နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချန်ပီယံလိဂ် ဝင်ခွင့်ကို မေ့ထားပြီး အမှတ်တွေ လှူလို့ ကောင်းနေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဆောက်သမ်တန် ၁-၀ အာဆင်နယ်

ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အမှားခံလို့ မရတော့ပါဘူး ဆိုတဲ့ အချိန်ကျတော့မှ အာဆင်နယ် အမှတ်တွေ အလှူပေးလို့ ကောင်းနေခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ စပါးတို့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်တို့ ဒီပွဲ နိုင်ရုံနဲ့ ထိပ်ဆုံး ၄ သင်း နေရာ ဝင်ရေး အခြေအနေ ကောင်းသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မီခယ်အာတေးတားရဲ့ အသင်း ကတော့ စပါးရဲ့ အရှုံးကို အခွင့်အရေး မယူနိုင်ခဲ့သလို မျှော်လင့်ချက် ကုန်သလောက် ရှိနေတဲ့ ယူနိုက်တက် ကိုပါ အခွင့်အရေး ပေးမိခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဆောက်သမ်တန်တို့ ၃-၄-၃ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ စတူးဝပ် အမ်းစတောင်း၊ အဲလ်ယွန်နူဆီနဲ့ ဘရိုဟာတို့ကို တွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ရိုမီယူ၊ ဝက်ဒ်ပရောက်စ်၊ ဝေါလ်ကာပီတာ၊ ပါရောက်ဒ် တို့ ကစားခဲ့ပြီး နောက်တန်း မှာတော့ ဂျန် ဘက်ဒ်နာရက်ခ်၊ လိုင်ယန်ကို၊ ဗလာရီနဲ့ ဖော်စတာတို့ ပွဲထွက်ခဲ့ပါတယ်။ အာဆင်နယ် ကတော့ ထုံးစံ အတိုင်း ၄-၂-၃-၁ နဲ့ ရင်ဆိုင်ခဲ့ပြီး တိုက်စစ်မှာ အန်ကတ်တီးယားကို အထောင်ထားခဲ့ပါတယ်။ တောင်ပံ နှစ်ဖက်မှာ ဆာကာ၊ မာတင်နယ်လီ၊ ကွင်းလယ်မှာ အိုဒီဂတ်၊ လိုကွန်ညာ၊ ဂရန်းနစ် ချာကာ၊ နောက်တန်းမှာ ဂါဘရီရယ်၊ ဝှိုက်၊ စီဒရစ်၊ တာဗာရက်စ်၊ ဂိုးမှာတော့ ရမ်းစ်ဒေးလ်ပဲ ပါဝင်လာခဲ့ပါတယ်။

ဆောက်သမ်တန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့သမျှ အာဆင်နယ်နဲ့ တွေ့မှ နိုင်ပွဲ ပြန်ရခဲ့ပြီး ရမှတ် ၃၉ မှတ်နဲ့ အတူ အဆင့် ၁၂ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၁၂ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့တဲ့ ဆောက်သမ်တန်

အရင်ပွဲတွေလိုပဲ တီယာနေးနဲ့ သောမက်စ်ပါတေး မပါတဲ့ အာဆင်နယ်ရဲ့ ကစားပုံက ဆားမပါတဲ့ ဟင်းတစ်ခွက် ဖြစ်ခဲ့ပြီး နေရာစုံမှာ လိုအပ်ချက်တွေ များပြားခဲ့ပါတယ်။ အစောပိုင်း ပွဲချိန်တွေမှာ အာဆင်နယ်တို့ အပိုင် အခွင့်အရေး တချို့ ရခဲ့ပေမယ့် ဆာကာ အသုံးမချနိုင်ခဲ့သလို လျော့ရဲတဲ့ ကစားပုံကြောင့် ဆောက်သမ်တန်ရဲ့ ပြန်လည် ဖိအားပေးခြင်းကိုပါ ခံခဲ့ရပါတယ်။ ဒါ့အပြင် ပထမပိုင်း ပြီးခါနီး မှာတော့ ဆောက်သမ်တန်ရဲ့ ဦးဆောင်ဂိုး သွင်းယူခြင်းကို ခံခဲ့ရပြီး နောက်ခံလူတွေရဲ့ လူကပ် ကစားပုံ ညံ့မှုကနေ ဘက်ဒ်နာရက်ခ်က ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ စမစ်ရိုးဝ်၊ နီကိုလပ်စ် ပေပေတို့ ထည့်ပြီး တိုက်စစ် မြှင့်ခဲ့လို့ အာဆင်နယ်တို့ ပြိုင်ဘက်ရဲ့ ဂိုးဧရိယာ တစ်ဝိုက် ကနေ ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ ဆက်တိုက် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပေပေ၊ အိုဒီဂတ်တို့ရဲ့ ကန်ချက်တွေ ဂိုးတိုင်ဘေးက ကပ်ထွက်ခဲ့သလို ချာကာ၊ စမစ်ရိုးဝ်တို့ရဲ့ အပိုင်ကန်ချက်တွေ ကိုတော့ ဂိုးသမား ဖရေဆာ ဖော်စတာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့ အာဆင်နယ်တို့ ပွဲပြီးတဲ့ အထိ ဂိုးမရပဲ ၁-၀ ရလဒ်နဲ့ပဲ ရှုံးနိမ့်သွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

