နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်နေပြီ ဆိုတဲ့ ရက်ရှ်ဖို့ဒ် | ပရီးမီးယားလိဂ်

မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ရောင်းထုတ်ခံရတော့မယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ ဒီလို အချိန်မှာ မားကပ်စ် ရက်ရှ်ဖို့ဒ်က သူ့အနေနဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်သွားဖို့ အတွက် အဆင်သင့် ဖြစ်နေပြီလို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာ ရက်ရှ်ဖို့ဒ်က “ကျွန်တော့် အတွက် ကတော့ ပုဂ္ဂိုလ်ရေးအရ စိန်ခေါ်မှု အသစ်တွေနဲ့ နောက်ထပ် ခြေလှမ်းတွေ အတွက် အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော် ထွက်သွားရမယ့် အချိန်မှာ ခက်ခဲတဲ့ ခံစားချက်မျိုးတော့ ဖြစ်နေမှာ မဟုတ်ဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ မှတ်ချက်မျိုးတော့ ပေးမှာ မဟုတ်ပါဘူး။ ကျွန်တော်က အမြဲတမ်း ဒီအသင်းကို ချစ်မြတ်နိုးနေမှာပါ။ တကယ်လို့ ကျွန်တော် ဒီအသင်း ကနေ ထွက်ခွာတော့မယ် ဆိုရင် ကျွန်တော် ကိုယ်တိုင် ကြေညာချက် ထုတ်ပြန်မှာပါ။ ဒီအကြောင်းအရာတွေက ကျွန်တော့် ဆီကနေပဲ ထွက်လာပါလိမ့်မယ်။ ဒါက သေချာပါတယ်။ နောက်ပြီး ပရော်ဖက်ရှင်နယ် မဆန်တော့တာလား ဆိုတာ ကတော့ နားလည်မှု လွဲနေတယ် လို့ပဲ ခံစားရပေမယ့် ကျွန်တော် ကတော့ အဆင်ပြေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး “ကျွန်တော်က ရိုးရိုးရှင်းရှင်း နေတက်တဲ့ သူတစ်ဦး ဘောလုံးအားကစား ကိုလည်း ချစ်မြတ်နိုးတဲ့သူပါ။ အဲ့ဒါက ကျွန်တော် ငယ်ငယ်လေးကတည်းကပါပဲ။ ဒါဘီပွဲမျိုးမှာ ပါဝင်ရခြင်း မရှိတာက နာကျင်ခဲ့ရပေမယ့် ဒါက ဖြစ်တတ်ပါတယ်။ ဒီအခြေအနေ အပေါ်မှာ စိတ်ပျက်မိလို့ ငိုနေရမလား ဒါမှမဟုတ် ကစားခွင့် ပြန်ရချိန်မှာ အကောင်းဆုံး လုပ်ပြမလား ဆိုတာပဲ ရှိပါတော့တယ်။ ကျွန်တော်က စိတ်ပျက်စရာတွေ ကြုံရတိုင်း ဒါတွေကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ အသက်အရွယ်မျိုးကို ရောက်နေပါပြီ။ အခွင့်အရေး ရလာရင် တက်နိုင်သမျှ အကောင်းဆုံး ကြိုးစားသွားပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် ၂၇ နှစ် အရွယ် အင်္ဂလန် ကစားသမား ရက်ရှ်ဖို့ဒ်က ပရီးမီးယားလိဂ် ကလပ်ရဲ့ အကယ်ဒမီထွက် တစ်ဦး ဖြစ်သလို အသင်း မှာလည်း ကာလ အတန်ကြာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ကို လာမယ့် အပြောင်းအရွှေ့မှာ ရောင်းထုတ်ဖို့ ရှိနေတဲ့ ယူနိုက်တက်

လက်ရှိမှာ အသက် ၂၇ နှစ် အရွယ် အင်္ဂလန် ကစားသမား ရက်ရှ်ဖို့ဒ်က ပရီးမီးယားလိဂ် ကလပ်ရဲ့ အကယ်ဒမီထွက် တစ်ဦး ဖြစ်သလို အသင်း မှာလည်း ကာလ အတန်ကြာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူရဲ့ ခြေစွမ်းပိုင်းတွေက တည်ငြိမ်မှု မရှိတဲ့ အပြင် အသင်းရဲ့ တိုက်စစ် အတွက် ဘယ်လိုမှ အားထားရတဲ့ အနေအထားမှာ ရှိမနေတာ ကြောင့် အသင်းဘက်က သူ့အပေါ် စိတ်ပျက်လာခဲ့ ပြီး ရောင်းထုတ်ဖို့ပါ စီစဉ်လာပါတယ်။ နည်းပြ ရူဘင် အမော်ရင် ကလည်း ရက်ရှ်ဖို့ဒ်ကို 

ပြီးခဲ့တဲ့ ရက်ပိုင်း ကပဲ ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ကို လာမယ့် နွေရာသီမှာ ရောင်းထုတ်တော့မယ်လို့ သတင်းတွေ ထွက်လာခဲ့ပြီးနောက် မန်ချက်စတာဒါဘီ မှာပါ အသင်းရဲ့ လူစာရင်း ကနေ လုံးဝ ချန်လှပ်ခံခဲ့ရသလို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာတင်ပဲ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာမယ် ဆိုရင် ရောင်းချသွားဖို့ ရှိနေတယ် ဆိုတဲ့ သတင်းတွေပါ ထပ်မံ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ အသက် ၇ နှစ်သား အရွယ် ကတည်းက ပရီးမီးယားလိဂ် ကလပ်ကို ရောက်ရှိနေခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် မှာတော့ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် စီနီယာ အသင်းကြီး အတွက် စတင် ကစားခွင့် ရရှိခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့တာကြောင့် ယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်း အတွက် အရေးပါတဲ့ ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရက်ရှီက အသင်းမှာ သူ့ရဲ့ ပုံမှန် ခြေစွမ်းကောင်းတွေကို ထိန်းသိမ်းထားနိုင်ခြင်း မရှိပဲ တစ်ပွဲထက် တစ်ပွဲ ပိုပို ရုန်းကန်နေရတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်