။ ဒါကြောင့် အာဆင်နယ်ရဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် တိုက်စစ်မှူး ရှာပုံတော်က ဘယ်လိုမျိုး အဆုံးသတ်မလဲ ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်