နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၂၅/၈/၂၀၂၂)

ဩဂုတ်လ ၂၅ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ် ကလပ် အများစု ထိပ်တိုက် တွေ့ဆုံနေတဲ့ ခရာဘောင်ဖလား တတိယအဆင့် ပွဲစဉ်များ

ခရာဘောင်ဖလား (EFL Cup) တတိယအဆင့် ပွဲစဉ်တွေကို မနေ့ညက ရေးဆွဲ ထုတ်ပြန်ခဲ့ရာ မှာတော့ ပရီးမီးယားလိဂ် အသင်းကြီး အချင်းချင်း ထိပ်တိုက်တွေ့ဆုံ နေတဲ့ ပွဲစဉ် ၇ ပွဲ အထိ ပါဝင်နေခဲ့ပါတယ်။

စိတ်ဝင်စားစရာ အကောင်းဆုံး ပွဲစဉ် ကတော့ ပပ်ဂွာဒီယိုလာရဲ့ မန်စီးတီးနဲ့ သောမက်စ်တူချယ်ရဲ့ ချဲလ်ဆီးတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲဖြစ်ပြီး တော့တင်ဟမ်ဟော့စပါး ကတော့ နော့တင်ဟမ်ဖောရက်စ် အိမ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ လစ်ဗာပူးလ် ကတော့ ဒါဘီ ကောင်တီနဲ့ ကစားရမှာ ဖြစ်လို့ တော်တော်လေး ပွဲချောင်နေတယ်လို့ ပြောလို့ ရပါတယ်။

နောက်ထပ် အသင်းကြီး တစ်သင်း ဖြစ်တဲ့ အာဆင်နယ် ကလည်း ဒီနှစ်မှာ ခြေစွာနေတဲ့ ဘရိုက်တန်ကို အန်းမရိတ်စ်မှာ ဧည့်ခံကစားရဖို့ ရှိသလို ဝုဗ်ဗာဟမ်တန် ဝမ်းဒါးရားစ် ကတော့ အခုလ အစောပိုင်းမှာ ပူပူနွေးနွေး ရှုံးထားတဲ့ လိဒ်စ်ယူနိုက်တက်ကို အိမ်ကွင်းမှာ ကစားရဖို့ ရှိနေပါတယ်။ ဒါ့အပြင် အဲရစ်ခ် တန်ဟက်ဂ်ရဲ့ မန်ချက်စတာယူနိုက်တက်က အက်စတွန်ဗီလာ၊ နယူးကာဆယ်က ခရစ္စတယ်ပဲလေ့စ်နဲ့ ဘုန်းမောက်က အဲဗာတန်နဲ့ တွေ့ဆုံ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ခရာဘောင်ဖလား တတိယအဆင့် ပွဲစဉ်တွေကို လာမယ့် နိုဝင်ဘာလ ၉ ရက်နေ့မှာ ကစားဖို့ ရှိပြီး စတုတ္ထအဆင့်ကို ဒီဇင်ဘာလ ၂၁ ရက်၊ ကွာတားဖိုင်နယ်က ဇန်နဝါရီလ ၁၁ ရက်၊ ဆီမီးဖိုင်နယ်ကို ဇန်နဝါရီလ ၂၅ ရက်၊ ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ဖေဖော်ဝါရီလ ၁ ရက်နေ့နဲ့ ဗိုလ်လုပွဲ ကိုတော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကစားဖို့ ရှိနေပါတယ်။


၃ ဂိုးစီ သရေကျခဲ့တဲ့ နူးကမ့်က ခြေစမ်းပွဲ

မနေ့ညက နူးကမ့်ပ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ လာလီဂါ ထိပ်သီး ဘာစီလိုနာ တို့ရဲ့ ပွဲစဉ် ကတော့ တစ်ဖက် ၃ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ အာရုံကျော ထိခိုက်ခြင်းကြောင့် ကြွက်သား အားနည်းတဲ့ ရောဂါနဲ့ ပတ်သက်ပြီး စူးစမ်းမှုများ ပြုလုပ်နိုင်ရန် ရန်ပုံငွေ ရှာဖွေတဲ့ပွဲ အဖြစ် ကစားခဲ့ခြင်း ဖြစ်ပြီး ပရိသတ် ၉ သောင်းကျော် လာရောက် အားပေးခဲ့ကြပါတယ်။

