နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲကြိုသုံးသပ်ချက် | အက်စတွန်ဗီလာ – အဲဗာတန် (ပရီးမီးယားလိဂ်)

အက်စတွန်ဗီလာ – အဲဗာတန်

ရာသီသစ်ကို အရှုံးနဲ့ စတင်ထားခဲ့ရတဲ့ အက်စတွန်ဗီလာနဲ့ အဲဗာတန်တို့ အခုတစ်ပတ် စနေနေ့ မြန်မာစံတော်ချိန် ည ၆ နာရီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂) အဖြစ် တွေ့ဆုံ ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။ သေချာတာက ရာသီသစ်ရဲ့ ပထမဦးဆုံး အနိုင် ၃ မှတ် ရရှိရေး အတွက် နှစ်သင်းစလုံး အားစိုက်လာမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဂန္တဝင် နှစ်ဦးရဲ့ နည်းဗျူဟာ အားပြိုင်မှုမှာ ဘယ်အသင်းက အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာ ကတော့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ တန်းပြန် တက်လာတဲ့ ဘုန်းမောက်ကို ကြိုဆိုတဲ့ အနေနဲ့ ၃ မှတ် ရက်ရက်ရောရော ပေးထားခဲ့ပါတယ်။ ကော်တင်ဟို၊ လီရွန် ဘိုင်လီနဲ့ ဒန်နီ အင့်ဂ်တို့ ဦးဆောင်တဲ့ တိုက်စစ်က တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက်ကို ၁၅ ကြိမ် ကန်ခဲ့ပေမယ့် ၂ ကြိမ်သာ ဂိုးပေါက် တည့်ခဲ့ပါတယ်။ ဒါ့အပြင် တောင်ပံတွေကို အားပြုခဲ့တဲ့ ဘုန်းမောက်ရဲ့ တန်ပြန် တိုက်စစ်ကို မထိန်းချုပ်နိုင်တာကြောင့် ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဂျရတ်ရဲ့ အသင်းမှာ နောက်ခံလူ တိုင်ရုန်း မင်းဂ်စ်က လွဲလို့ ကျန်ကစားသမား အားလုံး ဒဏ်ရာ ပြသနာ ကင်းရှင်းနေပါတယ်။ ဒါ့အပြင် ကာမာရာ၊ ဒီယေဂို ကားလို့စ်၊ အိုလ်ဆင်နဲ့ အော်ဂတ်စ်တင်ဆင် တို့ကို ထပ်ပြီး ခေါ်ယူထားသေးတာကြောင့် ယေဘုယျ အားဖြင့် တောင့်တင်းတဲ့ လူစာရင်း ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ ရပါတယ်။ အဓိက ကတော့ အဆုံးသတ် အားနည်းတဲ့ တိုက်စစ်ကို ဘယ်လို ပြင်ဆင်မလဲ ဆိုတာ ပြန်သုံးသပ်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရာသီက တန်းမဆင်းရရေး အသည်းအသန် ရုန်းလိုက်ရတဲ့ အဲဗာတန်တို့ တိုက်တိုက်ဆိုင်ဆိုင်ပဲ လမ်းပတ်ရဲ့ အသင်းဟောင်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တည့်တည့်တိုးပြီး ၀-၁ ရလဒ်နဲ့ ကပ်ပြီး ရှုံးနိမ့်ထားပါတယ်။ အခုနွေရာသီမှ ခေါ်ယူထားတဲ့ တာကောစကီးနဲ့ မက်နေးလ်ကို ပွဲထွက်လူစာရင်းမှာ ထုတ်သုံးလာခဲ့ပြီး ဗီနာဂရီ ကိုတော့ ဒုတိယပိုင်းမှ လူစားလဲခဲ့ပါတယ်။ ထုံးစံအတိုင်း ချဲလ်ဆီးတို့ ပွဲချိန် တစ်လျောက်လုံး ထိန်းချုပ် ကစားနိုင်ခဲ့ပေမယ့် အဲဗာတန်ရဲ့ မထင်မှတ်ထားတဲ့ တုန့်ပြန်မှုကြောင့် နိုင်ပွဲ ရဖို့တော့ တော်တော်လေး ခက်ခဲခဲ့ပါတယ်။ အဲဗာတန်တို့ ပင်နယ်တီသာ မပေးရရင် ချဲလ်ဆီး ဆီကနေ ၁ မှတ် ခွဲယူနိုင်တဲ့ အခြေအနေ အထိ ရှိခဲ့တာပါ။ ပွဲအပြီးမှာ အဲဗာတန်တို့ ကိုနာ ကိုဒီနဲ့ အမာဒူ အိုနားနား တို့ကို ထပ်မံ ခေါ်ယူခဲ့ပြီး ချဲလ်ဆီးနဲ့ ပွဲမှာ ဂေါ့ဖရေးနဲ့ မီနာတို့ ဒဏ်ရာရသွားတာကြောင့် နောက်ခံလူသစ် ကိုဒီ ကိုတော့ အဲဗာတန်ရဲ့ လာမယ့်ပွဲ ပွဲထွက်စာရင်းမှာ မြင်တွေ့ရဖို့ များနေပါတယ်။ အဲဗာတန် မှာ လက်တလော မီနာနဲ့ ဂေါ့ဖရေး အပြင် အန်ဒရီ ဂိုးမက်စ်၊ တောင်ဆန်၊ ဒေါမနစ် ကလဲဗက်လီဝင်းနဲ့ တွန်မ် ဒေးဗီးစ် တို့လည်း ဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း 

