နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

သရဲနီတွေကို အမြောက်ဆံတွေနဲ့ ထုချေပြီး အဆင့် ၄ နေရာ တက်ခဲ့တဲ့ ဂန်းနားများ | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အာဆင်နယ် ၃-၁ မန်ချက်စတာယူနိုက်တက်

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ ရဲ့ အစောဆုံး ပွဲစဉ် မှာတော့ အာဆင်နယ်တို့ မန်ချက်စတာယူနိုက်တက်ကို အန်းမရိတ်စ်မှာ ၃-၁ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်လို့ နှစ်သင်းလုံး အကြိတ်အနယ် ကစားသွားခဲ့ကြပြီး အမှားပိုနည်းခဲ့တဲ့ အာဆင်နယ်တို့ ဂိုးပြတ် နိုင်ပွဲနဲ့ အတူ အဆင့် ၄ နေရာကို ပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 


ပွဲစဉ်အကျဉ်း

မီခယ် အာတေးတားရဲ့ အသင်းက ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပြန်လည် ပွဲထွက်လာခဲ့ပြီး ဂိုးမှာ ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဂါဘရီရယ်၊ ဘန်ဝှိုက်၊ စီဒရစ်၊ တာဗာရက်စ်၊ ကွင်းလယ်မှာ အဲလ်နီနီ၊ ချာကာ၊ အိုဒီဂတ်၊ တိုက်စစ် မှာတော့ ဆာကာ၊ စမစ်ရိုးဝ်နဲ့ အန်ကတ်တီးယား တို့ ပါဝင်လာခဲ့ပါတယ်။ ယူနိုက်တက် ကလည်း ထုံးစံ အတိုင်း ၄-၂-၃-၁ နဲ့ပဲ အာဆင်နယ်ကို ရင်ဆိုင်ခဲ့ပေမယ့် ခံစစ်မှာ အမှားတွေ ဆက်တိုက် လုပ်နေတဲ့ အသင်းခေါင်းဟောင်း ဟယ်ရီ မက်ဂွိုင်းယားကို အရံခုံ ပို့ပြီး ဗာရန်းနဲ့ လင်ဒီလော့ဖ်ကို တွဲဖက်ပေးခဲ့ပါတယ်။ ဘယ်၊ ညာ အစွန်မှာ အဲလက်စ် တဲလက်စ်နဲ့ ဒါးလော့တ်၊ ကွင်းလယ်မှာ မက်တော်မီနေး၊ မာတစ်နဲ့ ဘရူနို ဖာနန်ဒက်စ်၊ တိုက်စစ် မှာတော့ အီလန်ဂါ၊ ဆန်ချိုနဲ့ ရော်နယ်ဒို တို့ပဲ ဦးဆောင်လာခဲ့ပါတယ်။

လစ်ဗာပူးလ်၊ အာဆင်နယ် တို့နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ရတဲ့ ယူနိုက်တက် ကတော့ အဆင့် ၆ နေရာကို ပြန်ဆင်းခဲ့ရပြီး ဒီပုံ အတိုင်း ဆိုရင် ယူရိုပါလိဂ် ဝင်ခွင့် အတွက်ပါ စိုးရိမ်စရာ ရှိနေခဲ့ပြီလို့ ပြောလို့ ရပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာကို ပြန်ဆင်းသွားခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်

