နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပါးလ်မားကို ယူနိုက်တက် ကစားသမား အဖြစ် မြင်တွေ့ချင်နေတဲ့ ဆာဟာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း လူးဝစ် ဆာဟာ ကတော့ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ပေါလ် ပေါ့ဘာကို ပြန်လည် ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် ဆာဟာက လက်ရှိ ချဲလ်ဆီး ကြယ်ပွင့် ကိုးလ် ပါးလ်မား ကလည်း တစ်ချိန်မှာ ယူနိုက်တက်ကို ပြောင်းရွှေ့လာနိုင်တယ်လို့ ထင်ကြေးပေး ပြောဆိုသွားခဲ့ပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်မှာ နှစ်ကာလ အတန်ကြာ ကစားခဲ့ပေမယ့်လည်း ဒဏ်ရာကြောင့် မကြာခဏ ဆိုသလို အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ ပြင်သစ်သားဟာ ပရီးမီးယားလိဂ် ကလပ် ကနေ မထွက်ခွာခင်မှာလည်း အသင်းနဲ့ ပြဿနာ တချို့ ရှိခဲ့တာ ဖြစ်ပါတယ်။ ဆာဟာ အနေနဲ့ ပေါ့ဘာကို ပြန်ခေါ်သင့်ကြောင်း အကြံပြုခဲ့ပေမယ့် တကယ်တမ်းက မဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

ပါးလ်လ်မားနဲ့ ပတ်သက်လို့တော့ ဆာဟာက “ပါးလ်မားက မန်ချက်စတာယူနိုက်တက်ရဲ့ ပရိသတ် တစ်ဦး အဖြစ် ကြီးပြင်းလာခဲ့တာ ဖြစ်လို့ တစ်နေ့မှာ ယူနိုက်တက်ဆီ ရောက်လာဖို့ ဆိုတာ အဓိပ္ပာယ် ရှိပါတယ်။ ဒါပေမယ့်လည်း ပါးလ်မားကို ချဲလ်ဆီး ပြီးရင် နောက်ထပ် မြင်တွေ့ရနိုင်တဲ့ အသင်းက တစ်သင်းတည်းပဲ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒါကတော့ ရီးရဲလ်မက်ဒရစ်ပါ။ အပြောင်းအရွှေ့က သူ့ကို ပြောင်းလဲမှု ဖြစ်လာမယ်လို့တော့ မထင်ပါဘူး။ ပါးလ်မားက သူ့ကိုယ်သူ သံသယဝင်ခြင်း မရှိသလို အကြောင်းအရာတွေ ကိုလည်း အချိန်အကြာကြီး တွေးတောနေမှာ မဟုတ်ပါဘူး။ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ ကစားချင်နေလိမ့်မယ်။ သူ့လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားတဲ့ ချဲလ်ဆီး ကိုတော့ ကျွန်တော် မနာလို ဖြစ်မိပါတယ်။” လို့ ဆိုပါတယ်။

ပါးလ်မားက ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးမှာ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် တစ်ဦးချင်း ဆုပေါင်း များစွာ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။
ပါးလ်မားကို စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ်

ဆက်လက်ပြီး ဆာဟာက “ဒီကစားသမားဟာ အမြဲတမ်း ဘောလုံး ကစားချင်နေပြီး ခြေစွမ်းပိုင်း တိုးတက်လာအောင် လုပ်ချင်စိတ်လည်း အပြည့်ရှိတဲ့သူ ဖြစ်ပါတယ်။ သူရယူနိုင်တဲ့ အောင်မြင်မှုတွေက အကန့်အသတ် မရှိတဲ့ အထိ ဖြစ်လာပါတယ်။ ကျွန်တော် ကတော့ သူရဲ့ စိတ်ဓါတ်ပိုင်းနဲ့ ခြေစွမ်းပိုင်း တသမတ်တည်း ဖြစ်နေတဲ့ အပေါ်မှာ တကယ် သဘောကျမိတယ်။ ယူနိုက်တက် မှာတော့ လောလောဆယ် ဒါမျိုးတွေ မရှိပဲနဲ့ အားကစား ဒါရိုက်တာ ကိစ္စနဲ့ တိုင်ပတ်နေရပါတယ်။” လို့ ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ အသက် ၂၂ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ် တိုက်စစ်နဲ့ တောင်ပံ ကစားသမား ပါးလ်မားဟာ ၂၀၂၃ ခုနှစ် နွေရာသီ ကမှ မန်ချက်စတာစီးတီး ကနေ ချဲလ်ဆီးဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် အခု ဆိုရင် ပါးလ်မားက ချဲလ်ဆီး အတွက် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ စုစုပေါင်း ဂိုး ၅၀ အထိ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ပါးလ်မားက ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးမှာ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် တစ်ဦးချင်း ဆုပေါင်း များစွာ ပိုင်ဆိုင်ခဲ့သူ ဖြစ်ပါတယ်။ ပါးလ်မားဟာ ချဲလ်ဆီး အသင်း အတွက် မရှိ မဖြစ် အရေးပါတဲ့ အဓိက ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ပါးလ်မားကို ရီးရဲလ်မက်ဒရစ်ကပါ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေပါ ထွက်လာနေခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်