နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၂၄/၈/၂၀၂၂)

ဩဂုတ်လ ၂၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဖိုဖာနာ အတွက် ချဲလ်ဆီးရဲ့ တတိယအကြိမ် ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ အဲဗာတန်

ဝက်စ်လေ ဖိုဖာနာ အတွက် ချဲလ်ဆီးရဲ့ တတိယ အကြိမ်မြောက် ကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြောင့်း လက်စတာစီးတီး နည်းပြ ဘရန်ဒန် ရော့ဒ်ဂျားစ်က အတည်ပြုသွားခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပြင်သစ် လူငယ် ဗဟိုခံစစ်မှူးကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် လက်စတာစီးတီး ဘက်က ထပ်မံ ပယ်ချသွားခဲ့တာလည်း ဖြစ်ပါတယ်။

ကစားသမား ကိုယ်တိုင် ကတော့ အနောက်လန်ဒန် ကလပ်ဆီ ပြောင်းရွှေ့ခွင့်ရဖို့ နည်းပြ ဘရန်ဒန် ရော့ဒ်ဂျားစ်ကို တရားဝင် တောင်းဆိုထားပေမယ့် ရော့ဒ်ဂျားစ် ကတော့ ဖိုဖာနာကို ဆောက်သမ်တန်နဲ့ ပွဲလူစာရင်း ကနေ ချန်လှပ်ခဲ့ပါတယ်။ ဒါ့အပြင် ဖိုဖာနာကို လက်တလော အသင်းကြီးရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ ကနေ ထပ်မံ ချန်လှပ်ထားပြီး ယူ-၂၃ အသင်းနဲ့သာ လေ့ကျင့်ခန်းဆင်းဖို့ ညွှန်ကြားထားသလို ကြားရက်မှာ စတော့ခ်ပို့တ် ကောင်တီနဲ့ ကစားခဲ့တဲ့ ခရာဘောင်ဖလား ပွဲစဉ်ရဲ့ လူစာရင်း မှာလည်း ပါဝင်လာခြင်း မရှိတာ တွေ့ရပါတယ်။

ချဲလ်ဆီး ဘက်က နောက်ဆုံး အကြိမ် အဖြစ် ပေါင် သန်း ၇၀ ဝန်းကျင်နဲ့ ကမ်းလှမ်းထားခဲ့ပြီး လက်စတာစီးတီး ကတော့ ဖိုဖာနာရဲ့ ပြောင်းရွှေ့ကြေးကို အနည်းဆုံး ပေါင်သန်း ၈၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

လက်စတာစီးတီးဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် လာမယ့် စနေနေ့မှာ ချဲလ်ဆီးနဲ့ ထိပ်တိုက်တွေ့ဆုံရဖို့ ရှိနေပြီး ဖိုဖာနာကို ထပ်မံ ချန်လှပ်သွားဦးမယ့် သဘော ရှိပါတယ်။


“ဂေါ်ဒွန်ဟာ ကျွန်တော်တို့ရဲ့ ကစားသမားပါ” ဖရန့်ခ် လမ်းပတ်

အန်သိုနီ ဂေါ်ဒွန်ဟာ အဲဗာတန်ရဲ့ ကစားသမားပါ လို့ နည်းပြ ဖြစ်သူ ဖရန့်ခ် လမ်းပတ်က ပြတ်ပြတ်သားသား ပြောကြားလိုက်ပါတယ်။ အခု နွေရာသီမှာ ရစ်ချာလီဆင်ကို ပရီးမီးယားလိဂ် ထိပ်သီး တော့တင်ဟမ်ဟော့စပါးထံ ပြောင်းရွှေ့ခွင့်ပေးခဲ့ရသလို ကလဲဗက်လီဝင်း ကလည်း ဒဏ်ရာ ရနေတာကြောင့် လမ်းပတ် အနေနဲ့ တိုက်စစ် ကြယ်ပွင့် ဂေါ်ဒွန်ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်နေတာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် အသက် ၂၁ နှစ် အရွယ် အင်္ဂလန် ယူ ၂၁ လက်ရွေးစင်ကို ချဲလ်ဆီးက ပေါင် သန်း ၆၀ သုံးပြီး ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေသလို တော့တင်ဟမ်ဟော့စပါးနဲ့ နယူးကာဆယ် တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အစောပိုင်းမှာ ချဲလ်ဆီးရဲ့ ပေါင် သန်း ၄၀ နဲ့ ကမ်းလှမ်းချက်ကို အဲဗာတန် ဘက်က ငြင်းဆန် ပယ်ချထားပြီး နည်းပြ ဖရန့်ခ် လမ်းပတ် ကလည်း ဖလိထ်ဝုဒ်တောင်းနဲ့ ကစားခဲ့တဲ့ ခရာဘောင်ဖလား ပွဲစဉ်မှာ ဂေါ်ဒွန်ကို အရန်ခုံ ပို့ထားခဲ့တာ တွေ့ရပါတယ်။