ဒီနေ့ပွဲမှာ နှစ်သင်းလုံး ခံစစ် အားနည်းချက် ကိုယ်စီ ရှိခဲ့ကြပေမယ့် ယူနိုက်တက် နောက်တန်းက ပိုပြီး အမှားများခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ဒါးလော့တ်နဲ့ တဲလက်စ်တို့ တောင်ပံက စမစ်ရိုးဝ်နဲ့ ဘူကာယို ဆာကာ ကို တစ်ဦးချင်း ယှဉ်ထိန်းဖို့တောင် ခက်ခဲနေခဲ့ပြီး အာဆင်နယ်ရသွားတဲ့ ဦးဆောင်ဂိုးတွေကလည်း ဆာကာ ကနေပဲ အစပြုခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ပွဲချိန် ၃ မိနစ် မှာတင်ပဲ အာဆင်နယ်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး  ဆာကာရဲ့ ကန်ချက်ကို ဒက်ဟဲယား ပုတ်ထုတ်နိုင်ခဲ့ပေမယ့် တာဗာရက်စ်က ထပ်ဆင့်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကို ပြန်ကြည့်ရင် အဲလက်စ် တဲလက်စ်နဲ့ ဗာရန်း တို့ရဲ့ အမှားမကင်းခဲ့တာ တွေ့ရပြီး ပွဲချိန် မိနစ် ၃၀ မှာလည်း အာဆင်နယ်တို့ ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ် မှာတော့ အန်ကတ်တီယား ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံဘော အဖြစ်သာ သတ်မှတ်ခံခဲ့ရပြီး ကံကောင်းတာက လူမကျွံခင် ဆာကာကို အဲလက်စ်တဲလက်စ် ပြစ်ဒဏ် ကျူးလွန်ခဲ့တာကြောင့် အာဆင်နယ်တို့ ပင်နယ်တီရခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ ဆာကာ ကပဲ အမှားအယွင်း မရှိ ကန်သွင်းခဲ့လို့ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂ မိနစ် အကြာမှာ ခရစ္စတီယာနို ရော်နယ်ဒိုက ယူနိုက်တက် အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့လို့ ၂-၁ ဖြစ်ခဲ့ပြီး ဒီဂိုး ကတော့ ရော်နယ်ဒို အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်ခဲ့တဲ့ ဂိုးလည်း ဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ အာဆင်နယ်က အန်ကတ်တီးယား၊ အိုဒီဂတ် တို့ရဲ့ အပိုင်ကန်ချက်တွေကို ဒါးဗစ် ဒက်ဟဲယား ကာကွယ်နိုင်ခဲ့ပြီး ယူနိုက်တက် ဘက်က အီလန်ဂါ၊ အဲလက်စ် တဲလက်စ် တို့ရဲ့ ကန်ချက်တွေ ကိုတော့ ရမ်းစ်ဒေးလ် ကာကွယ်နိုင်ခဲ့သလို ဒါးလော့တ်ရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့တာကြောင့်လည်း နစ်နာခဲ့ရပါတယ်။ 

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
ရီးယဲလ်မက်ဒရစ်
မန်ချက်စတာစီးတီး အာရှ ဟန်းဒီးကပ် -1.00 @ 1.89
1X2 မန်ချက်စတာစီးတီး @ 1.51
ဂိုးပေါ် 2.75 @ 1.93
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒုတိယပိုင်း မှာတော့ ယူနိုက်တက်တို့ ဖိဖိစီးစီး ကစားနိုင်ခဲ့ပြီး အာဆင်နယ် နောက်တန်းက သတိထား ထိန်းချုပ်ခဲ့ရပါတယ်။ ပွဲချိန် ကစားချိန် ၅၅ မိနစ် လောက်မှာတော့ တာဗာရက်စ် လက်ထိခဲ့တာကြောင့် ယူနိုက်တက်တို့ ပင်နယ်တီ ကန်ခွင့်ခဲ့ရပေမယ့် ဘရူနိုဖာနန်ဒက်စ် တိုင်ထိအောင် ကန်ခဲ့သလို ရော်နယ်ဒို လည်း ဂိုးထပ်သွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့ပြန်ပါတယ်။ အဲ့နောက် မိနစ် ၇၀ မှာတော့ အာဆင်နယ်တို့ အနိုင်သေချာစေမယ့် ဂိုးရခဲ့ပြီး ကွင်းလယ်လူ ဂရန်းနစ် ချာကာက ဧရိယာ အပြင် ကနေ ကန်ချက် ပြင်းပြင်းနဲ့ လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကြောင့် ယူနိုက်တက်တို့ မျှော်လင့်ချက်မဲ့သွားခဲ့ရပြီး လက်ကျန် မိနစ်တွေ မှာလည်း အာဆင်နယ် တို့ပဲ ပွဲကိုထိန်းချုပ်နိုင်ခဲ့လို့ ၃-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ 