အက်စတွန်ဗီလာ – မာတီနက်ဇ်၊ ကတ်ရှ်၊ ကွန်ဆာ၊ ကားလို့စ်၊ ဒစ်ဂ်နီး၊ မက်ဂင်းန်၊ ကာမာရာ၊ ရမ်ဆေး၊ ဘူအန်ဒီရာ၊ ဝက်ကင်န်စ်၊ ကော်တင်ဟို 

ဆောက်သမ်တန် – ပစ်ခ်ဖို့ဒ်၊ ဟိုးလ်ဂိတ်၊ ကိုဒီ၊ တာကောစကီး၊ ပတ်တာဆန်၊ ဒူကိုရေး၊ အီဝိုဘီ၊ မိုင်ကိုလန်ကို၊ ဂေါ်ဒွန်၊ ရွန်ဒွန်၊ မက်နေးလ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ပရီးမီးယားလိဂ် နောက်ဆုံး တွေ့ဆုံမှု ၁၈ ကြိမ်မှာ တစ်သင်းကို ၆ ကြိမ်စီ အနိုင်ရထားကြပြီး ၆ ကြိမ် ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ဗီလာပါ့ခ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာတော့ အက်စတွန်ဗီလာက ၂ ပွဲ အနိုင်ရခဲ့ပြီး ၁ ပွဲ သရေကျထားပါတယ်။ 


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာ အိမ်ရှင် ဗီလာ အနိုင် ဆိုရင် ၁.၈၀ ဆ၊ အဲဗာတန် အနိုင် ဆိုရင် ၄.၆၀ ဆ၊ သရေ အတွက် ကတော့ ၃.၃၅ ဆ ဆိုပြီး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် အဝေးကွင်း နောက်ဆုံး ၁၇ ပွဲမှာ အဲဗာတန်တို့ ၁ ပွဲပဲ အနိုင်ရထားသလို ဗီလာ ကလည်း အဲဗာတန်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၆ ပွဲ စလုံး မရှုူံးအောင် ကစားထားပါတယ်။ အပြန်အလှန် သွင်းဂိုး တချို့ မြင်တွေ့ရနိုင်ချေ ရှိပေမယ့် စိတ်ချရတဲ့ ရွေးချယ်မှု အနေနဲ့တော့ ဗီလာ ဘက်က ရပ်တည်ထားစေချင်ပါတယ်။

ခန့်မှန်းရလဒ်

အက်စတွန်ဗီလာ ၂-၁ အဲဗာတန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်