တော့တင်ဟမ်ဟော့စပါး၊ အာဆင်နယ်နဲ့ ယူနိုက်တက် တို့ကတော့ ချန်ပီယံလိဂ် မဝင်ခွင့် တိုက်ပွဲ ဆင်နွှဲနေသလား မှတ်ရအောင် ပုံစံမျိုးစုံနဲ့ကို ခြေချော်နေကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် အာဆင်နယ်တို့ တခြား အသင်းတွေထက် အခွင့်အရေးတွေ ပိုရခဲ့ပေမယ့် အဓိက ကစားသမားတွေ ဒဏ်ရာ ရရှိသွားခြင်းနဲ့ အတူ လက်ရှိမှာ သရေ တစ်မှတ် ရဖို့တောင် ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲ မှာလည်း ကွင်းလယ်က သောမက်စ် ပါတေး မပါနိုင်တဲ့ အတွက် ချာကာ၊ အိုဒီဂတ် တို့နဲ့ပဲ ဖန်တီးမှု အပိုင်းမှာ မလုံလောက်ခဲ့သလို တီယာနေး မပါတာကြောင့်လည်း တောင်ပံတွေ ကနေ ထိရောက်တဲ့ ကန်တင်ပေးပို့မှုတွေ ပြုလုပ်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ အဓိက ပွဲထွက် ကစားသမားတွေနဲ့ အရန် ကစားသမားတွေရဲ့ ခြေစွမ်း ကွာဟချက် မြင့်မားမှုကို ထပ်မံမြင်တွေ့ခဲ့ရတဲ့ ပွဲဖြစ်ပြီး ဒီပုံအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ လာမယ့် မီခယ်အာတေးတားရဲ့ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် မပြောနဲ့ ယူရိုပါလိဂ် ဝင်ခွင့်ရဖို့တောင် မသေချာတဲ့ အခြေအနေ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ချဲလ်ဆီး
အာဆင်နယ်
1X2 အာဆင်နယ် @ 3.80
ဂိုးပေါ် 2.50 @ 2.03
ပထမပိုင်း ဂိုးပေါ် 1.00 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဆောက်သမ်တန် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့သမျှ အာဆင်နယ်နဲ့ တွေ့မှ နိုင်ပွဲ ပြန်ရခဲ့ပြီး ရမှတ် ၃၉ မှတ်နဲ့ အတူ အဆင့် ၁၂ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ အာဆင်နယ် ကတော့ ပရီးမီးယားလိဂ် ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပေမယ့် အဆင့် ၄ နေရာက စပါးကို ၁ ပွဲလျော့ ၃ မှတ် အကွာနဲ့ ဖိအားပေးထားနိုင်ဆဲ ဖြစ်ပြီး ယူနိုက်တက်နဲ့တော့ ရမှတ်တူ ဂိုးကွာခြားချက်တူနဲ့ အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဆောက်သမ်တန်တို့ ဧပြီလ ၂၂ ရက်နေ့မှာ ဘန်လေနဲ့ ရင်ဆိုင်ရဖို့ ရှိပြီး အာဆင်နယ် ကတော့ ၂၁ ရက်နေ့မှာ ချဲလ်ဆီးနဲ့ လန်ဒန်ဒါဘီ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်