နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၂၉/၈/၂၉၂၂)

ဩဂုတ်လ ၂၉ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ် သွင်းဂိုး ၁၈၇ ဂိုးအထိ ရှိလာခဲ့တဲ့ ကိန်း

မနေ့ညက နော့တင်ဟမ်ဖောရက်စ်ကို ၀-၂ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သွင်းဂိုး ၂ ဂိုး ထပ်ရခဲ့ပြီးနောက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၈၇ ဂိုး အထိ ရှိလာခဲ့ပါတယ်။ ကိန်း အနေနဲ့ မန်ချက်စတာယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူး အင်ဒီကိုးလ်ရဲ့ သွင်းဂိုး အရေအတွက်နဲ့ တူညီသွားခဲ့ပေမယ့် ဝိန်းရွန်နီ (၂၀၈ ဂိုး) နဲ့ အလန်ရှီးယား (၂၆၀ ဂိုး) တို့ရဲ့ အရေအတွက် ကိုတော့ လိုက်မှီဖို့ လိုအပ်နေပါသေးတယ်။

ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၄ ဂိုး ရရှိထားပြီး ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ဂိုးအများဆုံး သွင်းထားသူ စာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

ဟယ်ရီကိန်းက “ရှီးယားကို လိုက်မှီဖို့က အဝေးကြီး လိုပါသေးတယ်။ ဒါပေမယ့် ကျွန်တော် နှစ်တွေ အများကြီး ကစားနိုင်ဦးမှာပါ။ ကျွန်တော် နောက်ထပ် ဂိုးတွေ အများကြီး သွင်းချင်ပါသေးတယ်။ စိန်ခေါ်မှုတွေ အတွက်လည်း ရင်ခုန်ပါတယ်။ ရှီးယားရားနဲ့ ရွန်နီ ဆိုတာ ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်း သူရဲကောင်း နှစ်ဦး ဖြစ်ပါတယ်။ ကျွန်တော့် အတွက် ရာသီ အစပိုင်းမှာ ခြေစွမ်း ကောင်းနေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

ပရီးမီးယား လိဂ်
ဝက်စ်ဟမ်း ယူနိုက်တက်
တော့တင်ဟမ် ဟော့စပါး
1X2 တော့တင်ဟမ် ဟော့စပါး @ 2.00
ဂိုးပေါ် 2.75 @ 2.05
ဂိုးပေါင်း 2-3 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အသက် ၂၉ နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကိန်းဟာ ရွန်နီရဲ့ သွင်းဂိုးကို လိုက်မှီဖို့ ၂၁ ဂိုးသာ လိုတော့ပေမယ့် ရှီးယားရဲ့ သွင်းဂိုးကို လိုက်မှီဖို့တော့ ၇၃ ဂိုးအထိ လိုနေပါသေးတယ်။ ဒါပေမယ့်လည်း ဘောလုံးသုံးသပ်သူတွေ ကတော့ ကိန်း အနေနဲ့ ပရီးမီးယားလိဂ် ဂိုးသွင်းစံချိန်တင်နိုင်ဖို့ အလားအလာ ကောင်းနေကြောင်း သုံးသပ်လျက် ရှိပြီး ကာရေဂါ ကလည်း ကိန်းဟာ ရှီးယားရဲ့ ဂိုးသွင်းစံချိန်ကို လိုက်မှီနိုင်ကြောင်း ထောက်ခံခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အေဂျက်စ် တောင်ပံ ကစားသမား အန်တိုနီကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး ၈၄.၂ သန်းနဲ့ အကြမ်းဖျင်း သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလာပါတယ်။

တစ်ဆက်တည်းမှာပဲ နယ်သာလန် ကလပ် အေဂျက်စ်ဟာ ချဲလ်ဆီးက ဟာကင်မ် ဇီယက်ချ်ကို ပြန်လည် ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ စတင်နေပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့ အတွက်လည်း အန်တိုနီနဲ့ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ သတင်းတွေက ပိုပြီး ခိုင်မာလာခဲ့တာလည်း ဖြစ်ပါတယ်။


အန်တိုနီရဲ့ အတွက် အကြမ်းဖျင်း သဘောတူညီမှု ရခဲ့တဲ့ ယူနိုက်တက်နဲ့ အေဂျက်စ်

မန်ချက်စတာယူနိုက်တက်ဟာ အန်တိုနီကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀နဲ့ စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ပေါင် ၄.၂ သန်း ပေးချေ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပြီး ၅ နှစ် စာချုပ်ချုပ်ဆိုမယ်လို့လည်း သိရပါတယ်။ ကစားသမား ကိုယ်တိုင်က ပရီးမီးယားလိဂ် ကလပ်ဆီ ပြောင်းရွှေ့ ကစားလိုတာကြောင့် အေဂျက်စ် အသင်းထံ တရားဝင် တောင်းဆိုထားခဲ့ပြီး အခု လက်ရှိ မှာတော့ နှစ်သင်းကြား အကြမ်းဖျင်း သဘောတူညီမှု ရသွားခဲ့တာ ဖြစ်ပါတယ်။

