နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (၂၅/၈/၂၀၂၂)

ဩဂုတ်လ ၂၅ ရက်နေ့ရဲ့ နံနက်ခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


FFP စောင့်ကြည့် စာရင်းထဲ ပါနေပေမယ့် အပြောင်းအရွှေ့ ကိစ္စတွေ ဆက်လက် လုပ်ဆောင်မယ့် အာဆင်နယ်

ယူအီးအက်ဖ်အေရဲ့ FFP စောင့်ကြည့် စာရင်းထဲ ပါဝင်နေတယ် ဆိုပြီး သတင်းတွေ ထွက်နေပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကတော့ အပြောင်းအရွှေ့ ကိစ္စတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် အာဆင်နယ်ကို နောက်ထပ် ရောက်လာနိုင်သေးတဲ့ ကစားသမား အများအပြား ရှိနေသေးပြီး နောက်ဆုံး သတင်းတွေ အရ ဆိုရင် အာတေးတားနဲ့ အက်ဒူးတို့ဟာ ဝုဗ် တောင်ပံ ကစားသမား ပက်ဒရို နီတိုနဲ့ လက်စတာစီးတီး ကွင်းလယ်လူ ယူရီ တေးလီမန့်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိတယ်လို့ သိရပါတယ်။

Football.london ကတော့ အာဆင်နယ်ဟာ တေးလီမန့်စ်ကို လာမယ့်နှစ် နွေရာသီမှပဲ အလွတ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေတယ်လို့ ဆိုထားပေမယ့် တခြား အသင်းတွေနဲ့ အပြိုင် ခေါ်ယူရမယ့် အခြေအနေ အပြင် လက်စတာ ဘက်က ဈေးလျှော့ပေးနိုင်တဲ့ အခြေအနေတွေ အပေါ် မူတည်ပြီး ပြောင်းလဲလာနိုင်တယ်လို့လည်း ပြန်လည် ဖော်ပြထားပါတယ်။
အာဆင်နယ်တို့ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ မတ်တန်နာ၊ မာကွင်ဟို့စ်၊ ဖေဘီယို ဗီအဲရာ၊ ဂါဘရီရယ် ဂျေဆုစ်၊ ဇင်ချန်ကိုတို့ အတွက် စုစုပေါင်း ပေါင် သန်း ၁၂၀ နီးပါး အသုံးပြုထားခဲ့ပြီး ဖြစ်ပါတယ်။ အကယ်၍ နီတိုနဲ့ တေးလီမန့်စ် ကိုသာ ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ကစားသမား အင်အားလည်း တောင့်တင်းသွားမှာ ဖြစ်သလို တစ်ဖက် မှာလည်း ပြောင်းရွှေ့ကြေး သုံးစွဲမှု ကလည်း ပေါင်သန်း ၂၀၀ နီးပါး ရှိသွားနိုင်တာကြောင့် ကျိန်းသေပေါက် ယူအီးအက်ဖ်အေရဲ့ စုံစမ်း စစ်ဆေးမှု ခံရနိုင်ဖွယ် ရှိနေခဲ့တာ ဖြစ်ပါတယ်။


အပြောင်းအရွှေ့ မပိတ်ခင် အန်တိုနီကို အရခေါ်ချင်နေတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် အဓိက ပစ်မှတ် တောင်ပံ ကစားသမား အန်တိုနီကို ခေါ်ယူဖို့ အားစိုက် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ The Athletic က ဖော်ပြပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းလိုနေပြီး တောင်ပံ တိုက်စစ် အတွက် လက်တလော ပီအက်စ်ဗွီ အင့်ဟိုဗင်က ကိုဒီ ဂတ်ခ်ပိုနဲ့ အန်တိုနီ တို့ နှစ်ဦးကို အဓိက ပစ်မှတ်ထား စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း သတင်းတွေ အရ ဆိုရင် ယူနိုက်တက် တို့ အန်တိုနီကို ဦးစားပေး ခေါ်ယူလိုနေသလို ကစားသမား ကိုယ်တိုင် ကလည်း စိတ်အား ထက်သန်နေတာကြောင့် အေဂျက် တာဝန်ရှိသူတွေဆီကိုတောင် တရားဝင် အသင်း ပြောင်းခွင့် တင်ထားတယ်လို့ သိရပါတယ်။