Talksport နဲ့ အင်တာဗျူးမှာ လမ်းပတ်က “သူက ကျွန်တော်တို့ရဲ့ ကစားသမားပါ။ နော့တင်ဟမ်ဖောရက်စ်နဲ့ ပွဲအပြီးမှာ ကျွန်တော်‌ ပြောခဲ့တဲ့ အတိုင်း မပြောင်းလဲပါဘူး။ သူက အသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ် ကျန်ပါသေးတယ်။ ချဲလ်ဆီးက စိတ်ဝင်စားနေတယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီအခြေအနေ အတိုင်း ထားတာက အဲဗာတန် အသင်းနဲ့ ကျွန်တော့် အတွက် မှန်ကန်တဲ့ အရာ ဖြစ်လာမယ်လို့ ထင်ပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဆောက်သမ်တမ်
မန်ချက်စတာ ယူနိုက်တက်
1X2 သရေ @ 3.70
ဂိုးအောက် 2.75 @ 2.07
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.11
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

တေးလီမန့်စ် မရရင် ပက်ကေးတားကို အစားထိုး ကြိုးပမ်းသွားမယ့် အာဆင်နယ်

အာဆင်နယ်အသင်းဟာ အခုနွေရာသီမှာ ယူရီ တေးလီမန့်စ် ခေါ်ယူနိုင်ခြင်း မရှိဘူး ဆိုရင် လီဂူးဝမ်း ကလပ် အိုလံပစ် လီယွန် ကွင်းလယ်လူ ပါကေးတားကို အစားထိုးခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ် အသင်းအနေနဲ့ ယူရီ တေးလီမန့်စ်မန့်စ်ကို ခေါ်ယူလိုပေမဲ့ ပြောင်းရွှေ့ကြေး ဈေးညှိနှိုင်းနေဆဲဖြစ်ပြီး အကယ်၍သာ အဆင်မပြေဘူး ဆိုရင်တော့ ကာလရှည် ပစ်မှတ်ထားခဲ့တဲ့ ဘရာဇီးလ် လက်ရွေးစင်ကို ခေါ်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ပါကေးတားဟာ အာဆင်နယ် အသင်းရဲ့ နည်းစနစ်ဒါရိုက်တာ ဖြစ်သူ အက်ဒူး အကြိုက်တွေ့တဲ့ ကစားသမား တစ်ဦး ဖြစ်တယ် လို့လည်း သိရပါတယ်။

တချို့ သတင်းတွေ မှာတော့ နွေရာသီ အပြောင်းရွှေ့ ဈေးကွက် ပိတ်ဖို့ တစ်ပတ်သာ လိုတော့တဲ့ အချိန်မှာ ဂန်းနားတို့ တောင်ပံနဲ့ ကွင်းလယ် ကစားသမား တစ်ဦးစီ ထပ်မံ ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။ လက်တလော အာဆင်နယ်ရဲ့ တောင်ပံ ပစ်မှတ် အဓိက ကစားသမား ကတော့ ဝုဗ်က ပက်ဒရို နီတို ဖြစ်ပြီး နာမည်ကြီး အေးဂျင့် ဂျော့ဂျ် မန်းဒက်စ်ရဲ့ အကူအညီနဲ့ ခေါ်ယူသွားဖို့ စီစဉ်လျက်ရှိတယ်လို့လည်း သိရပါတယ်။

တစ်ဖက် မှာလည်း အာဆင်နယ်ဟာ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ ၂၀၂၀-၂၁ ရာသီတုန်းက FFP စည်းမျဉ်းကို ချိုးဖောက်ကာ ဟန်ချက်မညီစွာ ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့တယ်လို့ သံသယ ရှိနေတဲ့ ကလပ် အသင်း ၂၀ ထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်