နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲကြိုသုံးသပ်ချက် | လိဒ်စ်ယူနိုက်တက် – ချဲလ်ဆီး (ပရီးမီးယားလိဂ်)

လိဒ်စ်ယူနိုက်တက် – ချဲလ်ဆီး

ပရီးမီးယားလိဂ် ပွဲစဉ် (၃) အဖြစ် လိဒ်စ်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ဒီပွဲနဲ့ ပတ်သက်တဲ့ ပွဲကြိုအချက်အလက်တွေနဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ရာသီ အဖွင့် ၂ ပွဲမှာ ရှုံးပွဲ လုံးဝ မရှိသေးဘဲ ၄ မှတ်ရပြီး အခြေအနေ ကောင်းနေပါတယ်။ တစ်ပွဲကို နှစ်ဂိုးစီ သွင်းနိုင်ခဲ့ပြီးတော့ တိုက်စစ် ခြေစွမ်းပြနေတဲ့ အသင်းလို့လည်း ပြောလို့ ရပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်နဲ့ ပွဲမှာတော့ အနိုင်ရဖို့ နီးစပ်ခဲ့ပြီးမှ သရေကျခဲ့တာ ကတော့ ဂျက်ဆီ မက်ရှ်ရဲ့ အသင်း အတွက် နစ်နာစရာ ဖြစ်ခဲ့ပါတယ်။ ရိုဒရီဂို ခြေစွမ်းပြနေတာ ကလည်း သူတို့ တိုက်စစ်ကို တော်တော်လေး အားကောင်းနေစေပြီး ထုံးစံအတိုင်း ခံစစ်ပိုင်း ကတော့ အားနည်းနေဆဲပါ။ နွေရာသီ အပြောင်းအရွှေ့မှာ ရာဖင်ညာ၊ ကယ်ဗင်ဖီးလစ် တို့လို့ အဓိက ကစားသမား တချို့ ထွက်ခွာသွားသလို တချို့က ဒဏ်ရာ ပြသနာတွေ ရှိနေပေမယ့် အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ကစားနိုင်တာ ကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ စပါးနဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကိန်းရဲ့ နောက်ဆုံး မိနစ် ချေပဂိုးကြောင့် အသဲကွဲထားရတဲ့ အသင်းပါ။ အဲဗာတန်နဲ့ ပွဲတုန်းကထက် ချဲလ်ဆီးရဲ့ ကစားပုံ ပိုကောင်းလာသလို ပိုပြီးလည်း ဖိဖိစီးစီး ကစားလာနိုင်တာ တွေ့ရပါတယ်။ ကူလီဘာလီ ခြေစွမ်းပြနေပြီး တိုက်စစ်မှာရော၊ ခံစစ်မှာပါ အားကိုးနေရပါတယ်။ အကောင်းဆုံး ပုံစံ မရသေးပေမယ့် ချဲလ်ဆီးက အသင်းကြီး တစ်သင်း ပုံစံတော့ အပြည့် ရှိနေပြီလို့ ပြောလို့ ရပါတယ်။ ဒီအချက်က တော်တော်လေး အားရစရာ ကောင်းပြီး ပြိုင်ပွဲ အရှိန်ရလာလေ ပိုကောင်းလာလေ ဖြစ်မယ်လို့တောင် ယူဆရပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ချဲလ်ဆီး ကတော့ စပါးနဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ကိန်းရဲ့ နောက်ဆုံး မိနစ် ချေပဂိုးကြောင့် အသဲကွဲထားရတဲ့ အသင်းပါ။
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးနဲ့ သရေကျထားတဲ့ ချဲလ်ဆီး

လိဒ်စ်ယူနိုက်တက် – မက်စလေးယာ၊ ခရစ္စတန်ဆန်၊ ကို့ချ်၊ ယော်ရန်းတေး၊ စထရုအစ်ဂ်၊ ရိုကာ၊ အဒမ်စ်၊ အာရွန်ဆွန်၊ ရိုဒရီဂို၊ ဟာရစ်ဆန်၊ ဒန် ဂျိမ်းစ်

ချဲလ်ဆီး – မန်ဒီ၊ အက်ဇ်ပီလီကွယ်တာ၊ သီယာဂို ဆေးလ်ဗား၊ ကူလီဘာလီ၊ ရိစ် ဂျိမ်းစ်၊ လော့တပ်စ်ချိခ်၊ ဂျော်ဂျင်ဟို၊ ကူကာရယ်လာ၊ မေဆန်မောင့်၊ စတာလင်၊ ဟာဗက်ဇ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပြိုင်ပွဲစုံ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံခဲ့ရာ မှာတော့ ချဲလ်ဆီးက ၄ ကြိမ် အနိုင်ရခဲ့ပြီး လိဒ်စ် ကတော့ ၁ ပွဲ သရေပဲ ရအောင် ကစားနိုင်ခဲ့ပါတယ်။ အစဉ်အလာ အရတော့ ချဲလ်ဆီးက အပြတ်အသတ် သာနေပြီး နောက်ဆုံး ၅ ကြိမ်မှာ ၄ ကြိမ်က ဂိုးပေါင်း အများ ဖြစ်ခဲ့တာ သတိထားစရာပါ။ တိုက်စစ်ကို အသားကုန် ဖွင့်ဆော့တဲ့ လိဒ်စ် ကစားပုံ ကတော့ ခံစစ် အားနည်းလွန်းပြီး စတာလင်တို့ အဖွဲ့ အကြိုက် တွေ့မယ့် အနေအထားမှာ ရှိနေပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

ဒီပွဲမှာ ဖွင့်လှစ်ထားတဲ့ ကြေးအရ ဆိုရင် ချဲလ်ဆီးပဲ အသာစီးရမယ်လို့ ဘွတ်ကီတွေ ယူဆထားတာကို တွေ့ရမှာပါ။ 1X2 ဖွင့်လှစ်မှုမှာ ဆိုရင် လိဒ်စ်ယူနိုက်တက် နိုင်ရင် ၅.၇၅ ဆ ရမှာ ဖြစ်ပြီး ချဲလ်ဆီး အတွက်တော့ ၁.၅၇ ဆ ပဲ ပေးထားပါတယ်။ တော်တော်လေး ကွာဟနေတဲ့ ကြေးဖွင့်မှု ဖြစ်ပြီး ချဲလ်ဆီး အပြတ်သာမယ်လို့တောင် ယူဆရပါတယ်။ ဂိုးပေါင်း ဖွင့်လှစ်ထားမှု မှာတော့ ၂.၅၀ ဆ ကနေ စဖွင့်ထားပြီး ၂.၇၅ ဆ မှာ ကြေး အပြောင်းအလဲတွေ ရှိနေပါတယ်။ အနည်းဆုံး ဒီပွဲမှာ နှစ်ဖက် သွင်းဂိုး ၂ ဂိုး ကနေ စတင်မယ်လို့ ယူဆရပါတယ်။ ထိပ်တိုက် တွေ့ဆုံထားမှု၊ အစဉ်အလာအရ ဆိုရင်တော့ ချဲလ်ဆီးကို သေချာပေါက် ရွေးချယ်ရမှာဖြစ်ပြီး အကျိုးအမြတ် အတွက် ဂိုးအများကိုပါ ယူသင့်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်