အေဂျက်စ် ကတော့ အန်တိုနီ အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀ နီးပါး လိုချင်နေပြီး အဓိက, ကတော့ ဆာပိုလို ကနေ ခေါ်ယူခဲ့စဉ်က တစ်ချိန်ချိန်မှာ အန်တိုနီ အနေနဲ့ အခြားအသင်း တစ်သင်းကို ပြောင်းရွှေ့ဖြစ်ခဲ့ရင် ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းကို ပေးချေရမယ် ဆိုတဲ့ အချက်ကို စာချုပ်ထဲ ထည့်သွင်း ချုပ်ဆိုထားခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ တစ်ပတ်က အန်တိုနီကို ပေါင် ၇၂ သန်းကျော်နဲ့ နောက်ဆုံး အကြိမ် ကမ်းလှမ်းထားခဲ့ပေမယ့် အေဂျက်စ် ဘက်က ပယ်ချထားခဲ့ပြီး ပေါင် ၈၅ သန်း ဝန်းကျင်နဲ့ နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီတစ်ကြိမ် ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်ကို အေဂျက်စ် ဘက်က သဘောတူနိုင်ဖွယ် ရှိနေပြီး ယူနိုက်တက်တို့ အပြောင်းအရွှေ့ နောက်ဆုံး ရက်လောက်မှာ အန်တိုနီကို ခေါ်ယူသွားနိုင်ဖွယ် ရှိနေတယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။


ဘက်ရှူဝါရီကို စာချုပ်သက်တမ်း တိုးပြီး အငှားထွက်ကစားခိုင်းဦးမယ့် ချဲလ်ဆီး

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် အဓိက ပစ်မှတ် တောင်ပံ ကစားသမား အန်တိုနီကို ခေါ်ယူဖို့ အားစိုက် ကြိုးပမ်းသွားဖို့ ရှိနေတယ်လို့ The Athletic က ဖော်ပြပါတယ်။
ချဲလ်ဆီးကို ရောက်ရှိပြီး ကတည်းက အငှားနဲ့ တောက်လျောက် ထွက်ကစားနေရတဲ့ ဘတ်ရှူဝါရီယာ

ချဲလ်ဆီး ကတော့ တိုက်စစ်မှူး မစ်ချီ ဘတ်ရှူဝါရီကို စီးရီးအေ ကလပ် ဆယ်လာနီတာနာထံ အငှားမချမီ တစ်နှစ် စာချုပ်သက် သက်တမ်း တိုးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ချဲလ်ဆီး အကယ်ဒမီထွက် အသက် ၂၈ နှစ် အရွယ် တိုက်စစ်မှူးဟာ ၂၀၁၈ ခုနှစ်က မာဆေးလ် ကနေ အနောက် လန်ဒန် ကလပ်ဆီ ပြန်လည် ရောက်ရှိလာခဲ့ပေမယ့် ဒေါ့မန်၊ ဗလင်စီယာ၊ ခရစ္စတယ်ပဲလေ့စ်၊ ဘက်ဆစ်တပ်စ် တို့ကို တောက်လျောက် အငှားထွက် ကစားခဲ့ရသူ ဖြစ်ပါတယ်။

ဘယ်ဂျီယံ လက်ရွေးစင်ဟာ ၆ ရာသီ အတွင်း ချဲလ်ဆီး အတွက် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၇၇ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး လက်ရှိမှာလည်း စီးရီးအေ အသင်းငယ် တစ်သင်း ဖြစ်တဲ့ ဆယ်လာနီတာနာကို သွားရောက် ကစားရဖို့ များနေခဲ့တာပါ။

Daily Mail ရဲ့ ဖော်ပြချက် အရ ဆိုရင် ဘတ်ရှူဝါရီ အနေနဲ့ ဒီတစ်ကြိမ် မှာတော့ အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ စီးရီးအေ ကလပ်ဆီ ပြောင်းရွှေ့ ကစားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီး ဘက်က ဘယ်ဂျီယံ တိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့ ကနေ ပြောင်းရွှေ့ကြေး ပိုပြီး လိုချင်တာကြောင့် စာချုပ် သက်တမ်း တိုးပြီးမှ အငှားနဲ့ စေလွှတ်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်