နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လူမစုံတဲ့ လက်စတာကြောင့် ဝုဗ်နဲ့ လက်တွဲတာက ပိုပြီး စိတ်ချရလိမ့်မယ် | ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – လက်စတာစီးတီး (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် – လက်စတာစီးတီး

စူပါဆန်းဒေးရဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲကောင်း တစ်ပွဲ အဖြစ် ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ်တို့ လက်စတာစီးတီးကို အိမ်ကွင်း မိုလီနက်စ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။

လက်တလောမှာ ခြေစွမ်းပိုင်း တက်ရိပ်ပြနေတဲ့ ဝုဗ်တို့ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရတဲ့ လက်စတာစီးတီးကို အိမ်ကွင်းမှာ အလွယ်တကူ အနိုင်တကူ အနိုင်ရသွားမလား။ ဒါမှမဟုတ် အစဉ်အလာ အတိုင်း ခက်ခက်ခဲခဲ ကစားရဦးမှာလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဝုဗ်ဟာ ရာသီ အစမှာ ရုန်းကန်ခဲ့ရပေမယ့် တစ်ပွဲထက် တစ်ပွဲ ခြေစွမ်း တည်ငြိမ်လာမှုနဲ့ အတူ ရလဒ်တွေ တောက်လျောက် တက်လာတဲ့ အသင်း ဖြစ်ပါတယ်။ ပြောရမယ် ဆိုရင် ဘရူနို လာ့ချ်ရဲ့ အသင်းက ပွဲအများစုမှာ တည်ငြိမ်တဲ့ ခြေစွမ်းနဲ့ ကစားနိုင်ခဲ့ပြီး နိုင်သင့် နိုင်ထိုက်တဲ့ ပွဲတွေမှာ အမှားအယွင်း မရှိ အနိုင်ရထားတာကြောင့် လက်ရှိမှာ ချန်ပီယံလိဂ် ဝင်ခွင့်တောင် မျှော်မှန်းလို့ ရနေတဲ့ အခြေအနေမျိုး ပိုင်ဆိုင်ထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာ အာဆင်နယ် တစ်သင်းတည်းကို ရှုံးနိမ့်ခဲ့ပြီး ယူနိုက်တက်၊ စပါး၊ ဆောက်သမ်တန်၊ ဘရန့်ဖို့ဒ် တို့ကို အနိုင်ရရှိထားတဲ့ ဝုဗ်ရဲ့ ခြေစွမ်းဟာ စိတ်ချရလို့ အနေအထားမှာ ရှိတယ်လို့ ပြောလို့ ရပါတယ်။ လာမယ့် ပွဲမှာတော့ ဝုဗ်တို့ ၃-၄-၃ သို့မဟုတ် ၃-၅-၂ နဲ့ပဲ ပွဲထွက်လာဖို့ များနေပြီး ရူဘင်နီးဗက်စ်၊ ဂျင်မီနက်ဇ်၊ ပိုဒန့်စ်၊ ဆီမီဒို၊ နျူရီ၊ ကိုဒီ၊ ကေးလ်မန်း၊ ဆာအိစ်နဲ့ ဆား တို့ကိုတော့ ကျိန်းသေပေါက် ပထမလူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ပွဲ ကစားပြီးချိန်မှာ ၇ ပွဲနိုင်၊ ၆ ပွဲသရေကျပြီး ရှုံးပွဲ ၉ ပွဲအထိ ရှိထားတဲ့ လက်စတာတို့ လက်တလောမှာ အဆင့် ၁၁ နေရာကို ရောက်ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ လက်စတာစီးတီး

ဘရန်ဒန် ရော့ဒ်ဂျားစ်ရဲ့ လက်စတာစီးတီး ကတော့ အခုထိ မိုးထဲရေထဲမှာ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။ အဓိက ကစားသမားတွေ တစ်ယောက်ပြီး တစ်ယောက် ဒဏ်ရာရနေတာက လက်စတာကို ဆွဲချနေတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၂ ပွဲ ကစားပြီးချိန်မှာ ၇ ပွဲနိုင်၊ ၆ ပွဲသရေကျပြီး ရှုံးပွဲ ၉ ပွဲအထိ ရှိထားတဲ့ လက်စတာတို့ လက်တလောမှာ အဆင့် ၁၁ နေရာကို ရောက်ရှိနေပါတယ်။ ဒါဟာ မနှစ်ကနဲ့ ယှဉ်ရင် ဘာမှကို မဆိုင်တဲ့ အခြေအနေလို့ ပြောလို့ ရပြီး ဥရောပဝင်ခွင့် မပြောနဲ့ ရာသီအကုန်မှာ အဆင့် ၁၀ အတွင်း ဝင်ဖို့တောင် လက်စတာတို့ လက်ကျန်ပွဲတွေမှာ အသည်းအသန် ရုန်းရဦးမှာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် လက်တလော လက်စတာစီးတီးရဲ့ အဓိက ကစားသမား ၆ ဦးထက် မနည်း ဒဏ်ရာ ပြသနာ ရှိနေတယ်လို့ သိရပြီး ကတ်စတန်ညီ၊ ဖိုဖာနာ၊ ဂျက်စတင်၊ ဘာထရန်၊ ဗာဒီ၊ အီဗန့်စ်  ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေပါတယ်။ ဂျိမ်းစ် မက်ဒီဆင်နဲ့ ဆိုယွန်ချူ တို့ကိုလည်း ယူရိုပါ ကွန်ဖရင့်လိဂ် ရှုံးထွက် ဒုတိယအကျော့ အတွက် ချန်ထားဖို့ များနေပါတယ်။

လာလီဂါ
ရီးယဲလ် ဘက်တစ်
မယ်လိုကာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၁ ကြိမ် မှာတော့ လက်စတာစီးတီးတို့ ၅ ကြိမ် အနိုင်ရခဲ့ပြီး ဝုဗ် က ၃ ကြိမ် အနိုင်ရကာ ၃ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာတော့ လက်စတာတို့ ဝုဗ်ကို လုံးဝ ရှုံးနိမ့်ထားခြင်း မရှိပဲ ၂ ပွဲနိုင်ပြီး ၃ ပွဲ သရေကျထားခဲ့ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ် ပထမအကျော့ ပွဲစဉ် မှာလည်း လက်စတာစီးတီးတို့ ကင်းပါဝါမှာ ဗာဒီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရထားပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဝူဗာဟမ်တမ် vs လက်စတာ စီးတီး1X2 ဝူဗာဟမ်တမ် @ 2.26
ဖေဖော်ဝါရီလ ၂၀ ရက်၊ ည ၁၁:၀၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာတော့ ဝုဗ် အတွက် ၂.၂၆ ဆ၊ သရေ အတွက် ၃.၃၀ ဆ၊ လက်စတာစီးတီး အတွက် ၃.၁၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ဝုဗ်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည် အားရစရာ မရှိပေမယ့် လက်တလော ခြေစွမ်းအရတော့ ဒဏ်ရာရ ကစားသမား များနေတဲ့ လက်စတာစီးတီး ထက်တော့ အစစအရာရာ သာလွန်နေပါလိမ့်မယ်။ ဒါကြောင့် ဒီတစ်ကြိမ် တွေ့ဆုံမှု မှာတော့ အိမ်ရှင် ဖြစ်တဲ့ ဝုဗ်တို့ ၃ မှတ် အပြည့် ရသွားမယ်လို့ ထင်ပါတယ်။ ဂိုးပြတ်ဖို့တော့ မရှိပါဘူး။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်