နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်မှာ ရှယ်ယာပိုင်ဆိုင်မှု ရာခိုင်နှုန်းကို မြှင့်တင်လိုက်တဲ့ ရက်ကလစ်ဖ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင် တစ်ဦး ဖြစ်တဲ့ ဆာ ဂျင်မ် ရက်ကလစ်ဖ် ကတော့ အသင်းရဲ့ ရှယ်ယာထဲကို ပေါင် ၇၉ သန်း ထပ်မံ ထည့်ဝင်ခဲ့တယ်လို့ သိရပါတယ်။ ဆာ ဂျင်မ် ရက်ကလစ်ဖ် ကတော့ အခုနှစ် အစောပိုင်းမှာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်ရဲ့ ရှယ်ယာ ၂၇.၇ ရာခိုင်နှုန်းကို ပေါင် ၁.၂ ဘီလီယံ ဝန်းကျင်နဲ့ ဝယ်ယူခဲ့သူ ဖြစ်ပါတယ်။ 

ရက်ကလစ်ဖ်ဟာ အခုလို ရှယ်ယာ ရာခိုင်နှုန်း အများအပြားကို ဝယ်ယူနိုင်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ ဘောလုံးဆိုင်ရာ ကိစ္စရပ်တွေကို ဦးစီး ဦးဆောင် လုပ်ကိုင်နိုင်ခဲ့ပြီး အသင်းကို တဖြည်းဖြည်း ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ရက်ကလစ်ဖ်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေ ထဲမှာ ဝန်ထမ်း အရေအတွက် အများအပြား လျှော့ချတာ၊ ဂန္ထဝင် နည်းပြ ဆာ အဲလက်စ် ဖာဂူဆန်ကို သံတမန် အဖြစ် ကနေ ရပ်စဲတာ အပြင် အသင်းရဲ့ အဝတ်လဲခန်းထဲကို လာရောက်ခွင့် ပိတ်ပင်လိုက်တာ စတဲ့ ကိစ္စတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန် ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ သူတို့ လိုချင်လွန်းလို့ အသည်းအသန် ခေါ်ယူခဲ့တဲ့ အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝါ့သ် နဲ့လည်း လမ်းခွဲထားခဲ့ပါသေးတယ်။

သတင်းတွေ အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းနဲ့ ဘယ်နောက်ခံလူ နေရာ အတွက် အဓိက ခေါ်ယူမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။
နည်းပြသစ် ရူဘင် အမော်ရင် လက်ထက်မှာ ပုံစံကောင်းရဖို့ ရုန်းကန်နေရဆဲ ဖြစ်တဲ့ ယူနိုက်တက်

ဒါပေမယ့်လည်း ရက်ကလစ်ဖ်ဟာ ကွင်းသစ် တည်ဆောက်မယ့် စီမံကိန်းနဲ့ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ နေရာမှာ ရူဘင် အမော်ရင်ကို ခန့်အပ်ခဲ့တာတွေ အတွက်တော့ အပြည့်အဝ ထောက်ခံမှု ရရှိထားခဲ့သူ ဖြစ်ပါတယ်။ ဆာ ဂျင်မ် ရက်ကလစ်ဖ်ဟာ လက်ရှိမှာ ဂလေဇာ မိသားစုနဲ့ သဘောတူညီမှု ရယူထားတဲ့ အတိုင်း နှစ်မကုန်မီ ပေါင် ၇၉ သန်း ထပ်မံ ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ရှယ်ယာ ပိုင်ဆိုင်မှု ကလည်း ၂၈.၉ ရာခိုင်နှုန်း အထိ တိုးမြင့်လာခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း သတင်းတွေ အရ ဆိုရင်တော့ သူထည့်ဝင်ခဲ့တဲ့ ငွေကြေးတွေဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကစားသမား ခေါ်ယူဖို့ အတွက် အသုံးပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။ 

ယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို သင့်လျော်တဲ့ဈေး ရရင် ရောင်းထုတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းနဲ့ အဆင်မပြေတဲ့ ကစားသမားတွေကို ခပ်မြန်မြန် ရောင်းထုတ်ဖို့ စီစဉ်နေတယ်လို့ သိရပြီး ဒီကစားသမားတွေ ဆီကနေ ရတဲ့ ပြောင်းရွှေ့ကြေးတွေကို ကစားသမားသစ် ခေါ်ယူဖို့ အတွက် အသုံးချသွားဖို့လည်း ရှိနေပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းနဲ့ ဘယ်နောက်ခံလူ နေရာ အတွက် အဓိက ခေါ်ယူမှုတွေ ပြုလုပ်သွားဖို့ ရှိနေပါတယ်။ 

ယူနိုက်တက်ရဲ့ တိုက်စစ် ပစ်မှတ်တွေထဲမှာတော့ ဗစ်တာ ယိုကီးရက်စ်၊ ဗစ်တာ အိုဆင်မ်ဟန် တို့ ထိပ်ဆုံးက ပါဝင်နေပြီး ဘယ်နောက်ခံလူ နေရာ အတွက်တော့ ဘေယန်မြူးနစ်က အဲလ်ဖွန်ဆို ဒေးဗီးစ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်