နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဝေဖန်ပြောဆိုလိုက်တဲ့ ရော်နယ်ဒို | ပရီးမီးယားလိဂ်

ခရစ္စတီယာနို ရော်နယ်ဒို ကတော့ သူ့ရဲ့ ပရီးမီးယားလိဂ် အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို ဝေဖန် ပြစ်တင်မှုတွေ ပြုလုပ်လိုက်ပါတယ်။ ယူနိုက်တက်မှာ နှစ်ကြိမ်တိုင်တိုင် ကစားခဲ့ဖူးတဲ့ ပေါ်တူဂီ ၀ါရင့် တိုက်စစ်မှူးကြီးက တန်ဟက်ဂ်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေနဲ့ ပတ်သတ်လို့ ထောက်ပြ ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်ရဲ့ နောက်ခံလူဟောင်း ရီယို ဖာဒီနန်ရဲ့ ” Rio Ferdinand Presents” YouTube Channel အတွက် အင်တာဗျူးမှာ အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အစီအစဉ် ကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ထုတ်လွှင့်ပြသခဲ့ပြီးတော့ ရော်နယ်ဒိုက သူ့အနေနဲ့ ယူနိုက်တက်ကို ချစ်မြတ်နိုးဆဲ ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုက “နည်းပြ (တန်ဟက်ဂ်) က သူတို့ အနေနဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးလို့ ပြောတယ်။ မန်ချက်စတာယူနိုက်တက် နည်းပြ တစ်ယောက် အနေနဲ့ လိဂ်ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ယှဉ်ပြိုင်နိုင်စွမ်း မရှိဘူးလို ပြောလို့ မရပါဘူး။ စိတ်ပိုင်းဆိုင်ရာအရ ကျွန်တော် တို့မှာ အလားအလာ မရှိဘူးလို့ ပြောလို့ ရပေမဲ့ မလုပ်နိုင်ဘူး လို့တော့ မပြောရပါဘူး။ ကျွန်တော်တို့ ကြိုးစားရမယ်။ ခင်ဗျား ကြိုးစားရမယ်။ မန်ချက်စတာအတွက် ကျွန်တော့်ရဲ့ ဆန္ဒက တတ်နိုင်သမျှ အကောင်းဆုံး အသင်း ဖြစ်စေချင်တာပါ။ အဲဒါက ကျွန်တော့်ရဲ့ ဆန္ဒပါ။ ဒီအသင်းကို ကျွန်တော် ချစ်ပါတယ်။ ကျွန်တော်က အတိတ်ကို မေ့သွားတတ်တဲ့ လူမျိုး မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာ ကစားသမား ဘဝ စတင် အောင်မြင်လာခဲ့သူလည်း ဖြစ်ပါတယ်။
နည်းပြ တန်ဟက်ဂ်ရဲ့ အားနည်းချက်တွေကို ထောက်ပြ ပြောဆိုခဲ့တဲ့ ရော်နယ်ဒို

ဒါ့အပြင် ယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင် ဖြစ်တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ် အနေနဲ့လည်း အောက်ခြေ ကနေ စပြီး အရာရာ ပြန်လည် တည်ဆောက်ဖို့ လိုအပ်ကြောင်း ရော်နယ်ဒိုက တိုက်တွန်း ပြောကြားသွားခဲ့ပါသေးတယ်။ ရော်နယ်ဒိုက “ကျွန်တော့် အမြင်အရတော့ အရာအားလုံးကို ပြန်လည် တည်ဆောက်ဖို လိုအပ်ပါတယ်။ အသင်း အနေနဲ့ ပြန်လည် တည်ဆောက်ဖို့ အချိန် လိုအပ်ပါတယ်။ ဘာလိုလဲ ဆိုတော့ အသင်းက ကမ္ဘာ့အကောင်းဆုံး အသင်းတွေ ထဲက တစ်သင်း အဖြစ် ပါဝင်နေဆဲ မို့လို့ပါ။ ဒါပေမယ့် အပြောင်းအလဲ လုပ်ဖို သူတို့ အချိန် လိုအပ်ပါတယ်။ အဲဒါက တစ်ခုတည်းသော နည်းလမ်း ဆိုတာ သူတို့ နားလည်ပါတယ်။ အဲဒါကြောင့် သူတို့က အပြောင်းအလဲတွေ စတင် လုပ်ဆောင်လာပြီး အသင်းရဲ့ ဖွဲစည်းပုံ၊ အခြေခံ အဆောက်အအုံနဲ့ အရာအားလုံးကို ထပ်ပြီး ပြောင်းလဲမယ့် ပုံစံမျိုး ပြနေတာပါ။ အသင်း ပိုင်ရှင်တွေက လေ့ကျင့်ရေးကွင်းကို ရင်းနှီးမြှုပ်နှံမှု လုပ်နေပါတယ်။ အဲဒီ အတွက် ကျွန်တော် ဝမ်းသာပါတယ်။ အနာဂတ်က တောက်ပနေလိမ့်မယ်လို ကျွန်တော် ယုံကြည်ပါတယ်။ သူတို့က အရည်အချင်း အပေါ်ပဲ မူတည်ပြီး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ အောက်ခြေ ကနေ ပြန်လည် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘူး ဆိုရင်တော့ သူတို့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူး။ အဲဒီလို ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်မှာ ကစားသမား ဘဝ စတင် အောင်မြင်လာခဲ့သူလည်း ဖြစ်ပါတယ်။ ဒုတိယအကြိမ် ယူနိုက်တက်ကို ပြန်လည် ရောက်ရှိလာချိန် မှာလည်း အသင်း အတွက် များစွာ အကျိုးပြုခဲ့ပေမယ့် တန်ဟက်ဂ်နဲ့ အဆင်မပြေ ဖြစ်ပြီးနောက် အဲလ်နာဆာကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်