နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်ချိုကို လာမယ့် နွေရာသီမှာ သေချာပေါက် ရောင်းထုတ်တော့မယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ရောင်းထုတ်သွားဖို့ ရာနှုန်းပြည့် သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ အစောပိုင်းမှာ ဂျေဒန် ဆန်ချိုရဲ့ အပြောင်းအရွှေ့က ပရီးမီးယားလိဂ် ကလပ်ရဲ့ နည်းပြ အပြောင်းအရွှေ့ပေါ် မူတည်တယ်လို့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ ဆန်ချို အနေနဲ့ ယူနိုက်တက်မှာ နည်းပြ ပြောင်းပြောင်း၊ မပြောင်းပြောင်း ရောင်းထုတ်ခံရဖို့ သေချာသလောက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ အတည်ပြု ဖော်ပြချက်အရ ယူနိုက်တက် ဘက်ကတော့ အသင်းမှာ အဲရစ်ခ် တန်ဟက်ဂ် ဆက်ရှိရှိ မရှိရှိ နောက်ထပ် နည်းပြ တစ်ဦး ရောက်လာခဲ့ရင်လည်း အသင်း အတွက် ကစားပေးချင်စိတ် မရှိတော့တဲ့ ဆန်ချိုကို သေချာပေါက်ကို ရောင်းထုတ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

အသက် ၂၄ နှစ် အရွယ် အင်္ဂလန် တောင်ပံ တိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်နဲ့ အတူ ဥရောပ ဘောလုံး ဇာတ်ခုံပေါ်မှာ ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ ဒီကစားသမားဟာ ၂၀၁၇ ခုနှစ် ကနေ ၂၀၂၁ ခုနှစ် အထိ ၄ နှစ်ကြာ ဒေါ့မန်မှာ ဖြတ်သန်းခဲ့ပြီးတော့ ၂၀၂၁ ခုနှစ် မှာတော့ ဆန်ချိုဟာ ဒေါ့မန် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ ဆန်ချိုကို သူတို့ အသင်း အတွက် အကျိုးရှိမယ့် မျှော်လင့်ချက်နဲ့ ခေါ်ယူခဲ့တာပါ။

ဒါပေမယ့်လည်း ဆန်ချိုက အင်္ဂလန်မြေဆီ ပြန်လည် ရောက်ရှိချိန်မှာ ခြေစွမ်းကောင်း တွေ ပြသနိုင်ဖို ရုန်းကန်ခဲ့ရသလို ယူနိုက်တက်ရဲ့ လက်ရှိ နည်းပြချုပ် အဲရစ်ခ် တန်ဟက်ဂ် နဲ့လည်း ပြဿနာဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ ဒေါ့မန်ဆီ အငှားနဲ့ ပြန်လည် ပြောင်းရွှေ့ ကစားခဲ့ရပါတယ်။ ဆန်ချိုက ဒေါ့မန်ကို ပြန်လည် ရောက်ရှိလာချိန် မှာတော့ သူ့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ပြသနိုင်ခဲ့ပြီး ဒေါ့မန်နဲ့လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗိုလ်လုပွဲမှာ ချန်ပီယံလိဂ် ဘုရင်ကြီး ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ခဲ့ရလို့ စိတ်မကောင်းစွာနဲ့ပဲ ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဒေါ့မန် ဘက်က ဆန်ချိုကို အပြီးသတ် ခေါ်ယူချင်ပေမယ့်လည်း သူရဲ့ ပြောင်းရွှေ့ကြေးကို မတက်နိုင်လို လက်လျှော့လိုက်ပြီး ယူနိုက်တက်ဆီ ကိုသာ ပြန်လည် စေလွှတ်လိုက်ရတာ ဖြစ်ပါတယ်။ ဆန်ချို ကိုယ်တိုင် ကလည်း ယူနိုက်တက်မှာ နည်းပြ တန်ဟက်ဂ် မရှိတော့မှပဲ အသင်း အတွက် ပြန်လည် ကစားပေးသွားမယ်လို့ ပြောဆိုထားခဲ့တာ ဖြစ်ပါတယ်။ 

သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာရတော့မယ့် ဆန်ချိုကို ဥရောပ ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားလျက် ရှိနေကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် ကတော့ ဆန်ချို အတွက် ပြောင်းရွှေ့ကြေး အဖြစ် ပေါင် သန်း(၄၀)လောက် အထိ အလိုရှိနေတယ်လို့ သိရပါတယ်။ယူနိုက်တက်ဟာ ဆန်ချိုအပြင် နောက်ထပ် အငှားချထားတဲ့ တိုက်စစ်ကစားသမား မေဆန် ဂရင်းဝုဒ် ကိုလည်း ဒီနွေမှာပဲ အသင်း ကနေ ရောင်းထုတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်