နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲကြိုသုံးသပ်ချက် | ခရစ္စတယ်ပဲလေ့စ် – အာဆင်နယ် (ပရီးမီးယားလိဂ်)

ခရစ္စတယ်ပဲလေ့စ် – အာဆင်နယ်

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ် (၁)ရဲ့ အစောဆုံးပွဲ အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ အာဆင်နယ်တို့ ဆဲလ်ဟတ်စ်ပါ့ခ်မှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိပြီး ဒီပွဲနဲ့ ပတ်သတ်တဲ့ ပွဲကြို အချက်အလက်တချို့နဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

လန်ဒန် အခြေစိုက် ကလပ် ခရစ္စတယ်ပဲလေ့စ် ကတော့ ပြီးခဲ့တဲ့ ရာသီက ဂန်းနားဟောင်း ပက်ထရစ် ဗီအဲရာရဲ့ ဦးဆောင်မှုနဲ့ အတူ ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့ပြီး အက်ဖ်အေဖလား မှာလည်း ဆီမီးဖိုင်နယ် အထိ ရောက်ခဲ့ပါတယ်။ ဗီအဲရာ လက်အောက်မှာ တဖြည်းဖြည်း တိုးတက်နေတဲ့ ပဲလေ့စ်တို့ ရာသီသစ် မစတင်ခင် ခြေစမ်းပွဲ ၉ ပွဲ ကစားထားပြီး အသင်းကြီးတွေ ဖြစ်တဲ့ လစ်ဗာပူးလ်နဲ့ ယူနိုက်တက် ကိုတော့ ဂိုးပြတ် ရှုံးထားပါတယ်။ ကျန် ၇ ပွဲမှာ ၅ ပွဲနိုင်၊ ၂ ပွဲ သရေကျထားတယ် ဆိုပေမယ့် အသင်းငယ်လေးတွေနဲ့ ဖြစ်တာကြောင့် အထင်ကြီးစရာတော့ မရှိပါဘူး။

ရာသီကြို ပြင်ဆင်မှု အနေနဲ့ ကတော့ ပဲလေ့စ်တို့ အငှား စာချုပ်သက်တမ်း ပြည့်လို့ ချဲလ်ဆီးကို ပြန်သွားတဲ့ အဓိက ကွင်းလယ်လူ ဂယ်လာဂါ နေရာမှာ ချိတ်ခ် ဒူကိုရေးနဲ့ အစားထိုးထားပြီး ဘေယန်မြူးနစ်က ခရစ္စ ရစ်ချက်ဒ်နဲ့ ဒါဘီ ကောင်တီက မဲလ်ကွမ် အီဘီယိုဝီ တို့လို လူငယ်တွေ ဦးစားပေး ခေါ်ယူထားပါတယ်။ ဗီအဲရာရဲ့ အသင်းကို ထုံးစံအတိုင်း ၄-၃-၃ အခင်းအကျင်းနဲ့ပဲ မြင်တွေ့ရဖို့ ရှိပြီး ပွဲထွက်လူစာရင်း အရလည်း ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဘတ်လန်း၊ မက်အာသာ၊ အိုလစ်နဲ့ ဆမ်ဂျွန်စတုန်းစ် တို့က လွဲရင် မနှစ်က အတိုင်း အပြောင်းအလဲ မရှိနိုင်ပါဘူး။

ဘန်ဒက် လီဂါ
စတုဂတ်
လိုက်ဇစ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

အာဆင်နယ် ကတော့ ၃ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ရာသီသစ်ကို လန်ဒန်ဒါဘီ ပွဲစဉ်နဲ့ ဖွင့်လှစ်ခဲ့ရတာ ဖြစ်ပါတယ်။ မီခဲလ် အာတေးတား လက်အောက်မှာ ဖြည်းဖြည်းနဲ့ ပုံမှန် တိုးတက်နေတဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် လူငယ်လေးတွေ အတွေ့အကြုံပိုင်းမှာ အားနည်းခဲ့လို့ ယူရိုပါလိဂ် ဝင်ခွင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒါပေမယ့် အက်ဒူးနဲ့ အာတေးတား ကတော့ သူတို့ စီစဉ်ထားခဲ့တဲ့ အတိုင်း နောက်တစ်ဆင့် တက်တဲ့ အခု နွေရာသီမှာ ငွေအလုံးအရင်း သုံးပြီး ကစားသမားတွေ ခေါ်ယူထားသလို ထပ်ပြီး ခေါ်ဖို့လည်း ရှိနေသေးပါတယ်။ ရာသီကြို ခြေစမ်းပွဲ ရာနှုန်းပြည့် အနိုင်ရခဲ့ပြီး နောက်ဆုံး ၂ ပွဲမှာ ချဲလ်ဆီးကို ၄-၀၊ ဆီဗီလာကို ၆-၀ ရလဒ်တွေနဲ့ အနိုင်ယူခဲ့တာကြောင့် လက်တလော ဂန်းနားတွေရဲ့ ခြေစွမ်းက စိတ်ဝင်တစား စောင့်ကြည့်ချင်စရာ ဖြစ်နေခဲ့ပါတယ်။

