နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် – မနက်ခင်း သတင်းများ (၂၈/၉/၂၀၂၂)

စက်တင်ဘာ ၂၈ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီးထက် အာဆင်နယ်ကို ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဒေါက်ကလပ်စ် လူးဝစ်ဇ်

နာမည်ကျော် ဂျာနယ်လစ် ဆိုင်မွန် ဖီးလစ် ကတော့ အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ပရီးမီးယားလိဂ် ကလပ် အက်စတွန်ဗီလာ ကွင်းလယ်လူ ဒေါက်ကလပ်စ် လူးဝစ်ဇ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပြု သုံးသပ်သွားခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ အာဆင်နယ် တို့က အပြိုင် စိတ်ဝင်စားနေတဲ့ ဘရာဇီးလ် ကွင်းလယ်လူ အနေနဲ့ အန်းမရိတ်စ်ကို သေချာပေါက် ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒေါက်ကလပ်စ်စ် လူးဝစ်ဇ်ဟာ လာမယ့် နွေရာသီမှာ ဗီလာကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မှာလည်း ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဘရာဇီးလ် လက်ရွေးစင်ကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံး ရက်က (၃) ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် အငြင်းခံထားခဲ့ရတာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပထမအကြိမ် ပေါင်သန်း ၂၀၊ ဒုတိယအကြိမ်မှာ ပေါင် ၂၃သန်း၊ တတိယ အကြိမ်မှာ ပေါင် ၂၅ သန်း တို့နဲ့ အဆင့်ဆင့် ကမ်းလှမ်းခဲ့ပေမယ့် ဗီလာ ဘက်က ကမ်းလှမ်းမှုတိုင်းကို ငြင်းဆန် ပယ်ချခဲ့တာ ဖြစ်ပါတယ်။ ဆိုင်မွန် ဖီးလစ်ရဲ့ အဆိုအရ ဆိုရင် လူးဝစ်ဇ်ဟာ ချဲလ်ဆီးထက် စာရင် အာဆင်နယ်ကို ပြောင်းရွှေ့ဖို့သာ များတယ်လို့လည်း ပြောကြားထားခဲ့ပါတယ်။


အရမ်းအမောင်းနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေကို တုန့်ပြန်ခဲ့တဲ့ မာတီနက်ဇ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က သူ့အပေါ် အရပ်အမောင်းနှင့် ပတ်သက်ပြီး ဝေဖန်နေကြမှုတွေကို ပြန်လည် တုံ့ပြန် ပြောကြားလာခဲ့ပါတယ်။
အရပ်အမောင်း နိမ့်လို့ ဝေဖန်ခံခဲ့ရတဲ့ မာတီနက်ဇ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က သူ့အပေါ် အရပ်အမောင်းနှင့် ပတ်သက်ပြီး ဝေဖန်နေကြမှုတွေကို ပြန်လည် တုံ့ပြန် ပြောကြားလာခဲ့ပါတယ်။ မာတီနက်ဇ်က သူ့ရဲ့ အရပ်အမောင်းဟာ ပြဿနာ တစ်ရပ် မဟုတ်ကြောင်း အရပ်နိမ့်နေခြင်းကို ကြိုးစား အားထုတ်မှုနဲ့ မိမိကိုယ်ကိုယ် ယုံကြည်မှုများက ပြန်လည် ဖာထေးနိုင်ကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မာတီနက်ဇ်က “ဝေဖန်မှုတွေကို ကျနော် ဂရုမစိုက်ပါဘူး။ ကျနော်ရဲ့ စွမ်းရည်နဲ့ ကိုယ့်ရဲ့ အရည်အသွေးကို ယုံကြည်ပါတယ်။ ကျနော် အမြဲတမ်း ကြိုးစားပါတယ်။ ဒါက ကျနော့် အတွက် အမြဲတမ်း ကောင်းတဲ့ ရလဒ် တစ်ခုကို ရစေပါတယ်။ ရိုးရိုးသားသား ပြောရရင် ဒီကို ပြောင်းလာတာက ကျနော့်ရဲ့ အိပ်မက် တစ်ခု အကောင်အထည် ပေါ်လာတာပါပဲ။ ပရီးမီးယားလိဂ် ဆိုတာက ကမ္ဘာ့ အကောင်းဆုံးလိဂ် တစ်ခု ဖြစ်ပါတယ်။ ကျွန်တော် ယူနိုက်တက် မှာ လာကစားရတာ အရမ်းပျော်ပါတယ်” လို့ မာတီနက်ဇ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ဟာ အသင်းရဲ့ နောက်တန်း အားနည်းချက်တွေကို ပြင်ဆင်ဖို့ အတွက် မာတီနက်ဇ်ကို အေဂျက်စ် ကနေ ပေါင် ၅၅ သန်း ပေးပြီး ခေါ်ယူခဲ့ပေမယ့် ကစားသမားဟာ အရပ် ၅ ပေ ၉ လက်မသာ ရှိလို့ ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ်၊ အာဆင်နယ် စတဲ့ အသင်းတွေနဲ့ အရေးကြီး ပွဲစဉ်တွေ အပါအဝင် ပွဲတော်တော်များများမှာ အကောင်းဆုံး ခြေစွမ်းကို ပြသနိုင်ခဲ့လို့ ပရိသတ်တွေရဲ့ ယုံကြည်မှု အပြည့်အဝ ပြန်လည် ရရှိထားတဲ့ ကစားသမား ဖြစ်ပါတယ်။