အေဂျက်စ် နည်းပြ အဲလ်ဖရက်ဒ် ရှရူဒါ ကတော့ အန်တိုနီကို လက်လွှတ်လိုခြင်း မရှိဘူးလို့ သိရပြီး သူနဲ့ အတူ နည်းစနစ် ဒါရိုက်တာ ဟမ်စထရာနဲ့ လက်ထောက် ဒါရိုက်တာ ဟန်တယ်လာ တို့ကလည်း အန်တိုနီကို မရောင်းဖို့ အသင်းရဲ့ တာဝန်ရှိသူတွေကို တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အေဂျက်စ်ရဲ့ ဘဏ္ဍာရေး ဒါရိုက်တာတွေက ယူနိုက်တက် ဘက်က ငွေအလုံးအရင်းနဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့ မသင့်ကြောင်း ဆုံးဖြတ်ခဲ့တာကြောင့် အခုလိုပဲ သဘောတူညီမှု ရသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆက်တွဲ သတင်းတွေအရ ယူနိုက်တက်ကို အန်တိုနီ ရောက်ရှိဖို့ နီးစပ်လာတာကြောင့် ခရစ္စတီယာနို‌ ရော်နယ်ဒို အသင်း ပြောင်းဖို့ ရာခိုင်နှုန်း များလာခဲ့ပြီး အေးဂျင့်ဖြင်သူ ဂျော့ဂျ် မန်းဒက်စ် ကလည်း စပို့တင်းလစ္စဘွန်းနဲ့ နာပိုလီ တို့ကို ချိတ်ဆက်လျက် ရှိတယ်လို့ သိရပါတယ်။ ယူနိုက်တက် ကတော့ အခုနွေရာသီ အပြောင်းအရွှေ့မှာ အန်တိုနီ ပြီးရင် ဂိုးသမား တစ်ဦး ထပ်မံ ခေါ်ယူ အားဖြည့်ဖို့ ကြိုးပမ်းဦးမယ်လို့ သိရပါတယ်။


ဗီလာ တောင်ပံ ကစားသမားကို ခေါ်ယူခဲ့တဲ့ ပီအက်စ်ဗွီ

ပီအက်စ်ဗွီ အင်ဟိုဗန် အသင်း ကတော့ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ တောင်ပံ ကစားသမား အန်းဝါ အဲလ်ဂါဇီကို ပေါင် ၂.၅ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ရာသီက အက်စတွန်ဗီလာ အသင်းကို ဖိလစ်ပီ ကော်တင်ဟို၊ လီယွန် ဘိုင်လီ၊ ဘူအန်ဒီရာ တို့ ရောက်ရှိလာခြင်းကြောင့် အဲလ်ဂါဇီ အနေနဲ့ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရပြီး အခုလို အသင်း ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၂၇ နှစ် အရွယ် နယ်သာလန် ကစားသမားဟာ အတွက် ၂၀၂၁-၂၂ ဘောလုံးရာသီက ပရီးမီးယားလိဂ် ၁၁ ပွဲသာ ပွဲထွက် ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီဝက်မှာ အဲဗာတန် အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ပေမယ့်လည်း ဖရန့်ခ် လမ်းပတ်ရဲ့ အသင်း အတွက် ၂ ပွဲသာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

အေဂျက်စ် အကယ်ဒမီထွက် အဲလ်ဂါဇီဟာ ဗီလာ အတွက် ၄ နှစ်တာ ကာလ အတွင်း ၁၁၉ ပွဲ ကစားပြီး ၂၆ ဂိုး သွင်းယူကာ လက်ရှိ မှာတော့ ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပါတယ်။ ပီအက်စ်ဗွီ ကတော့ အဓိက တောင်ပံ ကစားသမား နိုနီ မာဒူကီ ဒဏ်ရာရသွားခဲ့တာကြောင့် အဲလ်ဂါဇီကို ခေါ်ယူဖို့ အလျင်အမြန် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အက်စတွန်ဗီလာ အသင်းဟာ လက်တလော အသင်းမှာ ပိုလျှံနေတဲ့ ကစားသမားတွေကို လျှော့ချဖို့ ကြိုးပမ်းနေပြီး ဘာထရန် ထရာအိုရေးနဲ့ ထရက်ဇီဂတ်တို့ကို အစ္စတန်ဘူလ် ဘဆက်ခ်ရှီးယားနဲ့ ထရက်ဘ်ဇွန် စပေါတို့ဆီ ရောင်းချဖို့ ကြိုးပမ်းနေပါသေးတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်