နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်သလောက် ရှိသွားတဲ့ ခီယေဇာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ဂျူဗင်တပ်စ် တောင်ပံကစားသမား ဖက်ဒရစ်ကို ခီယေဇာ ကတော့ အခုနွေရာသီ အပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ဖို့ မဖြစ်နိုင်သလောက် ရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒီကစားသမား ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့က စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

အသက် ၂၆ နှစ် အရွယ် အီတလီ လက်ရွေးစင် ကစားသမား ခီယေဇာဟာ တူရင် ကလပ်နဲ့ စာချုပ်သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေသူ ဖြစ်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ်က ဒီကစားသမားနဲ့ လမ်းခွဲဖို့ ဆန္ဒ ရှိနေခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ် သီယာဂို မော့တာ ကိုယ်တိုင် ကလည်း သူ့အနေနဲ့ ရာသီသစ်မှာ ခီယေဇာကို သူ့ရဲ့ လူစာရင်းထဲမှာ အသုံးပြုဖို့ အစီအစဉ် မရှိကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံထားခဲ့တာပါ။

 
နောက်ပိုင်းနှစ်တွေမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိတော့တဲ့ ခီယေဇာ

ဥရောပ ထိပ်တန်း ကလပ် အများအပြား ကတော့ ခီယေဇာကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက ခီယေဇာကို ရာဟင်းမ် စတာလင်နဲ့ အလဲအလှယ်လုပ် ခေါ်ယူဖို့ ကမ်းလှမ်းထားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဂျူဗင်တပ်စ် ဘက်ကတော့ ရာဟင်းမ် စတာလင်နဲ့ လဲလှယ်ချင်တဲ့ ချဲလ်ဆီးရဲ့ ကမ်းလှမ်းချက်ကို သဘောတွေ့ခြင်း မရှိပဲ ခီယေဇာ ကိုပဲ ရောင်းထုတ်လိုနေတာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဝုလ်ဗာဟမ်တန်ဝမ်းဒါးရားစ် အသင်း ကနေ ပက်ဒရို နီတိုကို ခေါ်ယူထားခဲ့ပြီး အခုနောက်ဆုံး အနေနဲ့ အက်တလက်တီကိုမက်ဒရစ်က ယာအို ဖီးလစ်ကို ထပ်မံ ခေါ်ယူလိုက်တာကြောင့် ခီယေဇာကို ခေါ်ယူဖို့ အတွက် လက်လျှော့သွားဖွယ်တော့ ရှိနေပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ ချဲလ်ဆီးက တိုက်စစ် နေရာစုံ ကစားနိုင်တဲ့ ကစားသမားထက် ကွင်းလယ် ကစားသမား တစ်ဦးကို ထပ်မံ ခေါ်ယူ အားဖြည့်ဖို့ အာရုံစိုက်နေတယ်လို့လည်း သိရပါတယ်။ ခီယေဇာဟာ ကွင်းလယ်နဲ့ တောင်ပံ နေရာစုံမှာ ကစားနိုင်သလို အထောင်တိုက်စစ် မှာလည်း အံဝင်အောင် ကစားနိုင်ပေမယ့် ချဲလ်ဆီးက ကွင်းလယ်လူ တစ်ဦး ကိုသာ ထပ်မံ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

လက်ရှိ အချိန်ထိတော့ ဂျူဗင်တပ်စ်က စတာလင်ရဲ့ အေးဂျင့်နဲ့ တိုက်ရိုက် အဆက်အသွယ် ပြုလုပ်ထားခြင်း မရှိသေးပေမယ့် လာမယ့် ရက်ပိုင်း အတွင်း အပြောင်းအလဲ ဖြစ်လာဖွယ်တော့ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီး ကလည်း ခီယေဇာနဲ့ ချိတ်ဆက် ပြောဆိုထားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

တစ်ဖက် မှာတော့ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က ဂျေဒန် ဆန်ချို သို့မဟုတ် အန်တိုနီကို ရောင်းချနိုင်ခဲ့ရင် နေရာစုံမှာ ကစားနိုင်တဲ့ ကစားသမားသစ် တစ်ဦး ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ဒီကစားသမား နှစ်ဦး ရောင်းချရမှု ကနေ ရရှိတဲ့ ငွေကြေးကို ပီအက်စ်ဂျီ ကွင်းလယ်လူ မန်ဝဲလ် အူဂါတီကို ခေါ်ယူဖို့ အတွက် ဦးစားပေး ကြိုးပမ်းမှာ ဖြစ်ပြီး ခီယေဇာ ကိုတော့ Plan B အနေနဲ့ စဉ်းစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိမှာ ခီယေဇာကို နယူးကာဆယ် ကလည်း စိတ်ဝင်စားလာပြီး‌တော့ စီးရီးအေ ပြိုင်ဘက် အေစီမီလန်နဲ့ အင်တာမီလန် ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်