အာဆင်နယ်တို့ ၄-၂-၃-၁ အခင်းအကျင်းနဲ့အတူ ပြီးခဲ့တဲ့ ပွဲတွေက သုံးခဲ့တဲ့ လူစာရင်း အတိုင်းပဲ အပြောင်းအလဲ မရှိ ပွဲထွက်လာဖို့ များပါတယ်။ ပြိုင်ဘက်က လျင်မြန်တဲ့ တောင်ပံတွေ ကနေ တစ်ဆင့် ဂိုးရဖို့ ကြိုးပမ်းတတ်တဲ့ အသင်း ဖြစ်နေတာကြောင့် ပြီးခဲ့တဲ့ ရာသီကလိုမျိုး မဖြစ်ဖို့ အတွက် အာဆင်နယ်တို့ ဂရုစိုက်မှတော့ ရပါလိမ့်မယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

အာဆင်နယ် ကတော့ ၃ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ရာသီသစ်ကို လန်ဒန်ဒါဘီ ပွဲစဉ်နဲ့ ဖွင့်လှစ်ခဲ့ရတာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်နဲ့ ပရီးမီယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာ ၁ ကြိမ်သာ အနိုင်ရထားတဲ့ အာဆင်နယ်

ခရစ္စတယ်ပဲလေ့စ် – ဂွိုက်တာ၊ ကလိုင်း၊ အန်ဒါဆင်၊ ဂေးဟ်၊ မစ်ချဲလ်၊ ရှလက်ပ်၊ ဒူကိုရေး၊ အီဇီး၊ အာယူး၊ အက်ဒ်ဝက်ဒ်၊ ဇာဟာ

အာဆင်နယ် – ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဆယ်လီဘာ၊ ဂါဘရီရယ်၊ ဇင်ချန်ကို၊ ချာကာ၊ ပါတေး၊ ဆာကာ၊ အိုဒီဂတ်၊ မာတင်နယ်လီ၊ ဂျေဆုစ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပဲလေ့စ်နဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ်မှာ တွေ့ဆုံမှုမှာ ၁ ကြိမ်စီ အနိုင်ရထားကြပြီး ၃ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားပါတယ်။ ထူးခြားတာက ဗီအဲရာ အနေနဲ့ ပြီးခဲ့တဲ့ ရာသီက အသင်းဟောင်း အာဆင်နယ်ဆီက နှစ်ကျော့စလုံးမှာ အမှတ်ရအောင် ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပထမအကျော့ အန်းမရိတ်စ်မှာ လာကာဇက်ရဲ့ နောက်ကျဂိုးကြောင့် သရေ ၁ မှတ် ခွဲပေးခဲ့ရပေမယ့် ဒုတိယအကျော့ ဆဲလ်ဟတ်စ်ပါ့ခ် မှာတော့ အာဆင်နယ်တို့ ခေါင်းမဖော်နိုင်အောင် ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ဆုံးမနိုင်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 ကြေးဖွင့်လှစ်မှု ကတော့ ခရစ္စတယ်ပဲလေ့စ် အတွက် ၄.၁၀ ဆ၊ အာဆင်နယ် အတွက် ၁.၈၁ ဆနဲ့ သရေ အတွက် ၃.၆၅ ဆ ဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ လက်ရှိ ခြေစွမ်းက တက်ရိပ်ပြနေလို့ ပဲလေ့စ်တို့ ရှေ့အရင် တွေ့ဆုံမှုတွေ ကလိုမျိုး ဒုက္ခပေးနိုင်မယ်တော့ မထင်ပါဘူး။ အရေးကြီးတာက အာဆင်နယ်တို့ ပဲလေ့စ်ရဲ့ တောင်ပံတွေကို သတိထား ထိန်းချုပ်နိုင်ရင် ရပါပြီ။ ကျန်တာ ကတော့ အရင်ပွဲတွေက ခြေစွမ်းအတိုင်း ထိန်းထားနိုင်ရင် ဂန်းနားတို့ ရာသီသစ်ကို ခမ်းခမ်းနားနား ဖွင့်လိုက်လို့တောင် ရပါတယ်။ ဒီနှစ်သင်း တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၀ ပွဲကို ပြန်ကြည့်ရင် နှစ်သင်းပေါင်း ဂိုးပေါ်ခဲ့တာ များသလို လက်ရှိ အခြေအနေ အရလည်း သွင်းဂိုး အများကိုပဲ သဘောကျတယ်။ ဧည့်သည် အသင်း အတွက် ရမယ့် ၁.၈၁ ဆနဲ့ ဂိုးပေါ် ၂.၅၀ အတွက် ရမယ့် ၁.၉၃ ဆ ပါ နှစ်ကျပ်ကွက် ဝိုက်ရမယ့် ပွဲပါ။


ခန့်မှန်းရလဒ်

ခရစ္စတယ်ပဲလေ့စ် ၁-၂ အာဆင်နယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်