ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီးရဲ့ စပိန် ကွင်းလယ်လူ ရိုဒရီ ကတော့ ကစားသမားတိုင်း ကြောက်ရတဲ့ ဒူးအရွတ် စုတ်ပြဲ ACL ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရဖို့ ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၀၂၄ ခုနှစ်ရဲ့ ဘယ်လွန်ဒေါဆုရှင်က သူ့အနေနဲ့ ဒီရာသီထဲမှာပဲ ဘောလုံး ပြန်ကစားနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ပြောဆိုလာခဲ့ပါတယ်။
ရိုဒရီက အင်တာဗျူး အစီအစဉ် တစ်ခုမှာ သူရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီက “ဒီနှစ် ဘောလုံးရာသီထဲမှာပဲ ကျွန်တော် ပြန်လာနိုင်မယ်လို့ ခံစားမိနေပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် အဲ့ဒီလို ခံစားမိနေပါတယ်။ ဒါက ဖြစ်နိုင်ပြီးတော့ ဖြစ်အောင်လည်း လုပ်နိုင်တယ်လို့ ထင်ပါတယ်။။ အခုဆို ကျွန်တော် နာလန်ထူနေပါပြီ။ ဖိအားတွေလည်း မရှိပါဘူး။ အခုက အကောင်းဆုံးနည်း လမ်းနဲ့ ပြန်လာနိုင်ဖို့ပဲ အရေးကြီးပါတယ်။ ဒီရာသီ ကလည်း ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ပုံစံအသစ်ကြောင့် ခရီးရှည်ကြီး ဖြတ်သန်းရဦးပါမယ်။ ကျွန်တော် ရအောင် လုပ်နိုင်မှာပါ။”လို့ ဆိုပါတယ်။
အသက် ၂၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရိုဒရီက မန်စီးတီး အတွက် အပြင် စပိန် လက်ရွေးစင် အသင်း အတွက်လည်း အရေးအပါဆုံး ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ရိုဒရီဟာ စပိန်နဲ့ အတူ ယူရို ၂၀၂၄ ချန်ပီယံ ဖြစ်ခဲ့သလို မန်စီးတီး ကိုလည်း ပရီးမီးယားလိဂ် မှာ ၄ နှစ်ဆက် စံချိန်တင် ချန်ပီယံ ဖြစ်အောင် အဓိက နေရာ ကနေ စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ရိုဒရီဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဘယ်လွန်ဒေါဆု ကိုပါ သိမ်းပိုက် နိုင်ခဲ့ပါတယ်။ ရိုဒရီဟာ ACL ဒဏ်ရာကို ဘယ်လွန်ဒေါဆု မရခင် အာဆင်နယ်နဲ့ ပွဲစဉ်မှာ ရရှိခဲ့တာလည်း ဖြစ်ပြီး လပေါင်း များစွာ အနားယူရဖွယ် ရှိနေတာပါ။ ဒါ့အပြင် ရိုဒရီဟာ ပရီးမီးယားလိဂ် ကလပ် အတွက် အခုနှစ် ဘောလုံး ရာသီ တစ်ခုလုံး မကစားပေးနိုင်ဖို့ သေချာသလောက် ရှိနေသူ ဖြစ်ပါတယ်။
မန်စီးတီး ကလည်း ရိုဒရီ မပါဝင်နိုင်တဲ့ အချိန်မှာ သိသိသာသာ ရုန်းကန်နေရပြီး ရှုံးပွဲတွေလည်း ဆက်နေခဲ့ရပါတယ်။ နည်းပြ ပပ် ဂွာဒီယိုလာရဲ့ ခေတ်ကုန်သွားပြီလားလို့ မေးခွန်းထုတ်လာကြတဲ့ အထိ ၂၀၀၆ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ၄ ပွဲဆက် ရှုံးထားခဲ့ပါတယ်။ မန်စီးတီး အနေနဲ့ ရိုဒရီ ပြန်မကစားနိုင်ချိန်မှာ အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ကိုဗာချစ် ကိုသာ အသုံးပြုနေရတာကြောင့် ထိပ်တန်း ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူ အားဖြည့်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ်ရဲ့ ထိပ်တန်း ပစ်မှတ်တွေထဲ မှာတော့ ရီးရဲလ်ဆိုစီဒက်ရဲ့ စပိန် ကွင်းလယ် ကြယ်ပွင့် မာတင် ဇူဘီမန်ဒီနဲ့ အတ္တလန္တာရဲ့ ဘရာဇီးလ် ကွင်းလယ်လူ အက်ဒါဆင် တို့ကို ပါဝင်နေတယ်လို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.