နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲကြိုသုံးသပ်ချက် | အဲဗာတန် – နော့တင်ဟမ်ဖောရက်စ် (ပရီးမီးယားလိဂ်)

အဲဗာတန် – နော့တင်ဟမ်ဖောရက်စ်

စနေနေ့ညရဲ့ နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ အဖြစ် အဲဗာတန်တို့ ဂွတ်ဒီဆင်ပါ့ခ်မှာ တန်းတက် နော့တင်ဟမ်ဖောရက်စ်ကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း နည်းတူ တစ်မှတ်မှ မရသေးတဲ့ အဲဗာတန်တို့ ရမှတ် ဈေးဦးပေါက်ဖို့ အားစိုက်ရမှာ ဖြစ်သလို ရှိသလို နော့တင်ဟမ်ဖောရက်စ် ကလည်း ပုံစံကောင်း တစ်ခုကို ဆက်ထိန်းပြီး နိုင်ပွဲ ဆက်ရေး ကြိုးစားမှာ ဖြစ်လို့ ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲစဉ် တစ်ပွဲ အဖြစ် မြင်တွေ့ရဦးမှာပါ။

အဲဗာတန်တို့ အဖွင့်ပွဲမှာ ချဲလ်ဆီးကို ၁-၀၊ ပွဲစဉ် (၂) မှာ အက်စတွန်ဗီလာကို ၂-၁ ရလဒ်တွေနဲ့ ကပ်ပြီး ရှုံးနိမ့်ထားခဲ့ပါတယ်။ ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ရဲ့ ဘဲဥ မကွဲသေးတဲ့ ၃ သင်းထဲက ၁ သင်း ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။ တကယ်တော့ ဖရန့်ခ် လမ်းပတ်ရဲ့ အသင်းက ခြေစွမ်း အရမ်းကြီး ဆိုးရွားနေတာ မဟုတ်ပါဘူး။ လူစာရင်း တောင့်တင်းတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရလို့သာ ရမှတ်တွေ ဆုံးရှုံးထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဗာတန်တို့ တာကောစကီး၊ ဗီနာဂရီ၊ မက်နေးလ်တို့ အပြင် ကိုနာ ကိုဒီနဲ့ အမာဒူ အိုနာနာ တို့ကို ထပ်မံ ခေါ်ယူ အားဖြည့်ထားပါတယ်။ အခု လာမယ့် ပွဲအတွက် အဲဗာတန်ရဲ့ ပွဲထွက် လူစာရင်းမှာ ကစားသမားသစ် အားလုံး နီးပါး မြင်တွေ့ရဖို့ ရှိသလို တစ်ဖက် မှာလည်း မီနာ၊ အန်ဒရီ ဂိုးမက်စ်၊ ဘန်ဂေါ့ဖရေး၊ ကလဲဗက် လီဝင်း၊ တောင်ဆန် တွန်မ် ဒေးဗီးစ် တို့ကတော့ ဒဏ်ရာကြောင့် အနားယူနေရဦးမယ်လို့ သိရပါတယ်။

အခုရာသီမှ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ နော့တင်ဟမ်ဖောရက်စ် ကတော့ တော်တော်လေး အားရစရာ ကောင်းတဲ့ ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။
ရာသီကြို ပြင်ဆင်မှု အဖြစ် ကစားသမား ၁၅ ဦးနီးပါး ခေါ်ယူ အားဖြည့်ထားတဲ့ နော့တင်ဟမ်ဖောရက်စ်

