ဩဂုတ်လ ၁၈ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒေါ့မန် ကြယ်ပွင့်ကို ခေါ်ယူဖို့ လစ်ဗာပူးလ်ကို ရက်နက်ပ် တိုက်တွန်း
ပရီးမီးယားလိဂ် ဝါရင့်နည်းပြဟောင်း ဂျေမီ ရက်နက်ပ်က လစ်ဗာပူးလ် အနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကြယ်ပွင့် ဂျူ့ဒ် ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ နည်းလမ်းရှာဖွေသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။
ဘယ်လင်ဂမ်ဟာ အသက် (၁၉) နှစ် အရွယ်သာ ရှိသေးပေမယ့် ဥရောပရဲ့ ထိပ်တန်း ကွင်းလယ်လူတွေ ထဲက တစ်ဦး ဖြစ်နေပြီး ပြီးခဲ့တဲ့ ရာသီက ဒေါ့မန် အတွက် ပြိုင်ပွဲစုံ (၄၄) ပွဲကစား၊ (၆) ဂိုးသွင်းကာ ဂိုးဖန်တီးမှု(၁၄) ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ဘယ်လင်ဂမ်ကို လာမယ့် နွေရာသီမှာ လစ်ဗာပူးလ်က ခေါ်ယူဖို့ စီစဥ်ထားကြောင်းလည်း သိရပါတယ်။
ဒါပေမယ့် လက်တလော လစ်ဗာပူးလ်မှာ ကွင်းလယ် ကစားသမားတွေ ဒဏ်ရာ ပြဿနာ ရှိနေတာကြောင့် ရက်နက်ပ်က အခုနွေရာသီမှာပဲ ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ဘယ်လင်ဂမ်နဲ့ ဒေါ့မန် တို့ဟာ(၂၀၂၅) အထိ စာချုပ် သက်တမ်းက ကျန်ရှိနေပြီး အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ အတွက်လည်း ဒေါ့မန်က ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) သတ်မှတ်ထားတယ်လို့ သိရပါတယ်။
အင်တာမီလန် ကြယ်ပွင့်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့ ချဲလ်ဆီး
ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးဟာ အင်တာမီလန် ကြယ်ပွင့် ဆီစာရီ ကာဆာဒီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့သွားခဲ့ပါတယ်။ သတင်းတွေ အရ ဆိုရင် ဒီကစားသမား အတွက် ချဲလ်ဆီးတို့ ယူရို (၁၅) သန်းနဲ့ အပိုဆုကြေး ယူရို (၅) သန်း ပေးချေရမယ်လို့ သိရပါတယ်။
ချဲလ်ဆီး အနေနဲ့ ကာဆာဒီကို ယူရို (၉) သန်းဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့သေးပေမယ့် အင်တာမီလန် ဘက်က ငြင်းဆန်ပယ်ချခဲ့တာကြောင့် အခုလိုမျိုး ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းခဲ့တဲ့နောက် စီးရီးအေ ကလပ် ဘက်က အပြောင်းအရွှေ့ကို သဘောတူ လက်ခံခဲ့တာ ဖြစ်ပါတယ်။
အသက် (၁၉) နှစ် အရွယ် ကွင်းလယ်လူဟာ ဆေးစစ်မှု ခံယူဖို့ အတွက် အင်္ဂလန်ကို ရောက်ရှိနေပြီး ဒီကနေ့မှာပဲ အပြီးသတ် ပြောင်းရွှေ့ဖို့ လုပ်ဆောင်သွားဖွယ် ရှိနေတာပါ။ ကာဆာဒီဟာ အင်တာမီလန် အသင်းကြီး အတွက် တစ်ပွဲမှ ဝင်ရောက် မကစားရသေးပေမယ့် ဥရောပရဲ့ အတောက်ပဆုံး ကစားသမား တစ်ဦး အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်ပါတယ်။
ကာဆာဒီ ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီး အတွက် ၅ ဦးမြောက် ကစားသမား ခေါ်ယူမှုလည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်နဲ့ လာလီဂါကို ပိုပြီး ကြည့်ရှုဖြစ်ကြောင်း ပြောကြားလာတဲ့ မာကို ရိုက်စ်
ဒေါ့မန်ရဲ့ အဓိက, ကွင်းလယ် ကစားသမား မာကိုရိုက်စ် က သူ့အနေနဲ့ တခြားသော အမှတ်ပေးလိဂ်တွေထက် ပရီးမီးယားလိဂ် ဒါမှမဟုတ် လာလီဂါ တို့ကို ပိုမို ဦးစားပေး ကြည့်ရှုဖြစ်တယ်လို့ ဝန်ခံ ပြောကြားလိုက်ပါတယ်။
မာကိုရိုက်စ်ဟာ သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက်လုံး ပရီးမီးယားလိဂ် ကလပ်တွေ အပါအဝင် တခြားသော ဥရောပ ထိပ်တန်းအသင်းတွေရဲ့ စိတ်ဝင်စားမှု ခံခဲ့ရပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်မှာပဲ သစ္စာရှိရှိနဲ့ ဆက်ရှိနေဆဲ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။
မာကိုရိုက်စ်က “ကျွန်တော် အရိုးသားဆုံး ပြောရရင် ပရီးမီးယားလိဂ် ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ ထိပ်တိုက်တွေ့ရင် လာလီဂါကို ပိုပြီး ကြည့်ဖြစ်ပါတယ်”
“ကျွန်တော် ပရီးမီးယားလိဂ် အကြောင်းကို နည်းနည်းလေးသိပါတယ်။ မန်စီးတီးနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့ပြီ ဆိုရင် တကယ့် ပွဲကြီး ပွဲကောင်းပါပဲ။ ထူးချွန်တဲ့ ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ အသင်း နှစ်သင်း ထိပ်တိုက်တွေ့တာကြောင့်ပါ” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.