နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆာလာကို လက်မလျှော့သေးတဲ့ ဆော်ဒီပရိုလိဂ်၊ အသင်းကြီး တစ်သင်းမှာ ကစားချင်နေတဲ့ တိုနေး၊ ဘရိုဟာကို ရောင်းထုတ်ချင်နေတဲ့ ချဲလ်ဆီး | ပရီးမီးယားလိဂ် (အပြောင်းအရွှေ့သတင်းများ)

countdown banner

အခုတစ်ခါမှာတော့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ နောက်ဆုံး ရရှိသမျှ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆာလာကို ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ဆော်ဒီ ကလပ်များ

လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာ ကတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေရဲ့ ထိပ်တန်း ပစ်မှတ် ဖြစ်နေဆဲ ဖြစ်ပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ထပ်မံ ကမ်းလှမ်းခံရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ရဲ့ တိုက်စစ်မှူး ဆာလာကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကတည်း ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်အစ်တီဟတ်က အသည်းအသန် စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းနဲ့ ၂၀၂၅ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေတဲ့ ဆာလာကို လစ်ဗာပူးလ် ဘက်က ဆက်ထိန်းထားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
အာဆင်နယ်
ခရစ္စတယ်ပဲလေ့စ်
1X2 ခရစ္စတယ်ပဲလေ့စ် @ 9.00
အာဆင်နယ် အာရှ အကျောပေး -1.75 @ 2.20
ဂိုး‌အောက် 2.50 @ 2.08
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါပေမယ့်လည်း လက်ရှိမှာ ဆာလာကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ အတွက် ဆော်ဒီ ပရိုလိဂ် ဘက်က ထပ်မံ ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဆာလာ ကတော့ လစ်ဗာပူးလ် မှာပဲ ပျော်ရွှင်နေပြီး သူ့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ အလျင်စလို ဆုံးဖြတ်သွားမှာ မဟုတ်ပဲ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်းတိုးဖို့ပဲ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ဆာလာဟာ ပြီးခဲ့တဲ့ ရာသီက အယ်လ်အစ်တီဟတ် အပြင် အယ်လ်ဟီလယ် အသင်းရဲ့ ပစ်မှတ်လည်း ဖြစ်ခဲ့သူပါ။ အယ်လ်ဟီလယ် ကတော့ နာမည်ကျော် ကစားသမားတွေ ဖြစ်တဲ့ ရူဘင် နီးဗက်စ်၊ ကူလီဘလီ၊ မီလန်ကိုဗစ် ဆာဗစ်၊ မယ်လ်ကွမ်၊ နေမာ၊ ဘွန်နူ၊ မီထရိုဗစ်နဲ့ ရီနန် လိုဒီ တို့ကို အရခေါ်ယူထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။


ထိပ်တန်း အသင်းကြီး တစ်သင်းမှာ ကစားချင်ကြောင်း ဖွင့်ဟခဲ့တဲ့ တိုနေး

ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေး ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ အသက် ၂၇ နှစ် အရွယ် အင်္ဂလန် တိုက်စစ်မှူးက အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ “ကျနော် ထိပ်တန်း အသင်းကြီး တစ်သင်းမှာ ကစားချင်တာပေါ့၊ ဘယ်သူမဆို ဖလားတွေ ရဖို့ တိုက်ပွဲဝင်နေတဲ့ အသင်းမှာ ကစားချင်မှာပါပဲ။ ဒီလထဲမှာ ဘယ်အသင်းမဆို သတ်မှတ်ထားတဲ့ ပြောင်းရွေ့ကြေးပေးပြီး ကျနော့်ကို ခေါ်ယူသွားနိုင်တာပဲ။ ဘာဖြစ်လာနိုင်တယ် ဆိုတာ ဘယ်သူသိမလဲ။ ဒါပေမယ့် ကျနော့်အတွက် အရေးကြီးဆုံးက ကွင်းထဲမှာ အကောင်းဆုံး ပြန်လည် စွမ်းဆောင်နိုင်ဖို့ပါ။ နောက်ကွယ်က အပြောင်းအရွေ့ လုပ်ငန်းစဥ်တွေက ကျနော် ထိန်းချုပ်လို့ ရတဲ့ အရာတွေ မဟုတ်ပါဘူး။”

ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေး ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး တို့က အပြိုင် ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။
အသင်းကြီး တစ်သင်းမှာ ကစားချင်ကြောင်း ဖွင့်ဟလာတဲ့ အိုင်ဗန် တိုနေး

ဒီစကားဟာ အာဆင်နယ်နဲ့ ချဲလ်ဆီး အတွက်တော့ မျှော်လင့်ချက် ရောင်ခြည် ဖြစ်ခဲ့ပြီး အခု ဆောင်းရာသီ အပြောင်းအရွှေ့မှာ အရခေါ်ယူသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ် ဘက်ကတော့ တိုနေးကို အနည်းဆုံး ပေါင်သန်း ၁၀၀ ရမှ ရောင်းထုတ်ချင်နေပုံရပြီး သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အတွက်တော့ လွယ်ကူနိုင်မှာ မဟုတ်တာ သေချာပါတယ်။

လက်ရှိမှာ အထောင် တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ အာဆင်နယ်က တိုနေးကို အလိုချင်ဆုံး ဖြစ်နေပြီး ဒီကြားထဲမှာလည်း မီခဲလ် အတေးတား အနေနဲ့ အယ်လ်အစ်တီဟတ် တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာကို အငှားနဲ့ ခေါ်ယူချင်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။


ဘရိုဟာကို ဆောင်းရာသီ ဈေးကွက်မှာ ရောင်းထုတ်ချင်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီး ကတော့ သူတို့ အသင်းရဲ့ တိုက်စစ်မှူး အာမန်ဒို ဘရိုဟာကို ဇန်နဝါရီ အပြောင်းအရွှေ့ မပိတ်သိမ်းခင် ရောင်းထုတ်ချင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ချဲလ်ဆီး အသင်းဟာ ဘရိုဟာကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၅၀ ရရင် ရောင်းထုတ်သွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်လျက် ရှိပါတယ်။

အသက် ၂၂ နှစ် အရွယ် အယ်လ်ဘေးနီးယား တိုက်စစ်မှူး ကိုတော့ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဖူလ်ဟမ်နဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ Sky Sports ရဲ့ အစောပိုင်း ဖော်ပြချက်တွေ အရ ဆိုရင် ဖူလ်ဟမ် တိုက်စစ်မှူး ကားလို့စ် ဗင်နီးစီးယပ်စ်ကို မက္ကဆီကိုနဲ့ စပိန် ကလပ်တွေက ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အက်တလက်တီကို မင်နဲရိုးကလည်း ရိုဒရီဂို မူနစ်ဇ်ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဖူလ်ဟမ် ဘက်က အဆိုပါ ကစားသမား နှစ်ဦး ထွက်ခွာသွားခဲ့ရင် ဘရိုဟာနဲ့ အစားထိုးဖို့ စိတ်ဝင်စားနေခဲ့တာ ဖြစ်နိုင်ပါတယ်။

ဝုဗ် ကတော့ သူတို့ အသင်းရဲ့ တိုက်စစ်မှူး ဆာဆာ ကလက်ဂျစ်ကို ဖရန့်ဖတ်ဆီ အငှားချထားခဲ့တာကြောင့် ဘရိုဟာနဲ့ အင်အားဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်