ပွဲပြီးသုံးသပ်ချက်

အထက်မှာ ပြောခဲ့သလိုပဲ နှစ်သင်းလုံး ခံစစ် အမှားကိုယ်စီ ရှိခဲ့ကြပေမယ့် အာဆင်နယ် ကတော့ နိုင်ပွဲ ရအောင် ဘယ်လို ကစားရမယ် ဆိုတာ ကောင်းကောင်း နားလည် သဘောပေါက်ခဲ့ပုံရပါတယ်။ ဒီနေ့ပွဲမှာ ဆာကာ၊ ချာကာနဲ့ တာဗာရက်စ်တို့ ဂိုးတွေ သွင်းနိုင်ခဲ့ကြပေမယ့် အသင်းကို အကောင်းဆုံး ထိန်းကျောင်းပေးသွားတာက မာတင် အိုဒီဂတ်နဲ့ အဲလ်နီနီ ဖြစ်ပါတယ်။ တာဗာရက်စ်ရဲ့ ကစားပုံကြောင့်တော့ အသင်း ပရိသတ်တွေ ရင်ထိတ်နေရဆဲ ဖြစ်သလို စီဒရစ် ဘက်ကလည်း ထုံးစံ အတိုင်း အားနည်းနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့တော့ ထွေထွေထူးထူး သုံးသပ်စရာကို မလိုခဲ့ပါဘူး။ ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာပါ နလံမထူနိုင်လောက်အောင် လမ်းပျောက်နေဆဲ ဖြစ်ပြီး ဒီပုံ အတိုင်း ဆိုရင်တော့ ချန်ပီယံလိဂ် ဝင်ခွင့်ကို မေ့လိုက်ပြီး လာမယ့် ရာသီရောက်မှ နည်းပြသစ် တန်ဟက်ဂ်နဲ့ သွေးသစ်လောင်းဖို့ပဲ တွေးသင့်ပြီ ထင်ပါတယ်။ 

အသင်းကြီး နှစ်သင်းကို နှစ်ပွဲဆက် အနိုင်ရလိုက်တာ အပြင် အဓိက ပြိုင်ဘက် ဖြစ်တဲ့ စပါး ကလည်း နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တာကြောင့် အာဆင်နယ်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စပါးကို ၂ မှတ်၊ ယူနိုက်တက် ကိုတော့ ၆ မှတ်အထိ ဖြတ်လိုက်နိုင်တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်တွေ တဖန် ပြန်လည် ရှင်သန်ခဲ့ပြီလည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ်၊ အာဆင်နယ် တို့နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ရတဲ့ ယူနိုက်တက် ကတော့ အဆင့် ၆ နေရာကို ပြန်ဆင်းခဲ့ရပြီး ဒီပုံ အတိုင်း ဆိုရင် ယူရိုပါလိဂ် ဝင်ခွင့် အတွက်ပါ စိုးရိမ်စရာ ရှိနေခဲ့ပြီလို့ ပြောလို့ ရပါတယ်။

လာမယ့်ပွဲစဉ်များလစ်ဗာပူးလ်တို့ လာမယ့် ဧပြီ ၂၄ ရက်နေ့မှာ အဲဗာတန်နဲ့ ကစားရဖို့ ရှိပြီး ယူနိုက်တက် ကတော့ ဥရောပဝင်ခွင့် တစ်နေရာ အတွက် အရေးပါတဲ့ ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်