ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ အသင်း နည်းပြသစ် အဖြစ် လီယမ် ရိုစီနီယာကို ခန့်အပ်လိုက်ကြောင်း မနေ့ကပဲ အတည်ပြု ကြေညာလိုက်ပါတယ်။ အသက် ၄၁ နှစ် အရွယ် အင်္ဂလန် နိုင်ငံသား နည်းပြ လီယမ် ရိုစီနီယာဟာ ချဲလ်ဆီးနဲ့ ၂၀၃၂ အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာ ဖြစ်တယ်။
ရိုစီနီယာက ပရီးမီးယားလိဂ် ကလပ်ရဲ့ ပိုင်ရှင်တူ ညီအမ ကလပ် ဖြစ်တဲ့ ပြင်သစ် လီဂူးဝမ်းက စထရာဘိုး ကနေ ပြောင်းရွှေ့လာခဲ့သူပါ။ ရိုစီနီယာက စထရာဘိုးကို ၂၀၂၄ ခုနှစ် ဇူလိုင်လက စတင် ကိုင်တွယ်ခဲ့ပြီး ပထမဦးဆုံးရာသီမှာပဲ ၁၉ နှစ်အတွင်း ဥရောပဝင်ခွင့် ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ရိုစီနီယာ အနေနဲ့ အင်္ဂလန် အောက်တန်း ကလပ်တွေ ဖြစ်တဲ့ ဟားလ်စီးတီး၊ ဒါဘီကောင်တီ အသင်းတွေ ကိုလည်း ကိုင်တွယ်ခဲ့ဖူးပါတယ်။
ရိုစီနီယာက စထရာဘိုး အသင်းကို ၆၃ ပွဲ ကိုင်တွယ်ခဲ့ပြီးတော့ ၃၂ ပွဲနိုင်၊ ၁၄ ပွဲ သရေ၊ ၁၇ ပွဲ ရှုံး ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ရိုစီနီယာဟာ ဒါဘီကောင်တီမှာ နိုင်ပွဲ ရာခိုင်နှုန်း အများဆုံး ရရှိခဲ့ပြီးတော့ အင်္ဂလိပ် ဘောလုံးလောကနဲ့ ရင်းနှီးကျွမ်းဝင်သူ ဖြစ်တာကြောင့် ချဲလ်ဆီးက ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သတင်းတွေက ဖော်ပြကြပါတယ်။
တစ်ဖက်မှာလည်း ချဲလ်ဆီး နည်းပြသစ် ဖြစ်လာတဲ့ လီယမ် ရိုစီနီယာက စထရာဘိုး ကနေ ကစားသမား ၄ ဦးအထိ လန်ဒန်ကို ခေါ်ယူလာဖို့ စိတ်အားထက်သန်နေကြောင်း သိရပါတယ်။ ချဲလ်ဆီးက ပြီးခဲ့တဲ့ ရက်သတ္တပတ်က စထရာဘိုး တိုက်စစ်မှူး အီမန်ဂါကို ၂၀၂၆ နွေမှာ ခေါ်ယူဖို့ ကြိုတင် သဘောတူညီမှု ရယူထားနိုင်ခဲ့သလို လက်ရှိ မှာလည်း အသင်းဖော် တိုက်စစ်မှူး ပါနီချီလီပါ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ရောက်လာဖို့ ရှိနေပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နွေတုန်းက ဘရိုက်တန် အသင်းထံမှ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ အန်ဆီယို လည်း ချဲလ်ဆီးထံ ရောက်ဖို့ ကြိုတင် သဘောတူညီမှုရရှိထားပြီး နောက်ထပ် လူငယ်ကြယ်ပွင့် ကွင်းလယ် ကစားသမား ဘာကိုလည်း ချဲလ်ဆီးထံ ရောက်လာဖို့ ရှိနေပါတယ်။ ဒါ့အပြင် အငှားချထားတဲ့ ပန်ဒါစ်၊ ပဲရက်ဇ်၊ ဆား တို့ ၃ ဦးလည်း စာချုပ် သက်တမ်း ကုန်ဆုံးချိန်မှာ အသင်းဟောင်းထံ ပြန်လည် လာရောက်ပူးပေါင်းဖို့ ရှိနေပြီး နောက်ထပ် လူငယ်ကစားသမား အများစု ကလည်း ချဲလ်ဆီးထံ တပြိုင်နက်တည်း ရောက်လာဖို့ ရှိနေပါတယ်။
ချဲလ်ဆီးလို အသင်းကြီး တစ်သင်းကို စတင် ကိုင်တွယ်ခွင့်ရတော့မယ့် လူငယ် နည်းပြဟာ ၂၀၃၂ ခုနှစ် အထိ ကာလရှည် စာချုပ်ချုပ်ဆိုခဲ့တာကြောင့် အားလုံးရဲ့ စိတ်ဝင်စားခြင်း ခံနေရပါတယ်။ ရိုစီနီယာက နည်းစနစ်ပိုင်း ပိုင်နိုင်သူ အဖြစ် နာမည်ကြီးသူ ဖြစ်ပြီး အသင်းပိုင်ရှင် တော့ဒ် ဘိုလေရဲ့ ထောက်ခံချက် အပြည့်အဝ ရရှိထားသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်က နည်းပြတွေနဲ့ ပတ်သတ်လာရင် သည်းခံနိုင်စွမ်း နည်းပါးတာကြောင့် ရိုစီနီယာ အနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ အချိန် ဘယ်လောက်ရမလဲ ဆိုတာ စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူးဟောင်း ဝိန်း ရွန်နီက လီယမ် ရိုစီနီယာဟာ နည်းပြကောင်း တစ်ဦး ဖြစ်တယ်လို့ ထောက်ခံ ပြောကြားခဲ့ပါတယ်။ လီယမ် ရိုစီနီယာဟာ ဒါဘီကောင်တီကို ရွန်နီ နည်းပြ အဖြစ် ကိုင်တွယ်ခဲ့စဉ်က လက်ထောက် နည်းပြ အဖြစ် လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။ ရွန်နီ ရာထူး ကနေ ထုတ်ပယ်ခံရချိန်မှာတော့ ရိုစီနီယာက ယာယီ နည်းပြ အဖြစ် လုပ်ကိုင်ခဲ့ရသူ ဖြစ်ပါတယ်။
ဒါကြောင့် ရွန်နီက ရိုစီနီယာဟာ သူ လက်တွဲ အလုပ်လုပ်ခဲ့ဖူးတဲ့ တခြားသော နည်းပြတွေ လိုပဲ နည်းပြကောင်း တစ်ယောက် ဖြစ်ပြီး ချဲလ်ဆီးကို ကိုင်တွယ်ခွင့်ရဖို ထိုက်တန်သူ ဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။ ရွန်နီက “သူ ချဲလ်ဆီး နည်းပြ ဖြစ်လာဖို မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ နည်းပြတွေလိုပဲ နည်းပြကောင်း တစ်ယောက် ဖြစ်တယ်လို့ ထင်တာကြောင့်ပါ။ သူက ကျွန်တော့် အတွက် အလွန်အရေးပါသူ တစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူ့မှာ မယုံနိုင်စရာ ကောင်းတဲ့ နည်းပြ အရည်အသွေး ရှိပါတယ်။ ဒါကြောင့် ကျွန်တော် သူ့ဆီက အများကြီး သင်ယူခဲ့ဖူးပါတယ်။” လို့ ရွန်နီက ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


