နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၆/၈/၂၀၂၂)

ဩဂုတ်လ ၆ ရက်နေ့ရဲ့ နောက်ဆုံးရ ပရီးမီးယားလိဂ် သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 


အူဒီနီးစ် ဘယ်နောက်ခံလူကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ စပါး

အူဒီနီးစ် ဘယ်နောက်ခံလူ ဒက်စ်တီနီ ယူဒိုဂီကို ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး အသင်းက ခေါ်ယူဖို့ ကြိုးစားနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် (၁၉) နှစ်အရွယ် ကစားသမားလေး အတွက် စီးရီးအေး ကလပ် ဘက်က ပြောင်းရွှေ့ကြေး ပေါင် (၂၅) သန်း ဝန်းကျင် အလိုရှိနေပါတယ်။ 

အီတလီ ယူ-၂၁ လက်ရွေးစင် တစ်ယောက်လည်း ဖြစ်တဲ့ ယူဒိုဂီကို မန်စီးတီး၊ အင်တာမီလန်နဲ့ ဘရိုက်တန် တို့ကလည်း စောင့်ကြည့်နေတာပါ။ ကစားသမားနဲ့ အူဒီနီးစ်အကြားမှာတော့ စာချုပ်သက်တမ်းက (၄) နှစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

ကစားသမား ကိုယ်တိုင် ကလည်း ကွန်တီနဲ့ လက်တွဲဖို့ ဆန္ဒပြင်းပြနေတယ်လို့ သိရပြီး စပါး ကတော့ ယူဒိုဂီကို ခေါ်ယူပြီးသွားရင် ကစားသမားရဲ့ တိုးတက်မှု အတွက် အူဒီနီးစ် မှာပဲ ပြန်လည် အငှားချထားဖွယ် ရှိနေပါတယ်။ 


ချဲလ်ဆီးက တပည့်ဟောင်းကို ပြန်ခေါ်ချင်နေတဲ့ ဆာရီ

လာဇီယို နည်းပြ ဆာရီက ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး မှာ လက်တွဲခဲ့ဖူးတဲ့ နောက်ခံလူ အီမာဆင် ပါလ်မီရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဝူဗာဟမ်တမ်
1X2 သရေ (Draw) @ 3.20
ဂိုးပေါ် 2.50 @ 2.07
ဂိုးပေါင်း 0-1 @ 3.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တစ်ဖက် မှာလည်း အီမာဆင် အနေနဲ့ ရိုးမားကို အငှားထွက် ကစားဖို့လည်း သတင်းထွက်နေပါတယ်။ ဒါပေမယ့်လည်း အီမာဆင် ကိုယ်တိုင် ကတော့ လာဇီယိုမှာ ဆရာဟောင်းနဲ့ ပြန်လည် လက်တွဲနိုင်ဖို့ ကိုသာ မျှော်လင့်နေပါတယ်။

အီမာဆင် လာဇီယိုကို ပြောင်းရွှေ့မယ် ဆိုရင်တော့ သေချာပေါက် လစာလျှော့ယူရမှာ ဖြစ်ပါတယ်။ အသက် (၂၈) နှစ် အရွယ် အီတလီ ဘယ်နောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း လိုင်ယွန်မှာ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး ပြိုင်ပွဲစုံ (၂၈) ပွဲကစားရာမှာ (၁) ဂိုးသွင်း၊ (၂) ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။


ဗာနာကို အရှုံးခံ ရောင်းထုတ်ချင်နေတဲ့ ချဲလ်ဆီး

လိုက်ပ်ဇစ်နဲ့ ဂျူဗင်တပ်စ် တို့က စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး တီမို ဗာနာ ကိုတော့ ချဲလ်ဆီးက ဝယ်ယူထားတဲ့ စျေးထက် အရှုံးခံပြီး ရောင်းထုတ်သွားဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။ 

ပရီးမီးယားလိဂ် ကလပ်ဟာ အသက် ၂၆ နှစ် အရွယ် ဂျာမန် လက်ရွေးစင် ကို လိုက်ပ်ဇစ် ကနေ ပြောင်းရွှေ့ကြေး ပေါင် (၄၇.၅) သန်းနဲ့ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး လက်ရှိ မှာတော့ ပေါင် (၂၇.၆) သန်း ရရှိရင် ရောင်းထုတ်သွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဗာနာ ကိုတော့ အသင်းဟောင်း လိုက်ပ်ဇစ်နဲ့ ဆွေးနွေးမှုတွေ ရှိနေပြီး ဂျူဗင်တပ်စ် ကလည်း စိတ်ဝင်စားနေတယ် ဆိုပြီး သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ်ကတော့ ဗာနာကို ကနဦး အငှားနဲ့ ပြန်လည် ခေါ်ယူပြီးမှ အပြီးသတ် ခေါ်ယူသွားဖွယ် ရှိနေပါတယ်။ ဒီအချက် ကတော့ လိုက်ပ်ဇစ်နဲ့ ချဲလ်ဆီးတို့ အကြား ဆွေးနွေးရခက်နေတဲ့ အဓိက အကြောင်းအရာ တစ်ခု ဖြစ်ပြီး ချဲလ်ဆီး ကတော့ ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကိုလည်း စောင့်ကြည့်သွားဦးမယ့် သဘော ရှိပါတယ်။ သတင်းတချို့ မှာတော့ ဗာနာ ကိုယ်တိုင် ကတော့ ရီးရဲယ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်