နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆဘစ်ဇာရဲ့ အပြောင်းအရွှေ့ကို ဝေဖန်တဲ့ ပေါလ် မာဆွန်ကို ပြန်လည် တုံ့ပြန်လိုက်တဲ့ ဖာဒီနန်၊ တောင်အမေရိက ယူ၂၀ ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ချဲလ်ဆီး ကစားသမားသစ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

ဒီတစ်ခါ မှာတော့ ဆဘစ်ဇာရဲ့ အပြောင်းအရွှေ့ကို ဝေဖန်တဲ့ ပေါလ် မာဆွန်ကို ပြန်လည် တုံ့ပြန်လိုက်တဲ့ ဖာဒီနန်၊ တောင်အမေရိက ယူ၂၀ ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ချဲလ်ဆီး ကစားသမားသစ် စတာတွေ အပါအဝင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ခင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆဘစ်ဇာရဲ့ အပြောင်းအရွှေ့ကို ဝေဖန်တဲ့ ပေါလ် မာဆွန်ကို ပြန်လည် တုံ့ပြန်လိုက်တဲ့ ဖာဒီနန်

မန်ချက်စတာယူနိုက်တက် အသင်းက ဇန်နဝါရီ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာ အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဘေယန်မြူးနစ် ကွင်းလယ်လူ မာဆယ် ဆဘစ်ဇာကို အလောသုံးဆယ် ခေါ်ယူခဲ့တာလို့ ဘောလုံး ဝေဖန်သုံးသပ်သူနဲ့ ခန့်မှန်းသူ ပေါလ်မာဆွန်က ပြောဆိုခဲ့ပါတယ်။ ဒီအပေါ်မှာ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် နောက်ခံလူဟောင်း ရီယို ဖာဒီနန်က တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

မာဆွန်က “ သူက ဘေယန်မှာ နေရာ မရတဲ့သူပါ၊ ယူနိုက်တက်က နောက်ထပ် တစ်ကြိမ် အလျင်စလို လုပ်ခဲ့တာပါ၊ သူ့မှာ စိတ်ဝင်စားစရာ ဘာမှမရှိပါဘူး၊ ဒီအပြောင်းအရွှေ့က အလန့်တကြားနဲ့ ထပြီး ခေါ်ယူခဲ့တာပါပဲ” လို့ ပြောဆိုခဲ့တာပါ။ ဒါပေမယ့် ရီယို ဖာဒီနန် ကတော့ ဒီလို ပြောဆိုမှုကို သဘောမတူခဲ့ဘဲ အခုလို ပြန်လည် ပြောကြားသွားခဲ့ပါတယ်။

“ အဲရစ်ဆန် နေရာ အတွက် ရေတို အစားထိုးဖို့ ဆိုရင် ဆဘစ်ဇာက သင့်တော်တဲ့သူပါ၊ သူ လိုက်ပ်ဇစ်မှာ ကစားတုန်းက ကျနော် ခဏခဏ ကြည့်ဖူးပါတယ်၊ သူက ထူးခြားပါတယ်၊ သူတို့ လုပ်သမျှ အရာ အားလုံး အတွက် အရေးပါသူပါ၊ ယူနိုက်တက် အတွက် ဒီခေါ်ယူမှုက ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခု ဖြစ်လာမှာပါ၊ သူက အတွေ့အကြုံ ရှိပြီး ဘောလုံးကို ဘယ်လို ကစားရတယ် ဆိုတာ နားလည်သူပါ” လို့ ပြောဆိုခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အဲဗာတန်
အာဆင်နယ်
1X2 သရေ @ 4.50
အာဆင်နယ် အာရှ ဟန်းဒီးကပ် -1.50 @ 2.31
ဂိုးအောက် 2.50 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တောင်အမေရိက ယူ၂၀ ပြိုင်ပွဲမှာ ခြေစွမ်းပြနေတဲ့ ချဲလ်ဆီး ကစားသမားသစ်

ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးက ဇန်နဝါရီ အပြောင်းအရွှေ့ကာလ အတွင်းမှာ ပေါင် ၁၈ သန်းနဲ့ ခေါ်ယူထားတဲ့ ဘရာဇီးလ် ကွင်းလယ်လူ အန်ဒရေ ဆန်းတို့စ် ကတော့ တောင်အမေရိက ယူ-၂၀ ပြိုင်ပွဲမှာ ခြေစွမ်းပြနေပါတယ်။ အသက် ၁၈ နှစ် အရွယ် ကွင်းလယ်လူဟာ အင်္ဂါနေ့က ကစားခဲ့တဲ့ အီကွေဒေါနဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့ပြီး ဒီပြိုင်ပွဲမှာ ၄ ဂိုး အထိ သွင်းယူထားပြီး ဖြစ်ပါတယ်။

သူ့ရဲ့ ခြေစွမ်းပြမှုတွေက ချဲလ်ဆီး အတွက်တော့ အားရကျေနပ်စရာ ဖြစ်နေခဲ့ပြီး လန်ဒန် ကလပ်ဟာ မန်ချက်စတာစီးတီးနဲ့ နယူးကာဆယ်တို့ကို ကျော်ပြီး ဆန်းတို့စ်ကို လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ် နာမည်ကျော် ကွင်းလယ်လူဟောင်း ဂျူနင်ဟို ကတော့ ဆန်းတို့စ်ကို ဒေ့ါမန် ကစားသမား ဂျူ့ဒ် ဘယ်လင်ဂမ်နဲ့ နှိုင်းယှဉ် ချီးကျူးထားခဲ့ပါသေးတယ်။

“ ရုပ်ပိုင်းဆိုင်ရာအရ သူက မွန်းစတားကြီး တစ်ကောင်ပါ၊ ဘောလုံး မရှိချိန်မှာ သူက ကွင်းထဲမှာ နေရာ အနှံ့လိုက် ကစားတယ်၊ သူ့ကို ရပ်တန့်လို့ မရပါဘူး၊ နည်းစနစ်ပိုင်းအရလည်း သူက အားလုံးရဲ့ အထက်မှာ ရှိပါတယ်၊ သူက ကျနော့်ထက်တောင်မှ ပိုပြီးတော့ ကောင်းလာမှာပါ၊ ပိုပြည့်စုံတဲ့ ကစားသမားပါ၊ ကျနော် အသက် ၁၈ နှစ် အရွယ်မှာ သူ့ရဲ့ တစ်ဝက်လောက်တောင် မကစားနိုင်ဘူး၊ သူက ဘယ်လင်ဂမ် လိုပဲ” လို့ ပြောဆိုခဲ့ပါတယ်။


၇ နှစ်ကြာ ဖလား လက်မဲ့ ဖြစ်မှုကို အဆုံးသတ်နိုင်ဖို့ နီးစပ်နေတဲ့ ယူနိုက်တက်

ခရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ မှာလည်း မန်ချက်စတာ ယူနိုက်တက်ဟာ နော့တင်ဟမ်ဖောရက်စ်ကို ၂-၀ နဲ့ အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့ကာ နှစ်ကျော့ပေါင်းရလဒ် ၅-၀ နဲ့ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က အမာခံ ကစားသမားတွေနဲ့ အရန် ကစားသမား တချို့ကို ရောစပ် အသုံးပြုခဲ့ပါတယ်။

ယူနိုက်တက်တို့ ပွဲချိန်မိနစ် ၇၀ ကျော်မှ အနိုင်ဂိုး နှစ်ဂိုးစလုံးကို ရရှိခဲ့ပြီး တိုက်စစ်မှူး အန်သိုနီ မာစီရယ်နဲ့ ကွင်းလယ်လူ ဖရက်ဒ်တို့က သွင်းယူပေးခဲ့တာပါ။ ဒုတိယပိုင်းမှာ တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုလည်း ဝင်ရောက် ကစားခဲ့ပြီး ကမ္ဘာ့ဖလားအပြီးမှာ ယူနိုက်တက် အတွက် ပထမဆုံး အကြိမ် ပြန်လည် ပွဲထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ကတော့ ဗိုလ်လုပွဲမှာ နယူးကာဆယ် ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်က ဆောက်သမ်တန်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာ ဖြစ်သလို နှစ်ပေါင်းများစွာ အကြာမှ ဆုဖလား တစ်လုံး ကိုင်မြှောက်နိုင်ဖို့ နီးစပ်နေခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ကလည်း ၇ နှစ် ဆက်တိုက် ဆုဖလား လက်မဲ့ ဖြစ်ခဲ့ရတာတွေကို အဆုံးသတ်ဖို့ မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်