နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – နောက်ဆုံးရ သတင်းများ (၁၂/၈/၂၀၂၂)

ဒီကနေ့ မနက်ပိုင်း အထိ ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်း တချို့နဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့တွေကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။


အကွက်ဝင်တာနဲ့ အသင်းဟောင်းကို ပညာပြခဲ့တဲ့ မော်ရင်ဟို

ရိုးမား ကွင်းလယ်လူ နီကိုလို ဇာနီယိုလိုကို ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးက ခေါ်ယူဖို့ နောက်ဆုံး အဆင့်ထိ ရောက်ရှိခဲ့ပေမယ့် နည်းပြဟောင်း မော်ရင်ဟိုရဲ့ ပိတ်ပင် တားဆီးမှုကြောင့် ပျက်ပြယ်ခဲ့တယ်လို့ သိရပါတယ်။

စပါးဟာ အသက် (၂၃) နှစ် အရွယ် အီတလီ ကွင်းလယ်လူကို အငှားနဲ့ အရင်ဆုံး ခေါ်ယူမှာ ဖြစ်ပြီး အဲ့ဒီနောက်မှာမှ ယူရို သန်း (၅၀) ဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူဖို့ အတွက် ရိုးမားနဲ့ သဘောတူညီမှု ရရှိထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် စပါး နည်းပြဟောင်း မော်ရင်ဟိုက ဇန်နီယိုလိုကို လက်လွှတ်ဖို့ ငြင်းဆန်ခဲ့ပြီး လက်တလော မှာတော့ မြောက်လန်ဒန် ကလပ်က ပြောင်းရွှေ့ကြေး တိုးမြှင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် စပါးက အပြောင်းအရွှေ့ တစိတ်တပိုင်း အဖြစ် အသင်း အတွက် အသုံးမလိုတော့တဲ့ အန်ဒွန်ဘီလီ ကိုပါ ထည့်သွင်း ကမ်းလှမ်းပေးသွားဖို့ ရှိနေတယ်လို့လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်း ကတော့ ဘယ်နောက်ခံလူ ပြဿနာကို ဖြေရှင်းဖို့ အတွက် ဒေါ့မန် နောက်ခံလူ ရာဖေးလ် ဂွါရဲရိုးကို သူတို့ရဲ့ ပစ်မှတ် ကစားသမား စာရင်းထဲ ထည့်သွင်းလာခဲ့ပါတယ်။
ဇင်ချန်ကိုရဲ့ နေရာ အတွက် ကစားသမားသစ် ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်စီးတီး

ဇန်နီယိုလို ကတော့ အသင်း ပြောင်းရွှေ့ဖို့ ဦးစားပေး စဉ်းစားသွားမှာ မဟုတ်သလို မော်ရင်ဟိုရဲ့ ဆုံးဖြတ်ချက် ကိုလည်း အသာတကြည်ပဲ လက်ခံထားခဲ့တာ ဖြစ်တယ်လို့ သိရပတယ်။


မန်စီးတီးရဲ့ ပစ်မှတ် စာရင်းထဲ ဝင်လာတဲ့ ဒေါ့မန် ဘယ်နောက်ခံလူ

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်း ကတော့ ဘယ်နောက်ခံလူ ပြဿနာကို ဖြေရှင်းဖို့ အတွက် ဒေါ့မန် နောက်ခံလူ ရာဖေးလ် ဂွါရဲရိုးကို သူတို့ရဲ့ ပစ်မှတ် ကစားသမား စာရင်းထဲ ထည့်သွင်းလာခဲ့ပါတယ်။ မန်စီးတီးတို့ နောက်တန်း ဘယ်အစွန်မှာ ကစားတဲ့ ဇင်ချန်ကို,ကို ရောင်းထုတ်ထားသလို ဘင်ဂျမင် မန်ဒီ ကလည်း စွပ်စွဲခံထားရတဲ့ မုဒိမ်းမှုတွေ အတွက် တရားရင်ဆိုင်နေရဆဲ ဖြစ်တာကြောင့် ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်နေတာပါ။

အသက် (၂၈) နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ကတည်းက ဘွန်ဒက်စ်လီဂါ ကလပ်ကို ရောက်ရှိနေခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၁၉၀ ကစားပြီး ၃၄ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၃၇ ကြိမ် ပြုလုပ်ထားပါတယ်။

လီဂူး၀မ်း
ပဲရစ် စိန့် ဂျာမိန်း
မောင့်ပယ်လီယာ
1X2 သရေ @ 10.50
ပထမပိုင်း ဂိုးအောက် 1.75 @ 1.90
ဂိုးပေါင်း 2-3 @ 2.56
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မန်စီးတီး ဟာ ဂွါရဲရိုး အပြင် စတုဂတ် နောက်ခံလူ ဘော်နာ ဆိုဆာနဲ့ ဘင်ဖီကာ နောက်ခံလူ အဲလက်စ်ဂရီ မယ်လ်ဒို တို့ကိုလည်း ပစ်မှတ်ထား စောင့်ကြည့်လျက် ရှိကြောင်းလည်း သိရပါတယ်။ မန်စီးတီးတို့ အစောပိုင်းမှာ ဘရိုက်တန် နောက်ခံလူ မာ့ခ် ကူကာရယ်လာကို ကြိုးပမ်းခဲ့သေးပေမယ့် ပြောင်းရွှေ့ကြေး ညှိနှိုင်းလို့ အဆင်မပြေခဲ့သလို ပြိုင်ဘက် ချဲလ်ဆီးရဲ့ ကြားဖြတ် ခေါ်ယူခြင်းလည်း ခံထားခဲ့ရပါတယ်။


ဘရန့်ဖို့ဒ်ကို ပြောင်းရွှေ့သွားတဲ့ ဆမ်ဒိုးရီးယား ကွင်းလယ်လူ

ဆမ်ဒိုးရီးယား တောင်ပံ ကစားသမား မီကယ်လ် ဒမ်းစ်ဂတ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ကလပ် ဘရန့်ဖို့ဒ်က တရားဝင် ကြေညာသွားခဲ့ပါတယ်။
ဒမ်းစဂတ် ရဲ့ အပြောင်းအရွှေ့ ကနေ ဆမ်ဒိုးရီးယားတို့ ယူရို (၁၅) သန်း ရရှိခဲ့ပြီး ကစားသမား ကတော့ ဘရန့်ဖို့ဒ်နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ ဒမ်းစဂတ်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာ ဒိန်းမတ် အသင်း အတွက် ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဥရောပ ထိပ်တန်း ကလပ် အများစုနဲ့ စောင့်ကြည့်ခြင်းခံခဲ့ရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်တို့ လက်ရှိ နွေရာသီမှာ ဒိန်းမတ် ကွင်းလယ်လူ အဲရစ်ဆင်ကို မန်ချက်စတာယူနိုက်တက် အသင်းထံ လက်လွှတ်ထားခဲ့ရပြီးနောက် နောက်ထပ် ဒိန်းမတ် လက်ရွေးစင် ကစားသမား တစ်ဦးကို ပြန်လည် ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

နော့ဂျယ်လန်းမှာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို စတင်ခဲ့တဲ့ ဒမ်းစဂတ်ဟာ စီးရီးအေ ကလပ်မှာ နှစ်ရာသီ ဖြတ်သန်းခဲ့ပြီးနောက် စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ဖို့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်