အခုရာသီမှ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ နော့တင်ဟမ်ဖောရက်စ် ကတော့ တော်တော်လေး အားရစရာ ကောင်းတဲ့ ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်ထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ နွေရာသီ အပြောင်းအရွှေ့မှာ ဒင်းန်ဟန်ဒါဆန်၊ နီယာခိတ်၊ အေဝန်နီယီ၊ လင်ဂတ်၊ မန်ဂါလာ၊ နီကို ဝီလီယမ်စ်၊ ကိုယာတေး၊ အီမန်နူရယ် ဒန်းနစ်၊ ဖရီအူလာ တို့ အပါအဝင် ကစားသမား စုစုပေါင်း ၁၄ ဦး အထိ ခေါ်ယူ အားဖြည့်ထားတဲ့ ဖောရက်စ်တို့ ဘယ်လောက်အထိ လုပ်ပြနိုင်ဦးမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ နယူးကာဆယ်ကို ရှုံးနိမ့်ပြီး အဖွင့် မလှခဲ့ပေမယ့် ပွဲစဉ် (၂) မှာတော့ ကစားရခက်တဲ့ ဝက်စ်ဟမ်းလို အသင်းကို အနိုင်ရခဲ့တာကြောင့် ဖောရက်စ်ရဲ့ ခြေစွမ်းက လျှော့တွက်လို့ မရသလို လက်တလောမှာ စိတ်ဓာတ်ပိုင်း ကလည်း အမြင့်ဆုံး ရောက်နေမှာ သေချာပါတယ်။ ဖောရက်စ်တို့ အခုပွဲမှာ အိုမာ ရစ်ချက်ဒ် ကလွဲလို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာနိုင်ဖို့ ရှိပေမယ့် စတိဗ် ကူ့ပါး အနေနဲ့ နောက်ဆုံး ခေါ်ယူထားတဲ့ ဂစ်ဘ်ဝှိုက်၊ ဖရီအူလာ၊ ဒန်းနစ်၊ ကိုယာတေး တို့ကိုတော့ ပွဲထွက် ၁၁ ယောက် စာရင်းမှာ ထည့်သွင်း အသုံးပြုဦးမယ့် သဘောတော့ မရှိပါဘူး။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
အက်စတန် ဗီလာ
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ် လူစာရင်း

အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ တာကောစကီး၊ ကိုဒီ၊ ဟိုးလ်ဂိတ်၊ အိုနာနာ၊ ဒူကိုရေး၊ ပတ်တာဆန်၊ မိုင်ကိုလန်ကို၊ မက်နေးလ်၊ ဂေါ်ဒွန်၊ ဂရေး

နော့တင်ဟမ်ဖောရက်စ် – ဟန်ဒါဆန်၊ ဝါရောလ်၊ နီယာခိတ်၊ မက်ကန်နာ၊ မန်ဂါလာ၊ အိုဘရိုင်ယန်၊ ဝီလီယမ်စ်၊ တော့ဖ်ဖိုလို၊ လင်ဂတ်၊ အဝန်နီယီ၊ ဂျွန်ဆင်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

၂၀၀၈ ခုနှစ်တုန်းက ခြေစမ်းပွဲ အဖြစ် ၁ ကြိမ်သာ ထိပ်တိုက်တွေ့ဆုံ ကစားထားခဲ့ပြီးတော့ ၁-၁ ရလဒ် ထွက်ပေါ်ထားပါတယ်။ ပရီးမီးယားလိဂ် မှာတော့ ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားကြမှာ ဖြစ်ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ အဲဗာတန် အနိုင် အတွက် ၁.၉၆ ဆ၊ နော့တင်ဟမ်ဖောရက်စ် အနိုင် ဆိုရင် ၃.၈၀ ဆ၊ သရေ အတွက် ကတော့ ၃.၄၀ ဆ ဆိုပြီး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ လမ်းပတ်ရဲ့ အသင်းကို ပြီးခဲ့တဲ့ ပွဲတွေမှာ ပုံစံကောင်း တစ်ခု ပြသနိုင်ခဲ့ပေမယ့် အပြည့်အဝ ယုံကြည်လို့ရတဲ့ ခြေစွမ်းမျိုးတော့ မမြင်ရသေးပါဘူး။ ဖောရက်စ် ကလည်း ဝက်စ်ဟမ်းကို အနိုင်ရထားပေမယ့် တစ်ဖက်က ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကြောင့် အနိုင်ရခဲ့တာ ဖြစ်လို့ ခန့်မှန်းခက်နေဆဲပါ။ ဖောရက်စ်က လူအင်အား ပိုပြီး တောင့်တင်းသလို စိတ်ဓာတ်ပိုင်း ကလည်း အမြင့်ရောက်နေတာ မှန်ပေမယ့် အခုပွဲ မှာတော့ ရှုံးပွဲတွေ ဆက်နေတဲ့ အဲဗာတန်ရဲ့ ရုန်းအား တစ်ခုကို မြင်တွေ့ရမယ်လို့ ထင်သလို မျှော်လည်း မျှော်လင့်မိပါတယ်။ ဒါကြောင့် ၂ ဆ နီးပါး ရနိုင်မယ့် တော်ဖီတွေ ဘက်မှာ အရဲစွန့် ရပ်တည်ရင်း အကျိုးအမြတ် ရှာကြည့်ချင်ပါတယ်။ အပြန်အလှန် သွင်းဂိုး တချို့နဲ့ အဲဗာတန်ပဲ ကပ်နိုင်သွားမယ် ထင်ပါတယ်။

ခန့်မှန်းရလဒ်

အဲဗာတန် ၂-၁ နော့တင်ဟမ်ဖောရက်စ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်