နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘာစီလိုနာကို စွန့်ခွာပြီး ပရီးမီးယားလိဂ် ပြန်လာဖွယ် ရှိနေတဲ့ ရာဖင်ညာ | ပရီးမီးယားလိဂ်

ဘရာဇီးလ် ကြယ်ပွင့် ရာဖင်ညာ ကတော့ အခုနွေရာသီမှာ ဘာစီလိုနာ ကနေ ထွက်ခွာဖို့ များနေပြီးတော့ ပရီးမီးယားလိဂ်ကို ပြန်လည် ပြောင်းရွှေ့ဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ အကယ်၍ ဘရာဇီးလ် တောင်ပံကစားသမား အနေနဲ့ ဘာစီလိုနာ ကနေ ထွက်ခွာမယ် ဆိုရင်တော့ သူ့ အတွက် ရွေးချယ်စရာ အသင်းတွေ အများကြီး ရှိနေပြီး အဲဒီအထဲကမှ ပရီးမီးယားလိဂ် ကလပ်တွေ ကိုတော့ ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ချေ တော်တော်လေး များနေပါတယ်။

လိဒ်စ်ယူနိုက်တက် အသင်းနဲ့ အတူ တောက်ပခဲ့တဲ့ ရာဖင်ညာကို ပြီးခဲ့တဲ့ ၂၀၂၂/၂၃ ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ် ကလပ်တွေနဲ့ အပြိုင် ဘာစီလိုနာက အရ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ရာဖင်ညာဟာ လာလီဂါ ကလပ်နဲ့ ပွဲဦးထွက် ရာသီမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀ အထိ ပါဝင် ကစားခဲ့ရပေမယ့် ပြီးခဲ့တဲ့ ရာသီမှာတော့ ၃၇ ပွဲသာ ကစားခဲ့ရပါတယ်။ အဓိက ကတော့ မကြာသေးခင်က ဘာစီလိုနာရဲ့ ညာတောင်ပံမှာ လူငယ် ကြယ်ပွင့် လမင်း ယာမယ် ပေါ်ထွက်လာခဲ့ပြီးနောက် ရာဖင်ညာ တစ်ယောက် ဘာစီလိုနာ အတွက် အရေးပါမှု လျော့ကျသွားခဲ့ရပါတယ်။ ဒါကြောင့် ဘရာဇီးလ်သားဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ရှိနေကြောင်း သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် တချို့က ဒီနွေရာသီမှာ ရာဖင်ညာကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဖြစ်နိုင်ချေ ရှိတဲ့ ကမ်းလှမ်းမှုတွေ ကိုတော့ ငြင်းဆန်ထားတယ်လို့ သိရပါတယ်။ ရာဖင်ညာဟာ လာလီဂါမှာ ကစားရတာ အလွန် ပျော်ရွှင်နေတာကြောင့် ဥရောပ ပြင်ပလိဂ်တွေကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားဘူလို့ သိရပါတယ်။ ဒါပေမယ့်လည်း အရှေ့အလယ်ပိုင်း ကလပ်တွေရဲ့ မငြင်းဆန်နိုင်လောက်တဲ့ ကမ်းလှမ်းမှုတွေ ရှိလာရင်တော့ ဘာစီလိုနာရော၊ ရာဖင်ညာပါ ဆုံးဖြတ်ချက်တွေ ပြင်ဆင်သွားဖွယ်တော့ ရှိနေပါတယ်။

တစ်ဖက်မှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က ဘရာဇီးလ်သားကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဒါက ဖြစ်နိုင်ချေနည်းပါတယ်။ လက်ရှိ အာဆင်နယ်ရဲ့ တောင်ပံ နှစ်ဖက်မှာ ဘူကာယို ဆာကာ၊ မာတင်နယ်၊ ကိုင်ဟာဗက်ဇ်၊ ထရော့ဆက်ဒ် တို့ အပြင် လူငယ် ကြယ်ပွင့်လေး အီသန် နွမ်နာရီလည်း ရှိနေတာကြောင့် ရာဖင်ညာ တစ်ယောက် ပွဲထွက်ကစားခွင့် အတွက် တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာ ကတော့ အခုနွေရာသီမှာ ရာဖင်ညာကို စိတ်ဝင်စားကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး ပြီးခဲ့တဲ့ ရာသီက လာလီဂါမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ကစားသမားရဲ့ စွမ်းဆောင်ရည်တွေကို သဘောကျနေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချန်ပီယံလိဂ် အတွေ့အကြုံကြောင့်လည်း ဗီလာက ရာဖင်ညာကို စိတ်ဝင်စားနေတာ ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဗီလာက မူဆာ ဒီယာဘီကို အဲလ်အစ်တီဟတ်ထံ ရောင်းထုတ်ထားတာကြောင့် တောင်ပံ ကစားသမား တစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာဖင်ညာရဲ့ ပြောင်းရွှေ့ကြေး အပြင် လုပ်ခလစာ မြင့်မားမှုကြောင့် ဗီလာတို့ ဒီကစားသမားကို ခေါ်ယူဖို့ ခက်ခဲနိုင်ဖွယ် ရှိနေပါတယ်။ ဘာစီလိုနာ အနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား အတွက် ယူရို သန်း ၈၀ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

ရာဖင်ညာ ပြောင်းရွှေ့ဖွယ် ရှိတဲ့ နောက်ထပ် တစ်သင်း ကတော့ ချဲလ်ဆီး ဖြစ်ပြီး အရင် ကတော့ ပြောင်းရွှေ့ဖို့ ငြင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ရာဖင်ညာက သူကစားချင်ခဲ့တဲ့ ဘာစီလိုနာမှာ အဆင်မပြေ ဖြစ်နေတာကြောင့် စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့က ဖြစ်နိုင်ချေ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် ကလည်း အခုနွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့ ပြင်ဆင်နေတာကြောင့် ရာဖင်ညာကို ခေါ်ယူဖို့လည်း ဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ အသင်းရဲ့ တောင်ပံ ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ရှင်းထုတ်ချင်နေတဲ့ ယူနိုက်တက် အနေနဲ့ ရာဖင်ညာကို ညာတောင်ပံမှာ ထားကာ ဂါနာချို ကိုလည်း ဘယ်တောင်ပံမှာ ပြန်ကစားစေနိုင်ဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်