နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (၂၄/၈/၂၀၂၂)

ဩဂုတ်လ ၂၄ ရက်နေ့ရဲ့ နံနက်ခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အာဆင်နယ်ကို ပြောင်းရွှေ့ချင်နေတဲ့ နီတို

ပရီးမီးယားလိဂ် ကလပ် ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်ရဲ့ တောင်ပံ ကစားသမား ပက်ဒရို နီတိုက အာဆင်နယ် အသင်းထံ ပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေက ဖော်ပြလာပါတယ်။ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေတဲ့ အာဆင်နယ်တို့ အသက် ၂၂ နှစ် အရွယ် ပေါ်တူဂီ တောင်ပံ ကစားသမားကို အရခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

လက်တလော ထွက်ပေါ်နေတဲ့ သတင်းတွေ အရ နီတိုကို ခေါ်ယူဖို့ အတွက် အာဆင်နယ်တို့ နာမည်ကြီး အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်က တစ်ဆင့် ဆက်သွယ်မှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ တစ်ဖက် မှာလည်း ဘဏ္ဍာရေး အရ နီကိုလပ်စ် ပေပေကို နိုက်စ် အသင်းထံ အငှားချဖို့ ကြိုးပမ်းလျက် ရှိပြီး အကယ်၍ အိုင်ဗရီကို့စ် တောင်ပံ ကစားသမားရဲ့ အပြောင်းအရွှေ့သာ အဆင်ပြေခဲ့မယ် ဆိုရင် နီတိုလည်း အာဆင်နယ်ကို ရောက်ရှိနိုင်ချေလည်း များသွားနိုင်ကြောင်း အင်္ဂလန် မီဒီယာတွေက ဖော်ပြနေပါတယ်။
ဝုဗ် နည်းပြ ဘရိုနို လာ့ဂျ် ကတော့ နီတိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ အာဆင်နယ်က စိတ်ဝင်စားနေတယ် ဆိုတာကို ကြားသိရကြောင်း၊ ဒါပေမယ့်လည်း အခု အချိန်ထိ အာဆင်နယ် ဘက်က ဆက်သွယ်လာခြင်း မရှိသေးကြောင်း အတည်ပြုထားခဲ့ပါတယ်။


အီမာဆင်ကို ခေါ်ယူနိုင်ခဲ့တဲ့ ဝက်စ်ဟမ်း

ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း ယူနိုက်တက် အသင်းက ချဲလ်ဆီး ဘယ်နောက်ခံလူ အီမာဆင် ပယ်လ်မီရီကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။
သတင်းတွေအရ ဝက်စ်ဟမ်းတို့ အသက် ၂၈ နှစ် အရွယ် အီတလီ နောက်ခံလူ အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်း ဝန်းကျင် ပေးချေခဲ့ရတယ်လို့ သိရပါတယ်။ အီမာဆင် ဟာ လန်ဒန် ကလပ်နဲ့ ၄ နှစ် စာချုပ် ချုပ်ဆိုသွားဖို့ ရှိပြီး တစ်နှစ် သက်တမ်းတိုးခွင့်လည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

အီတလီ ကလပ် ရိုးမား ကနေ ချဲလ်ဆီး အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အီမာဆင်ဟာ ၄ ရာသီ အတွင်း ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၇၁ ပွဲသာ ပွဲထွက် ကစားခွင့်ရခဲ့သလို မနှစ်ကလည်း လီယွန် အသင်းထံ အငှားနဲ့ ထွက်ကစားခဲ့ရသူ ဖြစ်ပါတယ်။

အီမာဆင်က “ဒီကို ပြောင်းရွှေ့လာရလို့ အရမ်းကို ပျော်ရွှင်မိပါတယ်။ ကျွန်တော့် အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ။ ဝက်စ်ဟမ်းဟာ အသင်းကြီး တစ်သင်း ဖြစ်ပြီးတော့ ကျွန်တော်လည်း အဆင်သင့် ဖြစ်နေပါပြီလို့ အသင်းသစ်နဲ့ ပထမဦးဆုံး အင်တာဗျူးမှာ အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။

ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မွိုက်စ် ကလည်း အီမာဆင်ကို ခေါ်ယူနိုင်ခဲ့တဲ့ အတွက် ကျေနပ်နေပြီး ဒီကစားသမားဟာ နိုင်ငံ အသင်း အဆင့်မှာရော၊ ကလပ် အသင့် အဆင့် မှာပဲ အတွေ့အကြုံ ရှိတဲ့ ကစားသမား ဖြစ်တာကြောင့် အသင်းရဲ့ ခံစစ်ကို တောင့်တင်းသွားစေနိုင်တဲ့ ကစားသမား အဖြစ် ယုံကြည်နေတယ်လို့ သိရပါတယ်။


ဒီယောင်ကို နောက်ဆုံး တစ်ကြိမ် ထပ်ပြီး ကြိုးပမ်းဦးမယ့် ယူနိုက်တက်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို နောက်ဆုံး တစ်ကြိမ် ကြိုးပမ်းသွားဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ တက်လာပြန်ပါတယ်။
ဖရန်ကီ ဒီယောင်ကို ခေါ်ယူဖို့ စပိန်ကို ရောက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူများ

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီယောင်ကို နောက်ဆုံး တစ်ကြိမ် ကြိုးပမ်းသွားဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ တက်လာပြန်ပါတယ်။

အခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အရှုပ်အထွေးဆုံးနဲ့ ကောလာဟာလ အထွက်ဆုံး အပြောင်းအရွှေ့ကို ပြောပါဆိုရင် နယ်သာလန် ကွင်းလယ် ကြယ်ပွင့်ရဲ့ အပြောင်းအရွှေ့လို့ ဆိုရမှာ ဖြစ်ပြီး ဒီယောင်ဟာ လက်ရှိ အချိန်ထိလည်း အသင်းကြီး တချို့နဲ့ သတင်းထွက်နေဆဲ ဖြစ်ပါတယ်။

နယ်သာလန် သတင်းစာ De Telegraaf ရဲ့ ဖော်ပြချက်တွေ အရ ဆိုရင် ယူနိုက်တက် ခေါင်းဆောင်ပိုင်း တာဝန်ရှိသူ တချို့ဟာ အခု တစ်ပတ် အတွင်း ဒီယောင်ကို ခေါ်ယူနိုင်ဖို့ စပိန်ကို ရောက်ရှိနေပြီလို့တောင် သိရပါတယ်။ ဒီယောင်ဟာ လက်ရှိမှာတော့ ဆရာဟောင်း အဲရစ်ခ် တန်ဟက်ဂ် ရှိရာ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ ကစားဖို့ အတွက် စိတ်ဝင်စားမှု ရှိလာပြီ ဖြစ်ကြောင်း ဆက်လက် ဖော်ပြထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်