ခြေစမ်းပွဲ ဖြစ်ပေမယ့် အပြန်အလှန် သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှု ရသ အပြည့်ပေးနိုင်ခဲ့ပြီး အိမ်ရှင် ဖြစ်တဲ့ ဘာစီလိုနာ တို့ အကြိမ်ကြိမ် ဦးဆောင်နိုင်ခဲ့ပေမယ့် မန်စီးတီးက ချေပဂိုးတွေ လိုက်သွင်းနိုင်ခဲ့လို့ အနိုင်/အရှုံး အဖြေ မပေါ်ခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းလုံး အဓိက ကစားသမားတွေရော၊ အရန် ကစားသမားတွေပါ ထုတ်သုံးသွားခဲ့ပြီး ကြည့်ကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
အာဆင်နယ်
ဖူလ်ဟမ်
1X2 ဖူလ်ဟမ် @ 8.50
ဂိုးပေါ် 3.25 @ 2.13
ဂိုးပေါင်း 0-1 @ 5.20
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘာစီလိုနာ အတွက် ဂိုးတွေ ကိုတော့ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက ခေါ်ချင်နေတဲ့ အော်ဘာမီယန်းနဲ့ မန်ချက်စတာယူနိုက်တက်က ကြိုးပမ်းနေတဲ့ ဖရန်ကီ ဒီယောင်နဲ့ မမ်းဖစ် ဒီပိုင်း တို့က အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ မန်စီးတီး အတွက် ဂိုးတွေ ကိုတော့ လူငယ် ကစားသမားတွေ ဖြစ်တဲ့ ဂျူလီယန် အဲလ်ဗာရက်ဇ်၊ ကိုးလ် ပဲလ်မာ တို့က သွင်းယူပေးခဲ့ပြီး နောက်ဆုံး ချေပဂိုးကိုတော့ ပင်နယ်တီက တစ်ဆင့် ရီယက်ဒ် မားရက်ဇ်က သွင်းယူပေးခဲ့ကြပါတယ်။

မန်စီးတီးတို့ လာမယ့် စနေနေ့မှာ ခရစ္စတယ်ပဲလေ့စ်ကို အီတီဟတ်မှာ ဧည့်ခံ ကစားရဖို့ ရှိပြီး ဘာစီလိုနာ ကတော့ တနင်္ဂနွေနေ့ ညမှာ ရီးရဲယ်ဗယ်လာဒိုးလစ်နဲ့ လာလီဂါ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


ဒူဗရက်ဗ်ကာ ဘက်ကို မျှားဦးလှည့်လာတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ နယူးကာဆယ် ယူနိုက်တက် ဂိုးသမား မာတင် ဒူဗရက်ဗ်ကာကို တဖန် ပြန်ပြီး စိတ်ဝင်စားနေတယ်လို့ 90 Minutes က ဖော်ပြလာပါတယ်။

ယူနိုက်တက်ဟာ အခုနှစ် နွေရာသီမှာ ဒင်းန် ဟန်ဒါဆင်ကို နော့တင်ဟမ်ဖောရက်စ် အသင်းထံ အငှားချပြီးနောက် ဒါးဗစ် ဒက်ဟဲယား နေရာမှာ အရန်သင့် အစားထိုးနိုင်ဖို့ ဂိုးသမား တစ်ဦး ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်း ဖရန့်ဖတ် ဂိုးသမား ကီဗင် ထရပ်ကို ချိတ်ဆက်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ်ကရော ကစားသမား ကိုယ်တိုင်ကပါ ငြင်းဆန် ပယ်ချထားခဲ့လို့ ဒူဗရက်ဗ်ကာ ဘက်ကို မျှားဦးလှည့်လာခဲ့တာလည်း ဖြစ်ပါတယ်။

သတင်းတွေအရ ဆိုရင် ယူနိုက်တက်တို့ ကီဗင် ထရပ် အပြင် မိုချင်ဂလတ်ဘတ်က ယန် ဆွမ်မား၊ ဆောက်သမ်တန်က အဲလ်စ် မက်ကာသီ၊ ဘင်ဖီကာက ဗလာချိုဒီမော့စ်၊ ဝက်ဖို့ဒ်က ဘက်ချ်မန်း၊ ဗလင်စီယာက ဂျော်ဂျီ မာမာဒက်ရှ်ဗီလီ တို့ကို စိတ်ဝင်စားခဲ့ပေမယ့် ဒူဗရက်ဗ်ကာ ကတော့ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ လက်တလော အလားအလာ အရှိဆုံး အဖြစ် သတ်မှတ်ခံထားရပါတယ်။

ဒါ့အပြင် နယူးကာဆယ်က အခုနွေရာသီမှာ နစ်ခ်ပုပ်ကို ခေါ်ယူခဲ့တာကြောင့် ဒူဗရက်ဗ်ကာ အနေနဲ့ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သိရပြီး ယူနိုက်တက်သာ အမှန်တကယ် ကြိုးပမ်းရင် အပြောင်းအရွှေ့ ဖြစ်နိုင်ချေ ရှိနေတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်