နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၂၀/၈/၂၀၂၂)

ဩဂုတ်လ ၂၀ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အကယ်၍ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပရိသတ်တွေ ဆန္ဒပြခဲ့လို့ ပွဲပျက်သွားခဲ့မယ် ဆိုရင် လစ်ဗာပူးလ်ကို ၃ မှတ် အပြည့်ပေးဖို့ နည်းပြ ဂျာဂျင် ကလော့ပ်က လိုလားနေပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃) ကတော့ ဩဂုတ်လ ၂၃ ရက်၊ အင်္ဂါနေ့ မနက် မြန်မာ စံတော်ချိန် နံနက် ၁ နာရီ ခွဲမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

‘၁၉၅၈’ အမည်ရ မန်ချက်စတာယူနိုက်တက် အသင်းကို အားပေးတဲ့ အဖွဲ့ တစ်ဖွဲ့ဟာ အသင်း ပိုင်ရှင် ဖြစ်တဲ့ ဂလေဇာ မိသားစုကို “ ယုတ်မာသော ပိုင်ဆိုင်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒပြသွားမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်က ကြိုတင် ကြေညာ ထားခဲ့တာ ဖြစ်ပါတယ်။ အခုလို ဆန္ဒပြမှာကို လစ်ဗာပူးလ် နည်းပြ ကလော့ပ်က မလိုလားပဲ အကယ်၍ ကြုံတွေ့လာမယ် ဆိုရင်လည်း သူတို့ အသင်း ၃ မှတ် အပြည့် ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ကလော့ပ်က “အဲ့ဒီလို မဖြစ်ဖို့ ကျွန်တော် တကယ် မျှော်လင့်ပါတယ်။ ဒါပေမယ့် အကယ်၍ ဖြစ်လာခဲ့ရင်လည်း ကျွန်တော်တို့ အမှတ်ပြည့်ရသင့်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်လို့ ကျွန်တော်တို့ ဘာမှ လုပ်လို့ မရပါဘူး။ အဲ့ဒီလို ပရိသတ်တွေက ပွဲမကစား ဖြစ်အောင် လုပ်လို့ ကျွန်တော်တို့ ပွဲအတွက် နောက်ထပ် တစ်ကြိမ် ထပ်ပြီး မစီစဉ်နိုင်ပါဘူး။ အကုန်လုံးက ပြက္ကဒိန်နဲ့ အံဝင်ခွင်ကျ ဖြစ်ပြီးသားပါ။ မယုံကြည်နိုင်လောက်အောင် အလုပ်တွေ များလွန်းပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။


ကက်စ်မဲရိုးကို ခေါ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကွင်းလယ် ခံစစ် ကစားသမား ကက်စ်မဲရိုးကို ယူရိုသန်း ၆၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းက တရားဝင် ကြေညာသွားခဲ့ပါတယ်။ သတင်းတွေ အရ တရားဝင် အတည်ပြုဖို့သာ ကျန်ရှိတော့ပြီး ကတ်စ်မဲရိုး ဝတ်ဆင် ကစားမယ့် ကျောနံပါတ် ကိုလည်း မကြာခင် ကြေညာသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ကတ်စ်မဲရိုး ဝတ်ဆင် ကစားဖွယ် ရှိနေတဲ့ ကျောနံပါတ် ၅ ခု ရှိနေပြီး ၁၃၊ ၁၅၊ ၁၈၊ ၂၁၊ ၂၄နဲ့ ၃၀ တို့ ဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။

အသက် ၃၀ အရွယ် ဘရာဇီးလ်သားဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းခံခဲ့သလို အသင်းဘက် ကလည်း ခွင့်ပြုပေးခဲ့တယ်လို့ စပိန် သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ ယူနိုက်တက်က ကက်စ်မဲရိုးစ်ကို ၄ နှစ် စာချုပ် ချုပ်ဆိုသွားမှာ ဖြစ်ပြီး နောက်ထပ် ၁ နှစ် သက်တမ်းတိုးခွင့် ပါဝင်မယ်လို့လည်း သိရပါတယ်။ တစ်ပတ် လုပ်ခ ပေါင် ၃၅၀၀၀၀ အထိ ပေးချေမယ်လို့ သိရပြီး ကနဦး သတင်းတွေ ထွက်နေခဲ့သလို လစာ နှစ်ဆ ရမယ် ဆိုတာက မဟုတ်ဘူး လို့လည်း သိရပါတယ်။