ဘောလုံး အင်ပါယာကို ထပ်ချဲ့ဖို့ ကြိုးပမ်းနေတဲ့ CFG

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်း ပိုင်ရှင်တွေဟာ ကတော့ ကမ္ဘာတစ်လွှားမှာ ဘောလုံး ကလပ် အများအပြား ပိုင်ဆိုင်ထားပြီး အားမရသေးလို့ လောလောဆယ် မှာလည်း ဘရာဇီးလ် ကလပ် တစ်ခုကို ထပ်မံ ဝယ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မန်စီးတီး အသင်း ပိုင်ရှင် တို့ရဲ့ စီးတီး ဘောလုံးအုပ်စုဟာ ဘရာဇီးလ် ထိပ်တန်း ကလပ် ဖြစ်တဲ့ ဘာဟီရာကို ပေါင် ၁၇၄.၉ သန်းနဲ့ ဝယ်ယူဖို့ စတင် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒီကမ်းလှမ်းမှုဟာ ဘာဟီရာရဲ့ အစုရှယ်ယာ ၉၀% ကို ဝယ်ယူဖို့ အားထုတ်မှုရဲ့ အစိတ်အပိုင်း ဖြစ်ကြောင်း စီးတီး ဘောလုံးအုပ်စု (CFG)က ကြေညာခဲ့ပါတယ်။

ဘဟီးရာတို့က ဘရာဇီးလ် စီးရီးအေ ချန်ပီယံဆု ၂ ကြိမ်ရ ကလပ် ဖြစ်ပြီး ဒီကမ်းလှမ်းမှုသာ အောင်မြင်ခဲ့ရင် CFG ဘောလုံး အင်ပါယာရဲ့ ၁၃ ခု မြောက် ကလပ်လည်း ဖြစ်လာဖို့ ရှိနေပါတယ်။ CFG ၂၀၀၈ ခုနှစ်မှာ မန်စီးတီးကို ဝယ်ယူခဲ့ပြီး နယူးယော့ခ်စီးတီး၊ မဲလ်ဘုန်းစီးတီး၊ မွန်တီဗီဒီယို စီတီး တော့ခ်၊ ဂျီရိုနာ၊ ဆီချွမ် ကျုံနျူ၊ မွမ်ဘိုင်းစီးတီး၊ လွန်းမယ် အက်စ်ကေ၊ ထရိုရက်စ်၊ ယိုကိုဟားမား အက်ဖ် မားရီးနော့စ်၊ ကလပ် ဘိုလစ်ဗာ တို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်