ပြင်သစ် ဗဟိုခံစစ်မှူး ဝီလီယမ် ဆလီဘာ ကတော့ အာဆင်နယ် အနေနဲ့ ဒီရာသီမှာ သမိုင်းဝင် ဖလား ၄ လုံး အောင်မြင်မှုကို ရယူနိုင်စွမ်း ရှိနေတယ်လို ပြောဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ နှစ်ရှည်လများ ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေပြီးတော့ ဒီအခြေအနေကို အဆုံးသတ်နိုင်မယ်လို့ ဆလီဘာက အပြည့်အဝ ယုံကြည်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဲဒီလို အောင်မြင်မှု ရဖို့ အတွက် ဆိုရင်တော့ အသင်း အနေနဲ့ ဆုဖလား တစ်လုံး စတင် ရယူဖိုတော့ လိုအပ်ကြောင်းလည်း ဝန်ခံသွားပါတယ်။ ဆလီဘာက “ပြိုင်ပွဲတိုင်းမှာ ကျွန်တော်တို့ အနိုင်ရနိုင်တယ် ဆိုတာ သိပါတယ်။ ပြီးခဲ့တဲ့ ၃ ရာသီလုံး ပရီးမီးယားလိဂ်မှာ ဖလား ရဖို့ နီးစပ်ခဲ့သလို၊ ပြီးခဲ့တဲ့ရာသီ ကလည်း ချန်ပီယံလိဂ်နဲ့ ခရာဘောင်ဖလားမှာ ဆီမီးဖိုင်နယ်တွေ အထိ ရောက်ခဲ့ပါတယ်။ ဒါကြောင့် ပြိုင်ပွဲတိုင်းမှာ ဆုဖလား ရယူနိုင်စွမ်း ရှိတာကို ကျွန်တော်တို သိထားပါတယ်။ ဒါပေမယ့် ဒါကို ကွင်းထဲမှာ သက်သေပြဖို့ လိုအပ်ပြီး အခုတော့ ဆုဖလားတွေ စတင် ရယူဖို့ လိုအပ်နေပါပြီ။” လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေရဲ့ အမှတ်ပေးဇယား ထိပ်ဆုံး နေရာတွေမှာ ရပ်တည်နေသလို၊ ခရာဘောင်ဖလားမှာ ဆီမီးဖိုင်နယ်နဲ့ အက်ဖ်အေဖလား မှာတော့ တတိယအဆင့်ကို ရောက်ရှိနေပါတယ်။ မီခဲလ် အာတေးတားရဲ့ အသင်းက လာမယ့် ဇန်နဝါရီ ၁၁ ရက်မှာ အက်ဖ်အေဖလား တတိယအဆင့် အဖြစ် ပို့စ်မောက်နဲ့ ကစားရဖို့ ရှိပြီး ဒီပြိုင်ပွဲမှာလည်း နောက်တဆင့် တက်ရောက်ဖို့ အခြေအနေကောင်းနေတာပါ။ ပို့စ်မောက်နဲ့ ကစားပြီးရင်တော့ အာဆင်နယ်က ချဲလ်ဆီးနဲ့ ခရာဘောင်ဖလား ဆီမီးဖိုင်နယ် နှစ်ကျော့ ကစားရမှာ ဖြစ်ပါတယ်။

လက်ရှိ အသင်းရဲ့ အခြေအနေနဲ့ ပတ်သတ် ပြီးတော့လည်း ဆလီဘာက“အသင်းရဲ့ စိတ်ဓာတ်ပိုင်းက ကောင်းနေပါတယ်။ ဒါပေမယ့် အခုက ဒီဇင်ဘ်ပဲ ရှိသေးပြီး ဘောလုံးမှာ အရာအားလုံးက မြန်မြန်ဆန်ဆန် ပြောင်းလဲသွားနိုင်တာကို ကျွန်တော်တို့ သိထား ရပါမယ်။ ဒါကြောင့် ကျွန်တော်တိ့် အာရုံစိုက်ထားဖို၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖိုနဲ့ ဆက်ပြီး ကြိုးစားနေဖို့ လိုအပ်ပါတယ်။ အဓိက အရေးကြီးတာက အဆုံးသတ်မှာ ဆုဖလား ကိုင်မြှောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။
လက်ရှိ အချိန်ထိတော့ ပရီးမီးယားလိဂ်မှာ တစ်ရာသီ အတွင်း ဖလား ၄ လုံး အောင်မြင်မှု ရရှိတဲ့ အသင်း မရှိသေးပါဘူး။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၄ ရာသီ ဆက်တိုက် ခရစ္စမတ်မှာ ပရီးမီးယားလိဂ်ကို အမှတ်ပေးဇယား ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၀၄ ခုနှစ် နောက်ပိုင်း ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ် ဖလား ကိုတော့ လွဲချော်နေဆဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ၂၀၂၀ ခုနှစ်က အက်ဖ်အေဖလားမှာ ချန်ပီယံ ဖြစ်ထားပြီး ဒါက သူတို့ အတွက် နောက်ဆုံး ရရှိတဲ့ ဆုဖလား ဖြစ်နေပါတယ်။ ဒါ့အပြင် အာဆင်နယ်က ခရာဘောင်ဖလားကို ၁၉၉၂-၁၉၉၃ ဘောလုံးရာသီမှာ နောက်ဆုံး ရရှိထားပြီး ချန်ပီယံလိဂ် ဖလား ကိုတော့ တကြိမ် တခါမှ မရရှိဖူးသေးပါဘူး။ အာဆင်နယ် အနေနဲ့ ခရာဘောင်ဖလားမှာ နောက်ဆုံး ၅ ရာသီ အတွင်း ၃ ကြိမ် အထိ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ဆလီဘာက နောက်ဆုံး မှာတော့ သူတို့ အနေနဲ့ ပြိုင်ပွဲတိုင်းကို အနိုင်ရချင်ကြောင်း လက်ရှိမှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် ၃ ပွဲသာ ကျန်တော့ကြောင်း လာမယ့် ဇန်နဝါရီမှာ ချဲလ်ဆီးနဲ့ ပွဲကို အကောင်းဆုံး ကျော်ဖြတ်ရမှာ ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