ဘာနေဗျူးမှာ ၉ နှစ် ကြာ ကစားခဲ့တဲ့ ကက်စ်မဲရိုးဟာ အသင်းရဲ့ အဓိက အကျဆုံး ကစားသမားတွေ ထဲက တစ်ဦး အဖြစ် ရပ်တည် နိုင်ခဲ့သူ ဖြစ်ပါတယ်။ အသင်း နဲ့အတူ ချန်ပီယံလိဂ် ဖလား ၅ ကြိမ် အပါအဝင် အောင်မြင်မှု အများအပြားကို ရယူ နိုင်ခဲ့ပြီး မက်ဒရစ် ကလပ်နဲ့ စာချုပ် သက်တမ်း ၃ နှစ် အထိ ကျန်ရှိ နေသေးပေမယ့် ယူနိုက်တက်ဘက်က ကမ်းလှမ်း လာချိန် မှာတော့ အသင်း ပြောင်းရွှေ့ဖို့ အတွက် မြန်မြန်ဆန်ဆန်ပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဝက်စ်ဟမ်း ယူနိုက်တက်
ဘရိုက်တန်
1X2 ဘရိုက်တန် @ 3.05
ဘရိုက်တန် အာရှ ဟန်းဒီးကပ် 0.00 @ 2.40
ဂိုးပေါ် 2.50 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တော့တင်ဟမ်ဟော့စပါး ကို ရောက်ရှိ လာတဲ့ ယာယာတိုရေး

ဘာစီလိုနာနဲ့ မန်ချက်စတာစီးတီး တို့ရဲ့ နာမည်ကျော် ကွင်းလယ် လူဟောင်း ယာယာတိုရေးကို တော့တင်ဟမ်ဟော့စပါးက ခေါ်ယူ လိုက်ပါတယ်။ တိုရေးကို စပါး ယူ-၁၆ အသင်းကို ကိုင်တွယ်ဖို့ အတွက် ခေါ်ယူ လိုက်တာလို့ သိရပြီး နာမည်ကျော် အိုင်ဗရီကို့စ် ကွင်းလယ်လူက လန်ဒန် ကလပ်မှာ သူ့ရဲ့ နည်းပြဘ၀ ခြေလှမ်းတွေကို စတင် နိုင်တော့မှာ ဖြစ်ပါတယ်။

တစ်ချိန်က ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ခဲ့ဖူးတဲ့ တိုရေးက မန်စီးတီး နဲ့အတူ အောင်မြင်မှုတွေ ရယူ နိုင်ခဲ့သူပါ။ မန်စီးတီးကို စပိန်လူမျိုး နည်းပြ ဂွာဒီယိုလာ ရောက်ရှိ လာခဲ့ပြီးနောက် အသင်းကနေ ရောင်းထုတ် ခံခဲ့ရပြီး တိုရေးလည်း ဥရောပ ကလပ် အသင်း တစ်ချို့မှာ ကစားရင်း သူ့ရဲ့ ကစားသမား ဘ၀ကို အဆုံးသတ်ခဲ့ကာ အခုဆိုရင် နည်းပြ ဘ၀ကို တက်လှမ်းဖို့ အတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

စပါးဟာ ပြီးခဲ့တဲ့ တစ်ပတ် ကလည်း တိုက်စစ်မှူးဟောင်း ဂျာမိန်း ဒီဖိုးကို ပြန်လည် ခေါ်ယူထားပြီး အသင်းရဲ့ အကယ်ဒမီ အသင်းတွေမှာ တာဝန်ယူစေခဲ့ပါတယ်။ ယာယာတိုရေး ကတော့ နောက်ထပ် ရောက်လာတဲ့ နာမည်ကျော် ကစားသမားဟောင်း ဖြစ်ပြီး တော့တင်ဟမ်ရဲ့ လူငယ် စီမံကိန်း အတွက် ဆောင်ရွက် နေပုံတွေ ကတော့ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်